HomeSportယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာအသင်းအိမ်ကွင်းမှာ အနိုင်ကစားနိုင်ပါ့မလား ? ? ?

ယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာအသင်းအိမ်ကွင်းမှာ အနိုင်ကစားနိုင်ပါ့မလား ? ? ?

- Advertisement -

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အဖြစ် ယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယူနိုက်တက်အိမ်ကွင်း Old Trafford မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ယူနိုက်တက်အသင်းမှ တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပထမတစ်ကျော့က Old Trafford မှာ ယှဉ်ပြိုင်ကစားခဲ့တုန်းက ယူနိုက်တက်အသင်းအနေနဲ့ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Scoreline အရ  ယူနိုက်တက်အသင်းမှာ အခွင့်အရေး ကျန်ရှိနေပါသေးတယ်။ ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းဖြစ်တဲ့ Old Trafford မှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ထားတဲ့အတွက် ဒုတိယအကျော့ပွဲစဉ်မှာ လွယ်တော့မလွယ်ကူနိုင်ပေမယ့် ယူနိုက်တက်နည်းဖြစ်သူ အိုလီမှာတော့ အနိုင်ရရှိနိုင်အောင် ရလဒ်ကောင်းတွေ ပေးစွမ်းနိုင်မယ့် ဝှက်ဖဲလေးတွေရှိမယ်လို့ ယုံကြည်ရပါတယ်။

ပထမအကျော့ကစားခဲ့တဲ့ပွဲစဉ်တုန်းကအတိုင်း ဘာစီလိုနာအသင်းကို အပြန်အလှန်ကစားနိုင်ပြီး ဖိအားတွေ ပိုမိုပေးနိုင်မယ်၊ အဆုံးသတ်တွေ သာလွန်ကောင်းမွန်နေမယ်ဆိုရင်တော့ ယူနိုက်တက်အသင်းအတွက် ချန်ပီယံမျှော်လင့်ချက် ကျန်ရှိနေပါသေးတယ်။ ယူနိုက်တက်အနေနဲ့ အဝေးကွင်းဖြစ်တဲ့ Nou Camp မှ တစ်ဂိုးသွင်းနိုင်တယ်ဆိုရင်ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် နည်းပြဖြစ်သူ အိုလီအနေနဲ့ ဘယ်လိုလှည့်ကွက်တွေနဲ့ အကောင်းဆုံး ပွဲထွက်လာမလဲဆိုတာကိုတော့ နောက်တစ်ပတ်ပွဲစဉ်မှာ ရန်ခုန်နှုန်းအပြည့်နဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

- Advertisement -

 

#ST(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × one =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...