HomeEntertainmentShawn Mendes ကို စိန်ခေါ်ခဲ့သည့် ဂျက်စတင်ဘီဘာ။

Shawn Mendes ကို စိန်ခေါ်ခဲ့သည့် ဂျက်စတင်ဘီဘာ။

- Advertisement -

ဂျက်စတင်ဘီဘာနဲ့ Shawn Mendes တို့ နှစ်ဦးသည် ကနေဒါနိုင်ငံရဲ့ နာမည်ကျော်  ပေါ့ပ်အဆိုတော်နှစ်ဦးဖြစ်ကြပြီး လက်ရှိအချိန်၌လည်း ဆိုရှယ်မီဒီယာပေါ်၌ တစ်ယောက်နဲ့ တစ်ယောက် စနောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့် ဧပြီလ (၇) ရက်နေ့က Shawn Mendes က The Observer ရဲ့ မဂ္ဂဇင်းကာဗာမှ သူ့ရဲ့ ဓာတ်ပုံကို အင်စတာဂရမ်စာမျက်နှာမှတဆင့် ပရိသတ်များထံ မျှဝေခဲ့ရာ ဂျက်စတင်ဘီဘာက မှတ်ချက်ရေးကာ ဝင်ရောက်နောက်ပြောင်ခဲ့ခြင်းဖြစ်ပါတယ်။

https://www.instagram.com/p/Bv9vd1WHVnX/?utm_source=ig_embed

Shawn Mendes ရဲ့ အဆိုပါမဂ္ဂဇင်းကာဗာ၌ သူ့ရဲ့ ဓာတ်ပုံနဲ့အတူ “Prince of Pop” ဟု စာလုံးအကြီးပါဝင်ခဲ့ပြီး ဂျက်စတင်ဘီဘာက “တကယ်လို့ ဒီ “Prince of Pop” ဆိုတဲ့ ဂုဏ်ပုဒ်အတွက် မင်းသာငါနဲ့  ဟော်ကီတစ်ပွဲလောက် ကစားချင်တယ်ဆိုရင် ကစားလို့ရတယ်ဆိုပေမယ့် ငါကြားထားသလောက် မင်းက ရေခဲပြင်ပေါ်မှာ သောက်စားရတာကို ကြိုက်တယ်ဆိုတော့ ငါတို့ အဲ့ဒီမှာပဲ သောက်ကြတာပေါ့။” ဟု နောက်ပြောင်ကျီစယ်ခဲ့ပါတယ်။

ဂျက်စတင်ဘီဘာအနေနဲ့ လက်ရှိအချိန်အထိ Shawn Mendes ထက် သာလွန်ကောင်းမွန်တဲ့  အောင်မြင်မှုများကို ရရှိထားဆဲဖြစ်ပြီး အဆိုပါ အချက်ကို ရည်ညွှန်း၍ ဂျက်စတင်ဘီဘာက  နောက်ပြောင်စိန်ခေါ်သွားခြင်းလည်း ဖြစ်ပါတယ်။ Shawn Mendes ကလည်း “ဟားဟား၊ ဘယ်အချိန်ဘယ်နေရာလဲဆိုတာသာ မင်းငါ့ကို ပြောကွာ။” ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။

- Advertisement -

ကနဦးတွင်မူ Shawn Mendes ရဲ့ ပရိသတ်များက ဂျက်စတင်ဘီဘာရဲ့ မှတ်ချက်ကို နောက်ပြောင်သည်ဟု မထင်ခဲ့ကြဘဲ ဂျက်စတင်ဘီဘာအား ဝိုင်းဝန်းတိုက်ခိုက်သည့် မှတ်ချက်အများအပြား ပြန်လည်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဂျက်စတင်ဘီဘာက “ဘာမှပြိုင်ဆိုင်စရာမရှိပါဘူး။ ဒါက ပျော်စရာ ဟာသတစ်ခုသပ်သပ်ဖြစ်ပြီး ဟိုဘက်ဒီဘက်ဆိုတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ အားလုံးက ဂီတကို အမိုက်စားဖြစ်အောင် ဖန်တီးနေကြသူတွေဖြစ်ပါတယ်။” ဟု ပြန်လည်ဖြေရှင်းသွားခဲ့ရကြောင်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × one =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...