HomeSportခရစ္စတယ်ပဲလေ့စ်နောက်ခံလူအတွက် အပြိုင်အဆိုင် ကြိုးပမ်းကြမည့် မန်ချက်စတာမြို့ခံကလပ်နှစ်သင်း။

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူအတွက် အပြိုင်အဆိုင် ကြိုးပမ်းကြမည့် မန်ချက်စတာမြို့ခံကလပ်နှစ်သင်း။

- Advertisement -

မန်ချက်စတာမြို့ခံကလပ်နှစ်သင်းဖြစ်သည့် ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့သည် လာမည့်နွေရာသီ အပြောင်းအရွှေ့၌ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာအားခေါ်ယူရန်အတွက် အပြိုင်အဆိုင် ကြိုးပမ်းလာကြဖွယ်ရှိကြောင်း သိရှိရပါတယ်။ Mail သတင်းစာရဲ့ ဖော်ပြချက်အရ အသက် (၂၁) နှစ်အရွယ် အဆိုပါ နောက်ခံလူရဲ့ ခြေစွမ်းကို မန်စီးတီးနည်းပြအဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလတည်းက စတင်သဘောကျခဲ့ကြပြီး ထိုစဉ်က ခရစ္စတယ်ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို အဝေးကွင်း၌ အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းအနေနဲ့ ဘစ်ဆာကာကို ခေါ်ယူနိုင်ရန်အတွက် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိပြီး ဗလင်စီယာကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ လက်လွှတ်ရမယ့် အနေအထားကြောင့် ဆိုးလ်ရှားက ဘစ်ဆာကာနဲ့ ပြန်လည်အစားထိုးရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ယူနိုက်တက်အသင်းတို့အနေနဲ့ ဘစ်ဆာကာအား အမှန်တကယ်ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ဝန်းကျင် သုံးစွဲရဖွယ်ရှိပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်ကိုယ်တိုင်က ယခုနှစ်ဘောလုံးရာသီအကုန်၌ ဇာဟာနဲ့ဘစ်ဆာကာတို့ နှစ်ဦးလုံးအသင်းက ထွက်ခွာဖွယ်ရှိကြောင်းလည်း ဖွင့်ဟဝန်ခံထားပါတယ်။

 

#HM(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen − twelve =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...