HomeSportမန်စီးတီးအသင်းအတွက် နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သည့် စတာလင်။

မန်စီးတီးအသင်းအတွက် နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သည့် စတာလင်။

- Advertisement -

မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား စတာလင်သည် တနင်္ဂနွေနေ့က ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်၌ အသင်းအတွက် ခြေစွမ်းပြကာ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အိမ်ရှင်အသင်းကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့သည့် အဆိုပါ ပွဲစဉ်၌ မန်စီးတီးအသင်းက စတာလင်ရဲ့ သွင်းဂိုးနှစ်ဂိုးအပါအဝင် လူစားဝင်တိုက်စစ်မှူး ဂျေးဆူက သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်ကစားသမား မီလီဗိုဂျီဗစ်ရဲ့ ဖရီးကစ်သွင်းဂိုးတစ်ဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ အိမ်ရှင်အသင်းကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပွဲရဲ့ ပွဲကစားချိန် (၁၅) မိနစ်၌ စတာလင်က ကွင်းလယ်ကစားသမား ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ပြိုင်ဘက်နောက်ခံလူနဲ့ အပြိုင်ပြေးကာ ဂိုးသမားရဲ့ အပေါ်ထောင့်ကို လှလှပပ ကန်သွင်းကာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၆၃) မိနစ်၌လည်း စတာလင်ကပဲ တောင်ပံကစားသမား ဆာနေးရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဘယ်ခြေနဲ့ ကန်သွင်းကာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒေးဗစ်ဆေးလ်ဗား၊ ဒီဘရိုင်း၊ ဂွန်ဒိုဂန်တို့ရဲ့ ကွင်းလယ်က ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်နဲ့နောက်တန်းကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး ပွဲကစားချိန် (၈၁) မိနစ်၌ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကစားသမား မီလီဗိုဂျီဗစ်က ဖရီးကစ်ကနေတစ်ဆင့် တိုက်ရိုက်ကန်သွင်းကာ ချေပဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် အဂွေရိုရဲ့ နေရာကို လူစားဝင်လာခဲ့သည့် တိုက်စစ်မှူး ဂျေးဆူက မန်စီးတီးအသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတစ်ဂိုးကို နောက်ဆုံးမိနစ်၌ အပိုင်ကန်သွင်းပေးခဲ့ပါတယ်။

- Advertisement -

အဆိုပါနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည် ဦးဆောင်သူ လီဗာပူးအသင်းရဲ့နောက် တစ်ပွဲလျော့ကစားပြီး (၂) မှတ်အကွာနဲ့ လိုက်လံဖိအားပေးလျက်ရှိပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့် စတာလင်သည်လည်း ဒီရာသီသူ့အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၇) ဂိုးရှိလာခဲ့ပြီဖြစ်ကာ သွင်းဂိုး (၁၉) ဂိုးနဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ဦးဆောင်ထားသည့် အသင်းဖော် အဂွေရိုကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...