HomeSportလက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား (၁၀) ယောက်။

လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား (၁၀) ယောက်။

- Advertisement -

၁၀။ ရောဘတ်ဆန် (လီဗာပူး)

ပြီးခဲ့သည့် ဘောလုံးရာသီမှစတင်ကာ အသင်းရဲ့ဦးစားပေးဘယ်နောက်ခံလူအဖြစ် သတ်မှတ်ခြင်းခံလာရသည့်  ရောဘတ်ဆန်သည်အသင်းရဲ့ ဘယ်ခြမ်းတစ်လျှောက် ခံစစ်နဲ့တိုက်စစ်ကို အကောင်းဆုံး ဟန်ချက်ညီအောင် ထိန်းကျောင်းပေးထားနိုင်သည့် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ လီဗာပူးနည်းပြဖြစ်သူ ယာဂင်ကလော့ပ်ကလည်း ရောဘတ်ဆန်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်၍ ယုံကြည်မှုအပြည့်ရှိနေပြီး “အခု ရောဘတ်ဆန်တစ်ယောက် အကောင်းဆုံး ပုံစံပြသနေတယ်ဆိုတာက သူတကယ်လုပ်ပြနိုင်တာရဲ့ (၇၅) ရာခိုင်နှုန်းလောက်ပဲရှိပါသေးတယ်။ အဲ့ဒီထက်တောင် နည်းချင်နည်းပါဦးမယ်။” ဟု ယခုနှစ် ဘောလုံးရာသီ အစောပိုင်းက ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

 

၉။ လာပေါ့တ် (မန်စီးတီး)

- Advertisement -

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့၌ မန်စီးတီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာသည့် အသက် (၂၄) နှစ်အရွယ် ပြင်သစ်ဗဟိုနောက်ခံလူ လာပေါ့တ်သည် နည်းပြဂွါဒီယိုလာ အားထားရသည့် အဓိကဗဟိုနောက်ခံလူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူပီပီ အကောင်းဆုံး ဖျက်ထုတ်မှုများ  ပြုလုပ်နိုင်သလို သွေးအေးအေးနဲ့ ဘောလုံးကိုင်ပြီး တိုက်စစ်လမ်းကြောင်းများကို အစပြုနိုင်သည့် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

 

- Advertisement -

၈။ ဟာရီိကိန်း (စပါး)

ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်နေရသည့်တိုင်အောင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားများထဲက တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး လက်ရှိဘောလုံးရာသီ၌ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (1209၁၇) ဂိုးသွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၇။ ဆာလာ (လီဗာပူး)

ပြီးခဲ့သည့် ဘောလုံးရာသီက ပြသခဲ့သည့် ခြေစွမ်းကို မမှီသည့်တိုင်အောင် ဆာလာတစ်ယောက် လက်ရှိဘောလုံးရာသီ၌ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေဆဲဖြစ်ပြီး လိဂ်သွင်းဂိုး (1209၁၉) ဂိုးသွင်းယူကာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂွေရိုနဲ့ အပြိုင် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားလျက်ရှိပါတယ်။

 

၆။ အဂွေရို (မန်စီးတီး)

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူး အလန်ရှီးယားထက် တစ်ပွဲပျမ်းမျှ ဂိုးသွင်းနှုန်းသာလွန်နေသည့် အဂွေရိုသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံရဖွယ်လည်း ရှိနေပါတယ်။ လက်ရှိဘောလုံးရာသီ၌လည်း မန်စီးတီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရန်အတွက် သူ့ရဲ့သွင်းဂိုးများနဲ့ အကောင်းဆုံး ကူညီပေးလျက်ရှိပါတယ်။

- Advertisement -

 

၅။ မာနေး (လီဗာပူး)

ဆာလာပြီးနောက် လီဗာပူးအသင်းရဲ့ အားအထားရဆုံး တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့သည့် အိမ်ကွင်းပွဲစဉ်၌လည်း အရေးပါသည့် ဦးဆောင်ဂိုးတစ်ဂိုးကို  ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် သွင်းဂိုး (၁၈) ဂိုးရရှိထားပြီး ဂိုးသွင်းဘုရင်ဆုအတွက် ဒုတိယနေရာမှ လိုက်လံဖိအားပေးလျက်ရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၎။ ဟာဇက် (ချဲလ်ဆီး)

နောက်ဆုံး (၅) နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ဟုပင် သတ်မှတ်၍ရပြီး  မော်ရင်ဟိုကိုင်တွယ်ခဲ့သည့် (၂၀၁၅-၁၆) ရာသီမှလွဲ၍ ကျန်ရာသီများ၌ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး (၁၆) ဂိုးရရှိထားပြီး ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်ပေးထားနိုင်သည့် ဟာဇက်တစ်ယောက် ရာသီကုန်ချိန်၌ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖွယ်ရှိနေပါတယ်။

 

၃။ စတာလင် (မန်စီးတီး)

ယခုထက် ပိုမိုသည့် ချီးကျူးဂုဏ်ပြုမှုများနဲ့ ထိုက်တန်သည့် ကစားသမားတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက်လည်း ရေပန်းစားလျက်ရှိပါတယ်။ (၁၇) ဂိုးသွင်းကာ (၉) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားသည့် စတာလင်အနေနဲ့ ပြီးခဲ့သည့် ရာသီက ရရှိခဲ့သည့် (၁၈) ဂိုးသွင်း (၁၁) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားသည့် မှတ်တမ်းတစ်ရပ်ကို လိုက်မှီရန် နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

 

၂။ ဘာနာဒိုဆေးလ်ဗား (မန်စီးတီး)

ဒီဘရိုင်း ဒဏ်ရာရရှိနေချိန်၌ အကောင်းဆုံး အစားထိုး ကစားပေးနိုင်ခဲ့သည့် ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ အကောင်းဆုံး ကစားသမားများထဲက တစ်ယောက်အဖြစ် သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။ တောင်ပံကစားသမားတစ်ဦးဖြစ်ပေမယ့် ကွင်းလယ်၌လည်း အကောင်းဆုံး ကစားနိုင်ပြီး လုပ်အားနှုန်း၊ ရွေ့လျားမှု နဲ့ ဘောလုံးဆွဲပြေးပုံတို့၌လည်း အပြစ်ပြောစရာမရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၁။ ဗန်ဒိုက်ခ်ျ (လီဗာပူး)

အသက် (၂၇) နှစ်အရွယ် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ခ်ျသည် ဒီရာသီ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ်ပင် သတ်မှတ်နိုင်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအိမ်မက်အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားလျက်ရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဗန်ုဒိုက်ခ်ျမရောက်ရှိခင်က လီဗာပူးအသင်းခံစစ်ရဲ့ ဂိုးပေးနှုန်းက တစ်ပွဲ (၁.၂) ဂိုးနှုန်းရှိခဲ့ပေမယ့် လက်ရှိဘောလုံးရာသီ၌မူ တစ်ပွဲပျမ်းမျှ (၀.၆) ဂိုးနှုန်းသာ ပေးထားရပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two − two =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...