ခုတလော ထွက်ပေါ်နေတဲ့ Justin Bieber နဲ့ Ariana Grande တို့နှစ်ယောက် ပူးပေါင်းပြီး သီးချင်းပြုလုပ်နေတယ်ဆိုတဲ့ ကောလဟာလဟာ သတင်းအမှန်ဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီထက်ပိုပြီး ထူးဆန်းတာကတော့ သူတို့နှစ်ဦးအပြင်အခြားသော နာမည်ကြီးအဆိုတော်တွေပါ ထိုသီချင်းထဲမှာ ပါဝင်သီဆိုထားတာကိုပါ တစ်ဆက်တည်းသိရှိလိုက်ရပါတယ်။ Justin က မကြာခင်ထွက်ရှိလာမယ့် သီချင်းအသစ်မှာ Ariana Grande ၊ Leonardo DiCaprio ၊ Miley Curys ၊ Wiz Khalifa ၊ Snoop Dogg ၊ Katy Perry ၊ John Legend ၊ Sia ၊ Adam Levine ၊ Charlie Puth နဲ့ အခြားသော ဒိတ်ဒိတ်ကျဲ အဆိုတော်တွေပါ ပါဝင်သီဆိုထားတာကို Justin က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဗီဒီယိုအတိုလေးတင်ခဲ့ပါတယ်။
https://www.instagram.com/p/BwXeKbwHjE2/?utm_source=ig_embed&utm_campaign=embed_locale_test
၂၀၁၉ Coachella ဂီတပွဲတော်မှာ Justin က သူ့ရဲ့ချစ်ဇနီးလေး Hailey နဲ့ အတူအင်တာဗျူးဖြေရင်း သူဟာ Ariana နဲ့ သီချင်း အသစ်ထုတ်ဖို့ရှိတယ်ဆိုတာကို တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ပြီး ပြောမိတာက ဒီကောလဟာလပေါ်ထွက်လာရတဲ့ အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒီအင်တာဗျူးကိုကြားလိုက်တဲ့ ပရိသတ်တစ်ယောက်က “ခင်ဗျားတို့ သီချင်းအတူတူဆိုဖို့ အစီအစဉ်ရှိတယ်ဆိုရင် ကျွန်မရဲ့ comment ကို Like ပေးခဲ့ပါ။” လို့ပြောထားတဲ့ Comment ကို Justin Bieber က တကယ်ပဲ Like ပေးခဲ့တာဖြစ်ပါတယ်။
https://www.instagram.com/p/BwNrfGODBBS/?utm_source=ig_embed&utm_campaign=embed_locale_test
တကယ်ကိုသေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင်လည်း Justin က နောက်ပြောင်ပြီး Like ပေးလိုက်တာ မဟုတ်တဲ့အပြင် သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာပါ ထိုသီချင်းမှာပါဝင်သီဆိုမယ့် အဆိုတော်တွေရဲ့နာမည်တွေကို ဖော်ပြကြေငြာလိုက်တာပဲဖြစ်ပါတယ်။
#SY(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share