HomeEntertainmentBeyonce နဲ့ Jay Z တို့ရဲ့ မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့်အထိမ်းအမှတ်ခရီး။

Beyonce နဲ့ Jay Z တို့ရဲ့ မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့်အထိမ်းအမှတ်ခရီး။

- Advertisement -

Beyonce နဲ့ Jay Z တို့ နှစ်ဦးရဲ့ မင်္ဂလာသက်တမ်းဟာ (၁၁) နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သတင်းအရင်းအမြစ်များရဲ့ အဆိုအရ အဆိုပါ စုံတွဲသည် မင်္ဂလာနှစ်ပတ်လည်ခရီးအဖြစ် ပြီးခဲ့သည့် ဧပြီလ (၄) ရက်နေ့က မက္ကဆီကိုနိုင်ငံသို့ ရိုမန်တစ်ခရီးထွက်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

နီးစပ်သူတစ်ဦးက “ဒါက ခရီးတိုလေးပဲဖြစ်ပြီး ကလေးတွေလိုက်မသွားကြပါဘူး။” ဟုလည်း ပြောကြားခဲ့ပြီး အသက် (၇) နှစ်အရွယ် သမီးဖြစ်သူ Blue Ivy၊ (၂၁) လအရွယ်သာရှိသေးသည့် Rumi နဲ့ Sir တို့ ကျန်ရစ်ခဲ့ပါတယ်။ “သူတို့ (Beyonce နဲ့ Jay Z) ကို ကြည့်ရတာ အရာအားလုံးက ခမ်းနားနေသလိုပါပဲ။ သူတို့က ဒီခရီးတိုလေးအတွက် အေးအေးဆေးဆေးရှိနေပေမယ့် တော်တော်လေး စိတ်လှုပ်ရှားနေတဲ့ပုံလည်း ပေါ်ပါတယ်။ နောက်ပြီး ပင်လည်းပင်ပန်းနေကြပုံပါပဲ။ သူတို့ခဏလောက် အနားယူဖို့လိုအပ်ပြီး အဲ့ဒီနောက်မှာတော့ အစီအစဉ်အသစ်တွေနဲ့ ပတ်သက်ပြီး ပြန်ပြောပြပါလိမ့်မယ်။” ဟု သတင်းအရင်းအမြစ်များက ပြောပြခဲ့ပါတယ်။

အစီအစဉ်အသစ်ဆိုသည်မှာ Netflix က ထုတ်လွှင့်ခဲ့သည့် Beyonce ရဲ့ Homecoming ဆိုသည့် Documentary ဇာတ်လမ်း Trailer တစ်ခုဖြစ်ပြီး Beyonce ရဲ့ပရိသတ်များအနေနဲ့ အဆိုပါ အစီအစဉ်အသစ်ကို လာမည့် ဧပြီလ (၁၇) ရက်နေ့၌ ကြည့်ရှုခံစားရမည်လည်း ဖြစ်ပါတယ်။ အဆိုပါ နေ့ရက်သည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်က Coachella Valley Music and Arts ပွဲတော်၌ Beyonce ရဲ့ မမေ့နိုင်စရာ ဖျော်ဖြေမှုများနဲ့ ပရိသတ်များကို ဖျော်ဖြေခဲ့သည့် တစ်နှစ်ပြည့်သည့်နေ့ရက်လည်း ဖြစ်ပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweCelebrities

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 2 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...