HomeEntertainment"Game of Thrones" နောက်ဆုံးအစီအစဉ်မှာ Jon Snow တစ်ယောက် သေဆုံးသွားမှာလား?

“Game of Thrones” နောက်ဆုံးအစီအစဉ်မှာ Jon Snow တစ်ယောက် သေဆုံးသွားမှာလား?

- Advertisement -

“Game of Thrones” ဇာတ်လမ်းထဲမှာတော့ သေခန်းသတ်ခန်းတွေက မနည်းမနောပါပဲ။ ယခုဆိုရင်လည်း ဇာတ်လမ်းရဲ့နောက်ဆုံး Season ကို ရောက်ရှိလာပါပြီ။ ယခုချိန်မှာတော့ ဒီရုပ်ရှင်ဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင်တွေအားလုံး အသက်ရှင်လျက် ကျန်ရှိနေပါသေးတယ်။ ဒီလိုဆိုတော့ ပရိသတ်တွေကလည်း White Walkers တွေနဲ့ တိုက်ခိုက်ရမယ့် စစ်ပွဲတွေမှာ ဘယ်သူတွေက သေဆုံးပြီး ဘယ်သူတွေက အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို သိချင်နေကြပြီးဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိကအကျဆုံးဇာတ်ဆောင်တွေထဲကမှာ အဓိကအကျဆုံးသူတစ်ဦးဖြစ်တဲ့ Jon Snow တစ်ယောက် အသက်ရှင်ကျန်ရစ်မှာလား? သေဆုံးသွားမှာလား? ဆိုတာ နဲ့ ပတ်သက်ပြီး အရှေ့ပိုင်းဇာတ်လမ်းတွေအပေါ်မှာ အခြေခံမူတည်ပြီး ပြောဆိုဆွေးနွေးမှုတွေလည်းအများအပြားရှိလာပါတယ်။ သူကဘာကြောင့်အသက်ရှင်ကျန်ရစ်မှာလဲ? ဘာကြောင့်  သေဆုံးပျောက်ကွယ်သွားမှာလဲ?  ဆိုတာ နဲ့ ပတ်သက်ပြီး သေချာစဉ်စားကြည့်ရအောင်ပါ။

- Advertisement -

Jon ဟာ ဇာတ်လမ်းပြီးဆုံးတဲ့အထိ အသက်ရှင်နေမယ်ဆိုတာကို သိစေနိုင်တဲ့ အဓိကအချက်ကတော့ စာအုပ်ခေါင်းစဉ် “A Sonf of Ice and Fire” ကို ကြည့်တာနဲ့ပဲသိနိုင်နေပါပြီ။ Northen Stark က ဝံပုလွေရော Southern Targaryen က နဂါးရော ပေါင်းစပ်ထားတဲ့ Jon တစ်ယောက်ဟာ ရေခဲနဲ့မီးနှစ်ခုလုံးကို ပုံဖော်ထားတဲ့ပြယုဂ်ပဲဖြစ်ပါတယ်။ ဒါဟာလည်း Jon ဟာ အဓိကဇာတ်ဆောင်ဖြစ်ကြောင်း သိသာစေတဲ့ အချက်တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ Game of Thrones ဇာတ်လမ်းထဲမှာ အဓိကသရုပ်ဆောင်တွေဟာလည်း အသတ်ခံကြရတာမျိုးတွေရှိခဲ့သော်လည်း ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိကအချက်အချာဖြစ်နေတဲ့ Jon ကတော့ အသတ်ခံချင်မှလည်း ခံရမှာပါ။ Jon က တစ်ခါသေပြီး ပြန်ရှင်ထလာတာပါဖြစ်တဲ့အတွက် နောက်တစ်ခါသေရင်တော့ တကယ်ကိုသေဆုံးပျောက်ကွယ်သွားမှာပါ။

- Advertisement -

Jon ဟာ Game of Thrones ဇာတ်လမ်းထဲမှာ လိုတာထက်ကိုပိုပြီး ကံတွေအရမ်းကောင်းနေပါတယ်။ နံရံတံတိုင်းကြီးကိုကျော်ဖြတ်ပြီးနောက်မှာတောင် သူက အသက်ရှင်ကျန်ရစ်နေတာမျိုး၊ Wildlings တွေ လက်ခံလာအောင် လုပ်နိုင်တာမျိုး၊ Ramsay တွေနဲ့ တိုက်ရတဲ့ တိုက်ပွဲမှာ ရှုံးတော့မလိုနဲ့ နောက်ဆုံးမှာ နိုင်သွားတာမျိုး၊ Cerseiကို ဘုရင်မအဖြစ် လက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောချလိုက်တာမျိုး၊ လုံးဝသေသွားတာတောင်မှ ပြန်လည်ရှင်ထလာတာမျိုးတွေကြောင့်ပဲ သူဟာ ကံအကောင်းဆုံးဇာတ်ရုပ်ဖြစ်နေတာပါ။ သူဟာ ဇာတ်လမ်းတစ်လျှောက် ကံကောင်းလာခဲ့သမျှ နောက်ဆုံးအပိုင်းမှာတော့ ကံကောင်းခြင်းတွေကုန်ဆုံးသွားပြီး သေသွားနိုင်ပါတယ်။

- Advertisement -

အရှေ့ဇာတ်လမ်းတွေမှာလည်း တောင်ဘက်ပိုင်းက ဘုရင်ကလည်း သေမိန့်အချခံရတယ်။ Ned Stark ကလည်း ခေါင်းဖြတ်ကွပ်မျက်ခံရတယ်။ Red Wedding မှာ Freys တွေက Robb ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ ဒါကြောင့်လည်း နောက်ဆုံးပိုင်းမှာ ဘယ်သူတွေထပ်ပြီးအသတ်ခံရဦးမလဲဆိုတာ ပရိသတ်တွေကလည်း အရမ်းကိုရင်ခုန်နေကြပါတယ်။

 

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read