HomeEntertainmentTime မဂ္ဂဇင်းမှ အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ်ဖော်ပြခံရတဲ့ အနုပညာရှင်များစာရင်းတွင် ပထမဦးဆုံး ပါဝင်လာတဲ့ အာရှမှအနုပညာရှင် ဘယ်သူဖြစ်မလဲ ? ? ?

Time မဂ္ဂဇင်းမှ အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ်ဖော်ပြခံရတဲ့ အနုပညာရှင်များစာရင်းတွင် ပထမဦးဆုံး ပါဝင်လာတဲ့ အာရှမှအနုပညာရှင် ဘယ်သူဖြစ်မလဲ ? ? ?

- Advertisement -

Lady Gaga ၊ Glenn Close ၊ Ariana Grande ၊ Dwayne Johnson ၊ Taylor Swift ၊ Sandra Oh နဲ့ အခြားသောအနုပညာရှင်ပေါင်းမြောက်များစွာဟာ လူတွေကိုအလွမ်းမိုးနိုင်ဆုံးသော ပုဂ္ဂိုလ်များအဖြစ် နှစ်စဉ်မဂ္ဂဇင်းမျက်နှာဖုံးမှာ  ဖော်ပြခံရတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

ဒီတစ်ခါ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေလိုက်တဲ့ မဂ္ဂဇင်းမှာဖော်ပြခံရတဲ့ နိုင်ငံရေး ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေမှာ  ကျော်ကြားလူသိများတဲ့ ပုဂ္ဂိုလ်တွေအနဲ့အတူ ဖော်ပြခံရတဲ့ ဟောလီးဝုဒ်အကျော်အမော်တွေထဲမှာ Celine Dion ၊ Viola Davis ၊ Tessa Thompson ၊ Robert Redford ၊ Julianne Moore နဲ့ Tarana Burke တို့လည်း ပါဝင်နေပေသည်။ ဟောလီးဝုဒ်မှ အနုပညာရှင်တွေသာမကပဲ နှုတ်ခမ်ူနီမလေးတွေရဲ့ အသည်းစွဲ အာရှမှ K Pop အမျိုးသားအဖွဲ့ဖြစ်တဲ့ BTS မှလည်း ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ပါတယ်။

- Advertisement -

တစ်ကမ္ဘာလုံးကိုစိုးမိုးခြယ်လှယ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူအဖြစ် သတ်မှတ်ခံရဖို့ရာ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေ၊ သူတစ်ပါးအပေါ်ကြင်နာတတ်ခြင်း ၊ ကိုယ်ကျိုးမငဲ့ခြင်းနဲ့ ကြိုးစားအားထုတ်မှုအပြည့်အဝထည့်ခြင်း စတဲ့ စွဲမက်စရာကောင်းတဲ့ အပြုအမူတွေကို ပိုင်ဆိုင်ထားမှပဲဖြစ်မှာပါ။ ကိုယ့်ရဲ့ကြိုးစားမှုတွေ အရာထင်ဖို့အတွက်၊ ကိုယ့်ရဲ့မတည်ငြိမ်မှုတွေကို တည်ငြိမ်စေဖို့အတွက်ရာ ကိုယ့်အပေါ်သစ္စာရှိပြီးယုံကြည်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အားပေးထောက်ခံမှုတွေ လိုနေပြန်ပါတယ်။ Roma ဒါရိုက်တာ Alfonso Cuaronက Aparicio က “သူမဟာ သူမ ယုံကြည်ရာကိုလုပ်ကိုင်ရင်း အမျိုးသမီးတစ်ဦးရဲ့လုပ်နိုင်စွမ်းကို တာဝန်ယူမှုအပြည့်နဲ့ သိက္ခာရှိရှိဖော်ပြလုပ်ကိုင်ရင်း ဟော်လီဝုဒ်ရဲ့စွဲမက်ဖွယ်တောက်ပမှုတွေကြားထဲမှာ မနစ်မြောသွားပဲ မှန်မှန်ကန်ကန်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

အော်စကာဆုရှင်တွေ ဆန်ကာတင်စာရင်းမှာပါတဲ့သူတွေဖြစ်တဲ့ Spike Lee ၊ Yalitza Aparicio ၊ Regina King နဲ့ Mahershala Ali စတဲ့ အနုပညာရှင်တွေဟာလည်း နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာတွေမှာ နာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ Donald Trump ၊ Alexandra Ocasio-Cortez နဲ့ အခြားသောခေါင်းဆောင်တွေနဲ့ ယှဉ်တွဲပြီး  ဖော်ပြခံရတာပဲဖြစ်ပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read