HomeOtherကမ္ဘာ့အကြီးမားဆုံးလေယာဉ်ပျံကြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း။

ကမ္ဘာ့အကြီးမားဆုံးလေယာဉ်ပျံကြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း။

- Advertisement -

နှစ်ပေါင်းများစွာကြာအောင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်ဂျင်ခြောက်လုံးပါဝင်သည့် ကမ္ဘာ့အကြီးမားဆုံး လေယာဉ်ပျံကြီးသည် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းခဲ့ကြောင်း သိရှိရပါတယ်။ Stratolaunch ဟုခေါ်သည့် ကုမ္ပဏီက အဆိုပါ လေယာဉ်ကို ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး CEO ဖြစ်သူ Jean Floyd က “နောက်ဆုံးမှာတော့ ကျွန်တော်တို့လုပ်နိုင်ခဲ့ပါပြီ။” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီကို စတင်တည်ထောင်သူသည် Microsoft ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Paul Allen ဖြစ်ပြီး ပြီးခဲ့သည့် (၂၀၁၁) ခုနှစ်ကစတင်တည်ထောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

သို့ရာတွင်မူ Allen သည် အကြိတ်ရောဂါတစ်မျိုးနဲ့ ပြီးခဲ့သည့် အောက်တိုဘာလက ကွယ်လွန်သွားခဲ့ပြီး Floyd က “ကျွန်တော် ဒီအခိုက်အတန့်ကို နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့တာပါ။ ဒါပေမယ့် ဒီအချိန်မှာ Paul တစ်ယောက် ကျွန်တော့်ဘေးမှာ မရှိတော့ဘူးဆိုတာကိုတော့ ကြိုမစဉ်းစားမိခဲ့ပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ Stratolaunch ကုမ္ပဏီသည် အဓိကအားဖြင့် လေကြောင်းလိုင်းများကို Booking လုပ်ခြင်းအတွက် Service ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင်မူ ကမ္ဘာ့အကြီးမားဆုံး လေယာဉ်ကို ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းစေနိုင်ခဲ့ပြီဖြစ်ပါတယ်။

စမ်းသပ်မောင်းနှင်ခဲ့သည့် လေယာဉ်မှူး Evan Thomas က “လေယာဉ်ရဲ့ အစိတ်အပိုင်းအများစုက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပြီး အကုန်လုံးကို ခြုံပြီးပြောရမယ်ဆိုရင် ဒါက တကယ်ကို အ့ံအားသင့်စရာ တစ်ခုပါပဲ။ အရိုးသားဆုံး ပြောရရင် ပထမဆုံးအကြိမ် ပျံသန်းချိန်မှာ ဒီလောက်အထိ မမျှော်လင်ခဲ့ပါဘူး။ အထူးသဖြင့် လေယာဉ်ရဲ့ တည်ဆောက်ပုံရှုပ်ထွေးမှုတွေကြောင့်ပါ။” ဟုလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

Thomas သည် အဆိုပါ လေယာဉ်ကြီးကို တစ်နာရီ (၁၇၃) မိုင်နှုန်းဖြင့် မောင်းနှင်ခဲ့ခြင်းဖြစ်ကာ အမြင့်ပေ (၁၅,၀၀၀) ၌ နှစ်နာရီခွဲကြာ ပျံသန်းခဲ့ပြီးနောက် မြေပြင်ပေါ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး လေယာဉ်ပျံကြီးရဲ့ အတောင်ပံနှစ်ဖက်သည် (၃၈၅) ပေရှည်လျားပြီး ကမ္ဘာပေါ်ရှိမည်သည့်လေယာဉ်ထက်မဆို ပိုမိုရှည်လျားသည့် အတောင်ပံများလည်း ဖြစ်ပါတယ်။ ခေါင်းပိုင်းမှ နောက်မြီးအထိ (၂၃၈) ပေရှည်လျားသည့် အဆိုပါ လေယာဉ်၌ လေယာဉ်မောင်းနှင်ခန်း (၂) ခန်း ပါဝင်ပေမယ့် အမှန်တကယ်ပျံသန်းမောင်းနှင်ရန်အတွက်မူ အခန်း (၁) ခန်းကိုသာ အသုံးပြုကြောင်း သိရှိရပါတယ်။

