HomeSportလာမည့်နွေရာသီအပြောင်းအရွှေ့၌ ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) ရရှိဖွယ်ရှိနေသည့် ဆိုးလ်ရှား။

လာမည့်နွေရာသီအပြောင်းအရွှေ့၌ ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) ရရှိဖွယ်ရှိနေသည့် ဆိုးလ်ရှား။

- Advertisement -

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားသည် လာမည့် နွေရာသီ အပြောင်းအရွှေ့၌ အပြောင်းအရွှေ့အတွက် အသုံးစရိတ်အဖြစ် ပေါင်သန်း (၂၀၀) ရရှိဖွယ်ရှိကြောင်း သိရှိရပါတယ်။ လီဗာပူး၊ မန်စီးတီးအသင်းတို့ကို လိုက်မှီရန်အတွက် လုပ်ဆောင်စရာများစွာရှိနေသေးကြောင်း ဆိုးလ်ရှားကိုယ်တိုင်က ယခုရက်သတ္တပတ်အစောပိုင်းက ဝန်ခံပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားကို ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာပြီးချိန်မှစ၍ ယူနိုက်တက်အသင်းအနေနဲ့ ပုံစံကောင်းများ ပြသနိုင်ရန် ရုန်းကန်နေရပြီး The Express သတင်းစာရဲ့ ဖော်ပြချက်အရ အသင်းအမှုဆောင်ချုပ် အက်ဝုဒ်ဝက်ဒ်အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွှေ့၌ မည်သည့်ယူနိုက်တက်နည်းပြမှ ရရှိခဲ့ဖူးခြင်းမရှိသည့် အပြောင်းအရွှေ့ကာလတစ်ခုတည်းအတွက် အသုံးစရိတ်ပေါင်သန်း (၂၀၀) ကို ထုတ်ပေးသွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

သတင်းများရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့၌ ကစားသမားများစွာကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး အထူးသဖြင့် ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမား ဆန်ချိုက အသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်နေကြောင်းလည်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုတစ်ယောက်တည်းအတွက်ပင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ခန့် အသုံးပြုရဖွယ်ရှိနေပြီး ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ကလည်း ဆိုးလ်ရှားရဲ့ နောက်ထပ် အင်္ဂလန်ပစ်မှတ်ကစားသမားတစ်ယောက်အဖြစ် စာရင်းပေါက်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read