HomeOtherရေပြတ်လတ်ခြင်းကိုကြုံတွေ့ရနိုင်တဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံများ။

ရေပြတ်လတ်ခြင်းကိုကြုံတွေ့ရနိုင်တဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံများ။

- Advertisement -

ကမ္ဘာကြီးတစ်ခုလုံးကို ၇၀% သော ရေထုကြီးက လွမ်းခြုံထားသော်လည်း သောက်သုံးလို့ရတဲ့ ရေကြည်ရေသန့်က ၃% ပဲရှိတာဖြစ်ပါတယ်။ ရေချိုရေသန့် ၉၉% ကလည်း ရေခဲမြစ်တွေ ဆီးနှင်းပြင်တွေထဲမှာပဲ စီးဆင်းမှုမရှိဘဲ အေးခဲနေတာဖြစ်လို့ ကမ္ဘာတစ်ဝှမ်း ရေကြည်ရေသန့် ရှားပါးလာတာပဲ ဖြစ်ပါတယ်။

၁။ တောင်အာဖရိကနိုင်ငံက Cape မြို့တော် – ယခင်ကထက် လူဦးရေပိုများလာကာ မြစ်ထဲမှာလည်း ရေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် ရေကြည်ရေသန့် ပိုမိုရှားပါးလာခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

၂။ မက္ကဆီကိုနိုင်ငံ ၊ မက္ကဆီကိုမြို့ – မြို့တော်အတွင်း လူဦးရေအရရော ၊ ပထဝီဝင်အနေအထားအရပါ မြို့တော်ရဲ့အရွယ်အစား ကြီးမားကျယ်ပြန့်လာကာ သောက်သုံးရေရှားပါးမှုဒဏ်ကို လက်ရှိမှာ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

- Advertisement -

၃။ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာမြို့ – ရေမျက်နှာပြင်ရဲ့အောက်ဘက်မှာရှိနေတဲ့ ဂျာကာတာမြို့တော်ဟာဆိုရင် မြို့တော်ထဲကို ရေတွေမစီးဝင်လာဖို့ ကွန်ကရစ်တွေနဲ့ သေချာကာကွယ်ထားရတာပဲဖြစ်ပါတယ်။ ထို့ကြောင့်လည်း ဂျာကာတာမြို့တော်မှာ ရေကြည်ရေသန့်နည်းပါးလာတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံသမ္မတက ရေကြည်ရေသန့် ပြန်လည်ချက်လုပ်နိုင်မယ့် နည်းပညာတွေကို ရှာဖွေစမ်းသပ်နေရပါတယ်။

၄။ အီဂျစ်နိုင်ငံ ၊ ကိုင်ရိုမြို့ – ကိုင်ရိုမြို့အတွင်း အသုံးပြုနေတဲ့ရေပမာဏထဲက ၉၀% သောရေတွေကို နိုင်းမြစ်ထဲကနေ ရရှိတာပဲဖြစ်ပါတယ်။ အီသီယိုးပီးယားကလည်း နိုင်းမြစ်ကိုမှီခိုပြီးတော့ ဆည်တွေတည်ဆာက်လာတဲ့အချိန်မှာ ကိုင်ရိုမြို့အတွင်း ရေကြည်ရေသန့်တွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် ငွေကုန်ကြေးကျခံကာ တစ်နိုင်ငံလုံး ရေသန့်တွေ ရရှိနိုင်ဖို့အတွက် ပြန်လည်ပြုပြင်နေရတာပဲဖြစ်ပါတယ်။

၅။ ဘရာဇီးနိုင်ငံက São Paulo မြို့တော် – ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း São Paulo မြို့တော်ဟာ အန္တရာယ်ရှိတဲ့ ရေပြတ်လတ်ရှားပါးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။ နိုင်ငံမှာရှိတဲ့ ရေလှောင်ကန်တွေကလည်း မြို့တော်တစ်ခုလုံးကို ရေလုံလုံလောက်လောက် ဖြန့်ဝေပေးနေတာပဲဖြစ်ပါတယ်။

၆။ တရုတ်နိုင်ငံ ၊ ဘေဂျင်းမြို့တော် – လူဦးရေထူထပ်တဲ့ ဘေဂျင်းမြို့တော်မှာ ရေပြတ်လတ်တဲ့ပြဿနာ ကြုံတွေ့လာရတဲ့အတွက် ၂၀၁၄ ခုနှစ်ကတည်းက ဒေါ်လာ ၇၆ သန်း အကုန်အကျခံပြီး ရေသန့်ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။

၇။ အိန္ဒိယနိုင်ငံ ၊ Chennai မြို့တော် – ၂၀၁၄ ခုနှစ်တုန်းက ချန်နိုင်မြို့တော်အနီးတစ်ဝိုက်မှာရှိတဲ့ ရေကန်အများစုဟာ ခန်းခြောက်သွားပြီး လူဦးရေခြောက်သန်းလောက်ရှိတဲ့ အဆိုပါမြို့တော်လေးဟာ ယခင်အသုံးပြုနေတဲ့ ရေပမာဏထက် ထက်ဝက်လောက်လျှော့ချကာ အသုံးပြုလာရပါတယ်။

၈။ အမေရိကန်ပြည်ထောင်စုက လော့စ်အိန်ဂျလိစ်မြို့ – အဆိုပါမြို့တော်ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ တခြားသောမြို့တွေထက် ရေကြည်ရေသန့် ပြတ်လတ်တဲ့ ပြဿနာကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ အသုံးပြုတဲ့ သောက်သုံးရေနဲ့ ရေသန့်ပမာဏ ပိုမိုလျော့ကျလာရခြင်းဟာလည်း မိုးရေတွေဟာ ပိုက်တွေထဲ စီးဝင်သွားရမယ့်အစား သမုဒ္ဒရာထဲသို့ စီးဝင်သွားလို့ပဲဖြစ်ပါတယ်။

၉။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့တော် – ၂၀၁၆ ခုနှစ်မှာတော့ မြို့တော်ရဲ့ မြေအောက်ရေတွေဟာ နှစ် ၅၀ ကျော်နောက်ပိုင်းမှ ပေ ၂၀၀ လောက်ထိ လျော့ကျသွားပြီး နှစ်စဉ်နှစ်တိုင်း ၉ ပေ လောက် လျော့ကျသွားတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြို့တော်အပြင်ဘက်မှာရှိတဲ့ ဒေသခံတွေကပါ ရေသန့်ပြတ်လတ်တဲ့ဒဏ်ကို ခံစားလာရတာပဲဖြစ်ပါတယ်။

၁၀။ အိန္ဒိယနိုင်ငံ Bangladore မြို့တော် – လူဦးရေတိုးပွားလာတဲ့ အဆိုပါမြို့တော်မှာ မကြာခဏမိုးခေါင်ခြင်း ဖြစ်ပေါ်တဲ့အတွက်ကြောင့် ရေရှားပါးတဲ့ဒဏ်ကို ကြုံတွေ့လာရတာပဲဖြစ်ပါတယ်။

၁၁။ သြစတေးလျနိုင်ငံ Melbourne မြို့တော် – လူဦးရေတိုးပွားလာမှုနဲ့ ရာသီဥတုအပြောင်းအလဲတွေကြောင့် မြို့တော်က ရေပြတ်လတ်ရှားပါးခြင်းကို ကာကွယ်နိုင်ဖို့ ရေသုံးစွဲတာကို လျှော့ချလိုက်ပြီး ရေလှောင်ကန်အများအပြား တည်ဆောက်ခဲ့ကြပါတယ်။

<Unicode Version>

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read