- Advertisement -

NASASpaceFlight.com မှ ဓာတ်ပုံဆရာဖြစ်သူ Jack Beyer ကလည်း “ဒါက တကယ်ကို ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကြီးဖြစ်ပြီး အရမ်းကို ကြီးမားတာကြောင့် လေထဲမှာတောင် မပျံနိုင်ဘူးလို့ ထင်ရပါတယ်။ လူတွေက Stratolaunch ရဲဲ့ ပထမဆုုံးအကြိမ် ပျံသန်းမှုကို စိတ်ဝင်စားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အနာဂတ်ကို သိချင်လို့ပါ။ Apple နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို လူတွေ စိတ်ဝင်စားတဲ့ပုံစံနဲ့ဆင်တူပြီး သူတို့က နောက်ထပ် ဘယ်လိုမျိုးအသစ်တွေ လာမလဲဆိုတာကို သိချင်ကြပါတယ်။” ဟုလည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>

 

- Advertisement -

ကမာၻ႕အႀကီးမားဆံုးေလယာဥ္ပ်ံႀကီး ပထမဆံုးအႀကိမ္ စမ္းသပ္ပ်ံသန္း။

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ခ့ဲၿပီးေနာက္ အင္ဂ်င္ေျခာက္လံုးပါဝင္သည့္ ကမာၻ႕အႀကီးမားဆံုး ေလယာဥ္ပ်ံႀကီးသည္ ၿပီးခ့ဲသည့္ စေနေန႔ နံနက္ပိုင္းက ပထမဆံုးအႀကိမ္အျဖစ္ စမ္းသပ္ပ်ံသန္းခ့ဲေၾကာင္း သိရွိရပါတယ္။ Stratolaunch ဟုေခၚသည့္ ကုမၸဏီက အဆုိပါ ေလယာဥ္ကုိ ဖန္တီးတည္ေဆာက္ခ့ဲျခင္းျဖစ္ၿပီး CEO ျဖစ္သူ Jean Floyd က “ေနာက္ဆံုးမွာေတာ့ ကြ်န္ေတာ္တို႔လုပ္ႏုိင္ခ့ဲပါၿပီ။” ဟု သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားသြားခ့ဲပါတယ္။ အဆုိပါ ကုမၸဏီကုိ စတင္တည္ေထာင္သူသည္ Microsoft ကုမၸဏီရဲ႕ ပူးတြဲတည္ေထာင္သူ Paul Allen ျဖစ္ၿပီး ၿပီးခ့ဲသည့္ (၂၀၁၁) ခုႏွစ္ကစတင္တည္ေထာင္ခ့ဲျခင္းလည္း ျဖစ္ပါတယ္။

သုိ႔ရာတြင္မူ Allen သည္ အႀကိတ္ေရာဂါတစ္မ်ိဳးနဲ႔ ၿပီးခ့ဲသည့္ ေအာက္တုိဘာလက ကြယ္လြန္သြားခ့ဲၿပီး Floyd က “ကြ်န္ေတာ္ ဒီအခုိက္အတန္႔ကို ႏွစ္ေပါင္းမ်ားစြာ စိတ္ကူးယဥ္ခ့ဲတာပါ။ ဒါေပမယ့္ ဒီအခ်ိန္မွာ Paul တစ္ေယာက္ ကြ်န္ေတာ့္ေဘးမွာ မရွိေတာ့ဘူးဆုိတာကိုေတာ့ ႀကိဳမစဥ္းစားမိခ့ဲပါဘူး။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။ Stratolaunch ကုမၸဏီသည္ အဓိကအားျဖင့္ ေလေၾကာင္းလိုင္းမ်ားကုိ Booking လုပ္ျခင္းအတြက္ Service ေပးသည့္ ကုမၸဏီတစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္တြင္မူ ကမာၻ႕အႀကီးမားဆံုး ေလယာဥ္ကုိ ပထမဆံုးအႀကိမ္ စမ္းသပ္ပ်ံသန္းေစႏုိင္ခ့ဲၿပီျဖစ္ပါတယ္။

