HomeHealth & Beautyလူတွေရဲ့ ချစ်တင်းနှောလိုစိတ် လျော့ကျလာရခြင်းအကြောင်းအရင်း။

လူတွေရဲ့ ချစ်တင်းနှောလိုစိတ် လျော့ကျလာရခြင်းအကြောင်းအရင်း။

- Advertisement -

လူအများစုအနေနဲ့ ၄င်းတို့ရဲ့အိမ်ထောင်ဖက်တွေ၊ ချစ်သူတွေနဲ့ ချစ်တင်းနှောလိုစိတ် လျော့ကျလာရတဲ့ အကြောင်းအရင်းကို လေ့လာကြည့်ရာမှာတော့ လူအများရဲ့ ထင်မြင်ချက်နဲ့လွဲပြီး တစ်မူထူးခြားနေတဲ့ အကြောင်းအရင်းတစ်ခုကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လူတိုင်းဟာ လိင်ဆက်ဆံလိုစိတ် ပြင်းပြနေရင်းကနေ တစ်ချိန်ထဲမှာပဲ လိင်ဆက်ဆံလိုစိတ် လျော့နည်းသွားတာကို မကြာခဏ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးစိတ်လျော့ကျသွားခြင်းကို ဖြစ်စေရတဲ့ အကြောင်းအရင်းမျိုးစုံရှိပေမယ့်လည်း အချက်အလက်ကျကျ ရှင်းပြရမယ်ဆိုရင်တော့ ထင်သလောက် နားလည်ရ မလွယ်ကူပါဘူး။

သုတေသနပညာရှင်တွေအနေနဲ့ လူတွေရဲ့ လိင်ခံစားချက်နဲ့ပတ်သက်ပြီး လေ့လာချက်ပြုလုပ်တဲ့အခါမှာ မှန်ကန်တဲ့အချက်အလက်တွေ ရရှိဖို့အတွက် အသက် ၁၆ နှစ်မှ ၇၄ နှစ်ကြားမှာရှိတဲ့ အမျိုးသား ၄၈၃၉ ဦးနဲ့ အမျိုးသမီး ၆၆၆၉ ဦးတို့ကို ၄င်းတို့ရဲ့ လိင်စိတ်ခံစားချက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးခွန်းတချို့ကို မေးမြန်းပြီး စစ်တမ်းကောက်ယူပြီးနောက်မှာတော့ သုတေသနပညာရှင်တွေက အမျိုးသား ၁၅% နဲ့ အမျိုးသမီး ၃၄% တို့မှာ လိင်စိတ်ဝင်စားမှု လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ အသက်အရွယ်အပိုင်းအခြားတွေ၊ ကိုယ့်မှာရှိခဲ့ဖူးတဲ့ ချစ်တင်းနှောခြင်းအတွေ့အကြုံတွေ၊ လက်ရှိခံစားကြုံတွေ့နေရတဲ့ ရောဂါဝေဒနာတွေကြောင့်လည်း လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုနည်းလာခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။ သို့သော်လည်း ချစ်သူနဲ့ လက်တွဲလာတာကြာပြီဖြစ်တဲ့ အမျိုးသမီးတွေမှာ ချစ်တင်းနှောလိုစိတ်က လျော့နည်းနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ချစ်သူတစ်ဦးနဲ့တစ်ဦး ကြာရှည်စွာလက်တွဲခြင်းမှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်စိတ်ချပြီး နားလည်ပေးတတ်တဲ့ ကောင်းကျိုးမျိုးလည်း ခံစားရနိုင်ပြီး လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုလျော့နည်းခြင်း စတဲ့ဆိုးကျိုးတွေကိုလည်း ကြုံတွေ့ခံစားရတတ်ပါတယ်။

- Advertisement -

ကံကောင်းစွာပဲ ကိုယ့်ရဲ့အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူနဲ့ စချစ်တုန်းကလိုမျိုး ချစ်ကြည်နူးလိုစိတ်တွေ ပြန်လည်နိုးထလာစေဖို့ အထောက်အကူပြုနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ ကိုယ်တစ်ခါမှ မလုပ်ကြည့်ဖူးတဲ့ လိင်ဆက်ဆံတဲ့ပုံစံအသစ်တစ်ခုကို စမ်းသပ်ကြည့်တာမျိုး ၊ အိပ်ခန်းထဲမှာမဟုတ်ဘဲ အိမ်ထဲမှာရှိတဲ့ တခြားသောနေရာတွေမှာ လိင်ဆက်ဆံကြည့်တာမျိုးတွေပေါ့။ ဒါတွေကလည်း ကိုယ့်ရဲ့အိမ်ထောင်ဖက် (သို့) ချစ်သူ သဘောကျမှု ရှိမရှိကိုလည်း သတိထားရဦးမှာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ်မှုရရှိဖို့နဲ့ ချစ်တင်းနှောရာမှာ ပျော်ရွှင်ကြည်နူးမှု ရရှိဖို့အတွက်ဟာလည်း နှစ်ဦးစလုံးရဲ့ စိတ်ခံစားချက်နဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်နေပြန်တာကို သုတေသနပညာရှင်တွေက ထောက်ပြသုံးသပ်ထားပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

#soshwe

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read