HomeEntertainmentအဆိုတော် Halsey မှာ ကိုယ်ဝန်ရှိနေပြီလား ? ? ?

အဆိုတော် Halsey မှာ ကိုယ်ဝန်ရှိနေပြီလား ? ? ?

- Advertisement -

သတင်းမီဒီယာတွေဟာ ကျော်ကြားတဲ့အမျိုးသမီးတွေ ကိုယ်ဝန်ရသွားပြီဆိုတဲ့သတင်းကို  ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ လူသိများအောင်  လူမှုကွန်ရက်ပေါ်မှာ  ဝေဖန်ပြောဆို ရေးသားရတာကို အရမ်းသဘောကျတတ်ကြမှန်း ယခုခေတ် Instagram ၊ Twitter နဲ့ တခြားသော လူမှုကွန်ရက်တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတဲ့သူတိုင်း သိပြီးသားဖြစ်ကြမှာပါ။

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို လူတွေမြင်ပြီး လက်ခံလာအောင်လုပ်ဖို့က အရမ်းလွယ်ကူပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အကျပွပွဝတ်ထားတဲ့အချိန်မျိုးမှာ လူတွေရဲ့အမြင်ကို မှားစေလောက်တဲ့  နေရာရှုထောင့်ကနေပြီး  ဓာတ်ပုံလှမ်းရိုက်ခံရတဲ့အခါ ထိုအမျိုးသမီးမှာ ကိုယ်ဝန်ရှိတယ်လို့  လက်ခံယုံကြည် သွားကြတာပါ။

- Advertisement -

သို့ပေမယ့် Halsey တစ်ယောက်ကတော့  သူမဟာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုပြီး  ပျံ့နှံ့နေတဲ့ ကောလဟာလဟာ   အစစ်အမှန်မဟုတ်ကြောင်း  သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ပညာသားပါပါနဲ့  ပြောဆိုရေးသားခဲ့ပါတယ်။ သုံးလအတွင်းမှာ ကိုယ်ဝန်ရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီး Halsey  ဖြေရှင်းချက်ပေးခြင်းဟာ ဒီတစ်ခေါက်နဲ့ပါဆိုရင်  ဒုတိယအကြိမ်ပဲဖြစ်ပါတယ်။  ဖေဖော်ဝါရီလတုန်းက Halseyက သူမရဲ့ တွစ်တာစာမျက်နှာပေါ်မှာ  ရေးသားပြောဆိုခဲ့တဲ့  စကားတစ်ချို့ကြောင့် လူတွေက သူမဟာ ကလေးလိုချင်နေတယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ သတင်းမီဒီယာတွေကပါ သူမကကလေးလိုချင်နေတယ် လို့ ခေါင်းစဉ်တပ်ပြောဆိုလာတဲ့အခါမှာတော့ Halseyက “ကျွန်မရဲ့ တွစ်တာစာမျက်နှာပေါ်မှာ နောက်ဆုံးတင်ခဲ့တဲ့စာတွေကြောင့် လူတွေထင်တာက ကျွန်မက  ကိုယ်ဝန်လွယ်ထားရကြောင်း အရိပ်အမြွက်ပေးထားသလိုဖြစ်နေပါတယ် ။ ကျွန်မက ခန္ဓာကိုယ်အလေးချိန် တက်လာပေမယ့်လည်း  ပုံမှန်ထက် ပိုပြီး ရူးကြောင်ကြောင်စကားတွေပြောဆိုနေပေမယ့်လည်း ရှင်တို့ထင်သလို  ကိုယ်ဝန်ဆောင်ထားရတာတော့မဟုတ်သေးဘူးရှင့်။” လို့  ဖြေရှင်းပေးထားခဲ့ပါသေးတယ်။

- Advertisement -

ဒီတစ်ကြိမ်မှာလည်း Halseyက တီရှပ်ပွပွဝတ်ဆင်ထားတဲ့အချိန်မှာ သတင်းထောက်တွေက အမိအရဓာတ်ပုံရိုက်လိုက်ပြီး  သူမဟာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုပြီး ပြောဆိုလာကြပါတယ်။ ဒါကို Halsey က Google ကနေတစ်ဆင့် ကိုယ်ဝန်ရခြင်း၊မရခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ကူးယူကာ သူမရဲ့အင်စတာဂရမ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမဟာ ကိုယ်ဝန်မဆောင်ထားရကြောင်းကိုပါ ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း အသိပေးပြောပြခဲ့ပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read