စမ္းသပ္ေမာင္းႏွင္ခ့ဲသည့္ ေလယာဥ္မွဴး Evan Thomas က “ေလယာဥ္ရဲ႕ အစိတ္အပိုင္းအမ်ားစုက ေမွ်ာ္လင့္ထားတ့ဲအတိုင္း ျဖစ္လာၿပီး အကုန္လံုးကို ၿခံဳၿပီးေျပာရမယ္ဆုိရင္ ဒါက တကယ္ကုိ အ့ံအားသင့္စရာ တစ္ခုပါပဲ။ အရုိးသားဆံုး ေျပာရရင္ ပထမဆံုးအႀကိမ္ ပ်ံသန္းခ်ိန္မွာ ဒီေလာက္အထိ မေမွ်ာ္လင္ခ့ဲပါဘူး။ အထူးသျဖင့္ ေလယာဥ္ရဲ႕ တည္ေဆာက္ပုံရႈပ္ေထြးမႈေတြေၾကာင့္ပါ။” ဟုလည္း ဖြင့္ဟေျပာၾကားခ့ဲပါတယ္။

Thomas သည္ အဆုိပါ ေလယာဥ္ႀကီးကို တစ္နာရီ (၁၇၃) မိုင္ႏႈန္းျဖင့္ ေမာင္းႏွင္ခ့ဲျခင္းျဖစ္ကာ အျမင့္ေပ (၁၅,၀၀၀) ၌ ႏွစ္နာရီခြဲၾကာ ပ်ံသန္းခ့ဲၿပီးေနာက္ ေျမျပင္ေပၚသို႔ ေဘးကင္းစြာျဖင့္ ျပန္လည္ဆင္းသက္ႏိုင္ခ့ဲပါတယ္။ ကမာၻ႕အႀကီးမားဆံုး ေလယာဥ္ပ်ံႀကီးရဲ႕ အေတာင္ပံႏွစ္ဖက္သည္ (၃၈၅) ေပရွည္လ်ားၿပီး ကမာၻေပၚရွိမည္သည့္ေလယာဥ္ထက္မဆုိ ပိုမိုရွည္လ်ားသည့္ အေတာင္ပံမ်ားလည္း ျဖစ္ပါတယ္။ ေခါင္းပုိင္းမွ ေနာက္ၿမီးအထိ (၂၃၈) ေပရွည္လ်ားသည့္ အဆုိပါ ေလယာဥ္၌ ေလယာဥ္ေမာင္းႏွင္ခန္း (၂) ခန္း ပါဝင္ေပမယ့္ အမွန္တကယ္ပ်ံသန္းေမာင္းႏွင္ရန္အတြက္မူ အခန္း (၁) ခန္းကိုသာ အသံုးျပဳေၾကာင္း သိရွိရပါတယ္။

NASASpaceFlight.com မွ ဓာတ္ပုံဆရာျဖစ္သူ Jack Beyer ကလည္း “ဒါက တကယ္ကို ကမာၻ႕အႀကီးဆံုး ေလယာဥ္ပ်ံႀကီးျဖစ္ၿပီး အရမ္းကုိ ႀကီးမားတာေၾကာင့္ ေလထဲမွာေတာင္ မပ်ံႏုိင္ဘူးလို႔ ထင္ရပါတယ္။ လူေတြက Stratolaunch ရဲဲ႕ ပထမဆုံုးအႀကိမ္ ပ်ံသန္းမႈကုိ စိတ္ဝင္စားခ့ဲၾကပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူတို႔က အနာဂတ္ကို သိခ်င္လုိ႔ပါ။ Apple နဲ႔ ပတ္သက္တ့ဲ ပစၥည္းေတြကို လူေတြ စိတ္ဝင္စားတ့ဲပံုစံနဲ႔ဆင္တူၿပီး သူတို႔က ေနာက္ထပ္ ဘယ္လုိမ်ိဳးအသစ္ေတြ လာမလဲဆုိတာကုိ သိခ်င္ၾကပါတယ္။” ဟုလည္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen − 4 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...