HomeSportဟာဇက်အတွက် ဈေးလျှော့ပေးရန် အစီအစဉ်မရှိသည့် ချဲလ်ဆီးအသင်း။

ဟာဇက်အတွက် ဈေးလျှော့ပေးရန် အစီအစဉ်မရှိသည့် ချဲလ်ဆီးအသင်း။

- Advertisement -

ချဲလ်ဆီးအသင်းသည် သူတို့ရဲ့ တောင်ပံကစားသမားဖြစ်သူ ဟာဇက်အတွက် သတ်မှတ်ထားသည့်  ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ကို လျှော့ပေးသွားရန် အစီအစဉ်မရှိကြောင်း သိရှိရပါတယ်။ စပိန်ထိပ်သီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းသည် ဟာဇက်ကို ခေါ်ယူရန်အတွက် အသည်းအသန် ကြိုးစားလျက်ရှိပြီး ကစားသမားကိုယ်တိုင်က ရီးရဲယ်မက်ဒရစ်သို့ လာရောက်ကစားလိုသည့် ဆန္ဒရှိနေပေမယ့် လက်ရှိအချိန်ထိ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး  ညှိနှိုင်းဆွေးနွေးမှုများ ကြန့်ကြာနေဆဲလည်း ဖြစ်ပါတယ်။

အသက် (၂၈) နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ဟာဇက်အတွက် ရီးရဲယ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် (၈၅) သန်းသာ ပေးချေလိုသည့် ဆန္ဒရှိနေပေမယ့် ချဲလ်ဆီးအသင်းကမူ သူတို့ရဲ့ အဓိက ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ရရှိမှသာ လက်လွှတ်ရန်စီစဉ်နေခြင်းလည်း ဖြစ်ပါတယ်။ ဟာဇက်သည် လာမည့် ဘောလုံးရာသီအကုန်၌ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကစားသမားဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

ဟာဇက်သည် လက်ရှိဘောလုံးရာသီ၌ ချဲလ်ဆီးအသင်းအတွက် (၁၉) ဂိုးသွင်းကာ အထူးခြေစွမ်းပြ ကစားထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်၍လည်း ချဲလ်ဆီးအသင်းရဲ့  တောင်ပံကစားသမားဟောင်းဖြစ်သူ ပတ်နီဗင်က “ဟာဇက်က ရီးရဲယ်မက်ဒရစ်အသင်းကို သေချာပေါက်  ပြောင်းရွှေ့ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မနေ့ညက ကျွန်တော် ချဲလ်ဆီးအသင်းရဲ့ ဟိုတယ်မှာနေထိုင်ခဲ့ပြီး မနက်ကျတော့ အသင်းက တာဝန်ရှိသူတချို့နဲ့ ကျွန်တော်တွေ့ပါတယ်။ နာမည်တော့ ကျွန်တော် မပြောပြတော့ပါဘူး။ ဟာဇက်အသင်းက ထွက်ပြီလားလို့ မေးလိုက်တော့ သူတို့က ကျွန်တော့်ကို ကြည့်ပြီး မင်းအဲ့ဒီလိုထင်လို့လားဆိုပြီး မေးပါတယ်။” ဟုလည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read