HomeSportဘာစီလိုနာကို အနိုင်ရရှိရန် လိုအပ်ချက်များစွာ ရှိသေးကြောင်း ဝန်ခံလိုက်သည့် ဒီဂီယာ။

ဘာစီလိုနာကို အနိုင်ရရှိရန် လိုအပ်ချက်များစွာ ရှိသေးကြောင်း ဝန်ခံလိုက်သည့် ဒီဂီယာ။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒီဂီယာက ဘာစီလိုနာအသင်းကို အနိုင်ရရှိရန်အတွက် အသင်းအနေနဲ့ အများကြီး တိုးတက်ရန် လိုအပ်နေကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ယူနိုက်တက်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ယူနိုက်တက်အသင်းက ပုံစံကောင်း မပြသနိုင်ခဲ့ဘဲ လုခ်ရှောရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့သည့် တစ်လုံးတည်းသောဂိုးနဲ့အတူ ဘာစီလိုနာအသင်းက အဝေးကွင်း၌ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းသည် နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅) ပွဲ၌ (၄) ပွဲအထိ ရှုံးနိမ့်ခဲ့ပေမယ့် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်၌မူ ပေါ့ဘာရဲ့ ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲအပြီး၌ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာက ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်၌ ဆက်လက်ရှင်သန်လိုပါက အများကြီး တိုးတက်ရန် လိုအပ်သေးကြောင်း ဖွင့်ဟဝန်ခံခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒီဂီယာက “ဘာစီလိုနာအသင်းကို ကျော်ဖြတ်ဖို့က ခက်ခဲတာပေါ့။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အသင်းကြီးတစ်သင်းစာရင်း ဝင်ချင်သေးတယ်ဆိုရင်တော့ ချန်ပီယံလိဂ်လို ပွဲကြီး ပွဲကောင်းတွေကို ဆက်ပြီး ကစားနေခွင့်ရဖို့ လိုအပ်ပါတယ်။ နောက်ပြီး စနေ တနင်္ဂနွေလို ရက်မျိုးမှာဆိုရင် ပရီးမီးယားလိဂ်ပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို အာရုံစိုက်ပြီး  မတူညီတဲ့ပွဲတွေအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေုဖို့လိုအပ်ပါတယ်။ ဒီနေ့ပွဲ (ဝက်စ်ဟမ်းနဲ့ပွဲ) မှာ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူးလို့ ထင်ပါတယ်။”

“ကျွန်တော်တို့က အများကြီး တိုးတက်ဖို့ လိုအပ်နေပြီး အင်္ဂါနေ့မှာ နောက်ထပ် စိန်ခေါ်မှုတစ်ခု ရှိနေပါတယ်။ အဲ့ဒီပွဲအတွက် ကျွန်တော်တို့က အကောင်းဆုံး တိုက်ပွဲဝင်ပြီး အနိုင်ရအောင် ကြိုးစားသွားမှာဖြစ်ပြီး အခုပွဲမှာ သုံးမှတ်ရရှိခဲ့တာကြောင့် အဝေးကွင်းကို ယုံကြည်ချက်ရှိရှိနဲ့ သွားနိုင်ပါတယ်။ ဒီပွဲက တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်သလို စပိန်မြေ ဘာစီလိုနာမှာ ကစားရမယ့် ပွဲလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ ချန်ပီယံလိဂ်လိုညမျိုးအတွက်ပါ။ အဲ့ဒါကြောင့် ဒီပွဲက တကယ်ကို ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိပေမယ့် အခုထက် အများကြီး တိုးတက်ဖို့လည်း လိုအပ်ပါသေးတယ်။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဥရောပပြိုင်ပွဲများ၌ ဘာစီလိုနာအသင်းသည် ယူနိုက်တက်အသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရတိုင်း ရှုံးပွဲမရှိခဲ့ဘဲ နူးကမ့်ကွင်း၌ နှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့သည့် (၂၀၀၈) ခုနှစ်၊ ဧပြီလ၌လည်း ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းနဲ့ယူနိုက်တက်အသင်းတို့သည် ယနေ့ည၌ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ရင်ဆိုင်ကစားရမည်ဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ရန်အတွက် မဖြစ်မနေအနိုင်ရရှိရန် လိုအပ်နေပါတယ်။

- Advertisement -

 

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 − 6 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...