HomeEntertainment၂၄နာရီအတွင်း YouTube မှာ ကြည့်ရှုသူအများဆုံးစံချိန်ဝင်သွားတဲ့ BTS အဖွဲ့ရဲ့ သီချင်းအသစ်။

၂၄နာရီအတွင်း YouTube မှာ ကြည့်ရှုသူအများဆုံးစံချိန်ဝင်သွားတဲ့ BTS အဖွဲ့ရဲ့ သီချင်းအသစ်။

- Advertisement -

တောင်ကိုးရီးယား အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ BTS နဲ့ ဟောလီဝုဒ်က အဆိုတော်မလေး Halsey တို့ အတူတူသီဆိုထားတဲ့ သီချင်းအသစ်ဖြစ်တဲ့ “Boy With Luv” ဆိုတဲ့ သီချင်းဟာ၂၄နာရီအတွင်း ကြည့်ရှုသူ သန်း ၁၀၀ ကျော်ခဲ့တဲ့အတွက် ကြည့်ရှုသူအများဆုံး စံချိန်ကိုချိုးသွားတယ်လို့ YouTube က ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ယောက်က ဆိုခဲ့ပါတယ်။ ယခင်အပတ်တုန်းက တောင်ကိုးရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpink က “Kill This Love” ဆိုတဲ့ သီချင်းနဲ့ ၂၄နာရီအတွင်းကြည့်ရှုသူပေါင်း ၅၆.၇သန်းရှိခဲ့ပြီး Ariana Grande ကလည်း “Thank U, Next” ဆိုတဲ့ သီချင်းနဲ့ ကြည့်ရှုသူပေါင်း ၅၅.၄သန်းရှိခဲ့တာပဲဖြစ်ပါတယ်။

“Boy With Luv” ဆိုတဲ့ သီချင်းဟာ BTS အဖွဲ့ရဲ့ အသစ်စက်စက်သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ “Map of the Soul: Persona” ထဲက ပထမဦးဆုံးထွက်ရှိလာတဲ့ သီချင်းပဲဖြစ်ပါတယ်။ BTS ရဲ့ အမာခံပရိသတ်တွေက ဒီသီချင်းအယ်လ်ဘမ်ကို ကြိုတင်ပြီးဝယ်ယူကြတဲ့အတွက် အယ်လ်ဘမ်တစ်ခုလုံးမထွက်လာခင်ကတည်းက  အခွေပေါင်း ၃ သန်းလောက်  ရောင်းနေရပြီဖြစ်ကြောင်းကို Big Hit Entertainment က CNN သတင်းဌာနကို  ပြောပြခဲ့တာပဲဖြစ်ပါတယ်။

BTS အဖွဲ့ဟာ YouTube ရဲ့ သမိုင်းကျောင်းတစ်လျှောက် အဖွဲ့ဝင် ၇ ယောက်နဲ့ဖွဲ့စည်းထားပြီး ကြည့်ရှုသူအများဆုံး သီချင်းပိုင်ရှင်တွေအဖြစ် သတ်မှတ်ခံရတဲ့ အသက် ၂၀ ကျော် အဆိုတော်လေးတွေပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ကို ၂၀၁၃ ခုနှစ်က Big Hit Entertainment မှ စတင်ဖွဲ့စည်းပျိုးထောင်ခဲ့ပေးပြီး လွန်ခဲ့တဲ့သုံးနှစ်လောက်ကနေ စတင်ကာ တစ်စပြီးတစ်စ နာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေစပြီးတော့ စံချိန်တွေတစ်ခုပြီးတစ်ခု ချိုးလာကာ နိုင်ငံတကာက ပရိသတ်တွေ လက်ခံကြိုက်နှစ်သက်လာတဲ့အထိကို ကျော်ကြားလာပါတော့တယ်။ BTS အဖွဲ့ဟာ Grammy ဆုပေးပွဲတွေ၊ Billboard သီချင်းဆုပေးပွဲတွေကို တက်ရောက်ခွင့်ရတဲ့အပြင် United Nations မှာပါ စကားပြောဆိုခွင့်ရတဲ့ ပထမဦးဆုံးသော တောင်ကိုးရီးယား အမျိုးသား အဆိုတော်အဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး အနုပညာနာမည် RapMonster လို့ အမည်ရတဲ့ Kim Nam-Joon က အင်္ဂလိပ်စကားကို ကောင်းကောင်းပြောဆိုတတ်သူတစ်ယောက်ဖြစ်ပြီး သူတို့အဖွဲ့ဟာ သူတို့ရသင့်ရထိုက်တာထက် ပိုပြီးအောင်မြင်မှုရရှိလာတာဟာ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေရော၊ ပရိသတ်တွေကပါ လက်ခံအားပေးတဲ့အတွက် ဒီနေရာကိုရောက်ရှိလာခဲ့ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်။

 

- Advertisement -

#SY(Soshwe)

#SoshweCelebrity

- Advertisement -

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

15 − twelve =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...