Ronaldo မရှိတော့တဲ့နောက်ပိုင်း ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့ Real Madrid အသင်းအဖို့ Ronaldo နေရာမှာ အစားထိုးခေါ်ယူဖို့ လိုအပ်နေပါပြီ။
ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း နည်းပြဖြစ်သူ ဇီဒန်းမှ Ronaldo နေရာကို အစားထိုးခေါ်ယူဖို့အတွက် ကစားသမားကောင်းမရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။ “ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ပြသာနာကတော့ Ronaldo နေရာမှာ အစားထိုးဖို့ လူမရှိတာပဲ . . .” ဆိုပြီး ဇီဒန်းမှ ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာတော့ ဇီဒန်းအနေနဲ့ Ronaldo နေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက် ရှာဖွေနိုင်ဖို့ ကျိန်းသေလိုအပ်နေပြီဖြစ်တယ်ဆိုပြီး Los Blancos မန်နေဂျာမှ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့လည်း နည်းပြဇီဒန်းအနေနဲ့ နွေရာသီအပြောင်းအရွေ့မှာ ဘယ်လိုအပြောင်းအလဲတွေပြုလုပ်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။ Real Madrid ဆိုတဲ့ အသင်းကြီးဖြစ်တဲ့အလျောက် ကစားသမားအများစုရဲ့ စိတ်ဝင်စားမှုကိုရရှိနေပေမယ့်လည်း Mohamed Saleh ၊ Kylian Mbappe နဲ့ Harry Kane တို့ကို ခေါ်ယူဖို့အတွက်ကတော့ ဖြစ်နိုင်ချေ မရှိပါဘူး။
Four Four Two Magazine ရဲ့ ဖော်ပြချက်အရ Real Madrid အနေနဲ့ Ronaldo နေရာမှာ အကောင်းဆုံး ကစားနိုင်မယ့် ကစားသမား ၅ ယောက်စာရင်းကို ဖော်ပြခဲ့ပါတယ်။
၁။ Mauro Icardi (Inter Milan, est. £52 million)
၂။ Eden Hazard (Chelsea, est. £80 million)
၃။ Luka Jovic (Eintracht Frankfurt, est. £50 million)
၎။ Timo Werner (RB Leipzig, est. £35 million)
၅။ Neymar (PSG, est. cost: £300 million)
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share