HomeSportပရီးမီးယားလီးဂ်ရဲ့ အပြောင်းအရွှေ့သတင်း အစုံအလင်များ။

ပရီးမီးယားလီးဂ်ရဲ့ အပြောင်းအရွှေ့သတင်း အစုံအလင်များ။

- Advertisement -

၁။ ယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူဖြစ်သူ အန်တိုနီယိုဗလင်စီယာသည် အသင်းကို ကျေးဇူးတင်စကားဆိုထားသည့် Post တစ်ခုကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှတစ်ဆင့် တင်ခဲ့ကြောင်း သိရှိရပြီး ယခုနှစ် ဘောလုံးရာသီကုန်ဆုံးချိန်၌ ယူနိုက်တက်အသင်းမှ ထွက်ခွာတော့မည်ဖြစ်ပါတယ်။

 

၂။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် အာဆင်နယ်အသင်းက အလိုရှိနေသည့် တောင်ပံကစားသမား ဇာဟာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) သတ်မှတ်လိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါ တောင်ပံကစားသမားကို ခေါ်ယူရန်အတွက် အာဆင်နယ်အသင်းအပြင် လီဗာပူး၊ ချဲလ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

၃။ ယူနိုက်တက်အသင်းသည် တိုက်စစ်မှူး လူကာကူကို ရောင်းချရန်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိနေပါတယ်။

- Advertisement -

၎။ ဂျူဗင်တပ်စ်အသင်းသည် အသင်းရဲ့တိုက်စစ်မှူးဖြစ်သူ ဒီဘားလားနဲ့ အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီတို့နှစ်ဦးကို အလဲအထပ် ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

၅။ ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာတော့မည်ဟု ထွက်ပေါ်နေသော သတင်းများ နဲ့ ပတ်သက်၍ တိုက်စစ်မှူး ရော်နယ်ဒိုက ငြင်းဆန်ပြောကြားသွားပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမည့် (၂၀၂၀) ခုနှစ်ကုန်အထိ ဂျူဗင်တပ်စ်အသင်း၌ ဆက်လက်ကစားသွားဖွယ်ရှိနေပါတယ်။

- Advertisement -

၆။ ယူနိုက်တက်အသင်းသည် စပါးအသင်းရဲ့ ညာနောက်ခံလူဖြစ်သူ ထရစ်ပီယာကို အီတလီစီးရီးအေကလပ် နာပိုလီအသင်းနဲ့ အပြိုင် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

၇။ ဒါ့အပြင် ယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်းတို့သည် ဖီနာဘာချီအသင်းရဲ့ လူငယ်ဂိုးသမားဖြစ်သူ ဘာကီအိုဇာကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။

၈။ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတို့ရဲ့ ပစ်မှတ်ကစားသမားဖြစ်သူ လိုင်လီတောင်ပံကစားသမား နီကိုးလပ်စ်ပီပီက သူ့အနေနဲ့ အသင်းပြောင်းရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဝန်ခံပြောကြားသွားပါတယ်။

၉။ မန်စီးတီးအသင်းသည် ဘင်ဖီကာအသင်းရဲ့ အသက် (၁၉) နှစ်အရွယ် လူငယ်ကြယ်ပွင့် ယာအိုဖီးလစ်ကို ခေါ်ယူရန်အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ မန်စီးတီးအသင်းရဲ့ အမှုဆောင်ချုပ် ဘီဂီရီစတိန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

၁၀။ ရီးရဲယ်မက်ဒရစ်အသင်းသည် ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဂျူလီယန်ဝိုင်ဂယ်လ်ကို ခေါ်ယူရန်အတွက် မန်စီးတီးအသင်းနဲ့ အပြိုင် စိတ်ဝင်စားလျက်ရှိနေပါတယ်။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen + 4 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...