HomeEntertainmentTaylor Swift နဲ့ Kim Kardashian West တို့အကြား ရန်ငြိုးရန်စတွေ မပြီးဆုံးကြသေးဘူးလား ? ? ?

Taylor Swift နဲ့ Kim Kardashian West တို့အကြား ရန်ငြိုးရန်စတွေ မပြီးဆုံးကြသေးဘူးလား ? ? ?

- Advertisement -

Kim Kardashian West က သူမရဲ့ ညီမဖြစ်သူ Kylie နဲ့အတူတူ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ရေမွေးအသစ်ကို Taylor Swift သီချင်းအသစ်ထွက်မယ့်နေ့ဖြစ်တဲ့ ဧပြီလ၂၆ရက်နေ့တွင် ဈေးကွက်ထဲမှာ စတင်ရောင်းချမယ်လို့ ကြေငြာလိုက်ပါတယ်။ ဒီကြေငြာချက်ကို ကြားရချိန်မှာတော့ ပရိသတ်တွေနဲ့ သတင်းထောက်တွေရဲ့ ပါးစပ်ဖျားမှာ Kim Kardashian West အပေါ် သံသယစကားတစ်ခု ဆိုလာကြပါတယ်။ ဒီသံသယစကားဆိုတာကလည်း လွန်ခဲ့တဲ့ 2016 ခုနှစ်က ဖြစ်ခဲ့တဲ့ West လင်မယားနဲ့ Taylor ကြားထဲက ပြဿနာတစ်ခုအပေါ်မှာ မူတည်နေပါတယ်။ ပြဿနာက Kim ရဲ့ အမျိုးသားဖြစ်သူ Kanye West က သူ့ရဲ့ သီချင်းထဲမှာ Taylor ကို “That Bitch” လို့ နာမ်စားသုံးပြီး ခေါ်ဆိုသုံးနှုန်းထားတာပဲဖြစ်ပါတယ်။ Taylor နဲ့ Kanye တို့က ဒီပြဿနာမဖြစ်ခင်မှာတော့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သော်လည်း ဘယ်လောက်ခင်မင်ရင်းနှီးနေပါစေ တစ်ကမ္ဘာလုံးနားထောင်တဲ့ သီချင်းစာသားထဲမှာတော့ သူမရဲ့နာမ်စားကို “bitch” ဆိုပြီး မသုံးခဲ့သင့်ဘူးလို့လည်း Taylor က ဆိုခဲ့ပါတယ်။

Taylor က သူမရဲ့ သီချင်းအသစ်ကို ဧပြီလ၂၆ ရက်နေ့မှာ  ထွက်မယ်ဆိုပြီး အရိပ်အမြွက်ပေးလိုက်ကတည်းက သူမရဲ့အမာခံပရိသတ်တွေဟာ ဧပြီလ ၂၆ ရက်နေ့ဟာ  Taylor’s Day ပဲဖြစ်တယ်လို့ အားပေးပြောဆိုထားကြပါတယ်။ ပရိသတ်တော်တော်များများက Kim ဟာ Taylor အပေါ်အခုအချိန်ထိ စိတ်ဆိုးမပြေသေးတဲ့အတွက် သူမရဲ့ရေမွေးကို အခုလို ပြိုင်ဆိုင်ပြီးထုတ်ရတာလား? ဆိုတဲ့ မေးခွန်းတွေ မေးလာကြပါတယ်။  လွန်ခဲ့တဲ့နှစ် ချစ်သူများနေ့မှာလည်း Kim က သူမချစ်ရတဲ့သူတွေကိုသာမက သူမကိုမုန်းတဲ့သူတွေကိုပါ သူမရဲ့ချစ်ခြင်းမေတ္တာတွေပါတဲ့ ရေမွေးတွေကို လက်ဆောင်ပါးလိုက်တယ်လို့ ရေးကာ ဘယ်သူကဘယ်ရေမွေးရတယ်ဆိုတဲ့ စာတိုလေးကိုပါရိုက်ပြီး သူမရဲ့ အင်စတာဂရမ်အကောင့်မှာတင်ထားတာပဲဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ “Kim… မင်းနဲ့ Taylor ကြားမှာ ရန်ငြိုးရန်စတွေ ရှိနေတုန်းပဲလား?” လို့မေးလိုက်တဲ့ Andy Cohen ရဲ့ မေးခွန်းကို Kim က “ကျွန်မအထင်တော့ ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာအာဃာတမှ မရှိတော့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဓာတ်လှေကားထဲမှာ Drake နဲ့ အတူတူ အပိတ်ခံရမယ့်အစား Taylor နဲ့ အတူတူပဲ အပိတ်ခံလိုက်တော့မယ်။” လို့ အရွှမ်းဖောက်ခဲ့ပါသေးတယ်။

- Advertisement -

 

- Advertisement -

သို့သော်လည်း Kardarshian West က သူမတို့ရဲ့ ထုတ်လုပ်ရေးပိုင်းမှာ  ပြဿနာအနည်းငယ်ပေါ်ပေါက်လာတာကြောင့် ဧပြီလ ၂၆ရက်နေ့မှာ သူတို့ရဲ့ရေမွေးကို လူထုလက်ထဲအရောက် မထည့်ပေးနိုင်တော့တဲ့အကြောင်း ထပ်မံ ကြေငြာခဲ့ပါတယ်။

 

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...