HomeSportယူနိုက်တက်အသင်း၌ မပျော်မရွှင်ဖြစ်နေသည့် စပိန်ကစားသမားများ။

ယူနိုက်တက်အသင်း၌ မပျော်မရွှင်ဖြစ်နေသည့် စပိန်ကစားသမားများ။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ စပိန်ကစားသမားများဖြစ်ကြသည့် မာတာ၊ ဟာရဲရားတို့သည် လက်ရှိဘောလုံးရာသီအကုန်၌ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဂိုးသမားဖြစ်သူ ဒီဂီယာသည်လည်း ယူနိုက်တက်အသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေဆဲအနေအထားတစ်ရပ်၌ ရှိနေပါတယ်။ ယူနိုက်တက်အသင်းသည် လုခ်ရှော၊ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ အက်ရှ်လေယန်းတို့ကို စာချုပ်သက်တမ်းတိုးခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ အသင်းရဲ့ စပိန်ကစားသမား (၃) ယောက်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးတာလည်းဖြစ်ပါတယ်။

ဟာရဲရားနဲ့မာတာတို့သည် ရာသီကုန်၌ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် သေချာသလောက်ရှိနေပြီး ဂိုးသမားဖြစ်သူ ဒီဂီယာမှာမူ လက်ရှိအချိန်အထိ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးရသေးခြင်းလည်း ဖြစ်ပါတယ်။ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဆိုးလ်ရှားသည် အဝတ်လဲခန်းအတွင်း၌ စပိန်ကစားသမားများအနေနဲ့ အသင်း၌ ခွဲခြားဆက်ဆံခံနေရကြောင်း ယုံကြည်နေကြပြီး နည်းပြဆိုးလ်ရှားအနေနဲ့ စပိန်ကစားသမားများရဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ လစာအများဆုံး ကစားသမားဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်နဲ့ ကလပ်အသင်းကြား အဆင်မပြေမှုများ ကြီးထွားလာပြီး ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိကြုံတွေ့နေရသည့် အခြေအနေဆိုးများကို အမြန်ဆုံး ပြုပြင်ပြောင်းလဲနိုင်ရန် လိုအပ်နေပါတယ်။

 

- Advertisement -

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

17 − four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...