HomeSportအသင်းမှ ကစားသမားများစွာကို ရောင်းချဖွယ်ရှိကြောင်း ပြောကြားလိုက်သည့် ရီးရဲယ်မက်ဒရစ်နည်းပြဇီဒန်း။

အသင်းမှ ကစားသမားများစွာကို ရောင်းချဖွယ်ရှိကြောင်း ပြောကြားလိုက်သည့် ရီးရဲယ်မက်ဒရစ်နည်းပြဇီဒန်း။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက လာမည့် နွေရာသီ အပြောင်းအရွှေ့၌ အသင်းမှ ကစားသမားများစွာကို ရောင်းချဖွယ်ရှိကြောင်း နောက်ပြောင်ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းသည် ပေါ်တိုအသင်းရဲ့ ဘရာဇီးနောက်ခံလူ မီလီတာအိုကို ပြောင်းရွှေ့ကြေး ပေါင် (၄၂) သန်းနဲ့ ခေါ်ယူရန် အကြိုသဘောတူညီမှု ရရှိပြီးနောက် လက်ရှိအချိန်၌လည်း နာမည်ကြီး ကစားသမားအများအပြားနဲ့ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့်အသင်းလည်း ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းသည် အသင်းကို အလုံးစုံပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် သတင်းများထွက်ပေါ်နေပြီး လာမည့် (၂၀၁၉-၂၀) ဘောလုံးရာသီ မတိုင်မီ အသင်းရဲ့ လူစာရင်းကို သွေးသစ်လောင်းသွားရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။ မီဒီယာများက အစ္စကိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ခြင်းကို ဇီဒန်းက “ကျွန်တော် အသင်းက ကစားသမားအများအပြားက ရောင်းချခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ပုံစံကောင်းပြသနေလို့ပါ။ ကျွန်တော့် ကစားသမားတွေကို ကလပ်အသင်းအများအပြားက စိတ်ဝင်စားနေကြပြီး ဒါက အထူးအဆန်းမဟုတ်တော့ပါဘူး။ အစ္စကိုက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်လည်း သူ့ကို သဘောကျပါတယ်။ နောက်နှစ်မှာ ဘာတွေဆက်ဖြစ်မလဲ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် လီဟာနက်စ်အသင်းနဲ့ပွဲစဉ်၌ သရေကျခဲ့သည့်အတွက် ဒုတိယနေရာမှ အက်သလက်တီကိုအသင်းနဲ့ ရမှတ် (၄) မှတ်ကွာဟနေပြီဖြစ်ပြီး လာမည့် တနင်္ဂနွေနေ့၌မူ ဘီလ်ဘာအိုအသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစားရမည်လည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read