HomeEntertainmentAvengers: Endgame ရုပ်ရှင်ဇာတ်ကားအတွက် Tom Holland တစ်ယောက် ဇာတ်ညွှန်းများမရရှိခဲ့သည့် အကြောင်းရင်း။

Avengers: Endgame ရုပ်ရှင်ဇာတ်ကားအတွက် Tom Holland တစ်ယောက် ဇာတ်ညွှန်းများမရရှိခဲ့သည့် အကြောင်းရင်း။

- Advertisement -

Spider Man မင်းသားတစ်ဦးဖြစ်သည့် Tom Holland သည် Marvel ရဲ့  ပေါကြောင်ကြောင်  ပြောဆိုတတ်သူတစ်ဦးအဖြစ် ထင်ရှားပြီး မကြာခဏဆိုသလို ဇာတ်လမ်းရဲ့လျှို့ဝှက်ချက်များကို ပရိသတ်များထံ ပြောကြားလေ့ရှိခြင်းကြောင့် နောက်ဆုံးထွက်ရှိလာသည့် Endgame ဇာတ်ကားအတွက် ဇာတ်ညွှန်းပင်ရရှိခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။

ယခင်ကလည်း Spider- Man ဇာတ်ကောင်နှစ်ဦးပါရှိနိုင်ကြောင်းကို မည်သူမျှမသိရှိသေးခင် လူရှေ့သူရှေ့၌ Tom က ဖွင့်ဟပြောကြားခဲ့ဖူးသလို အဆိုပါ ဇာတ်လမ်းရဲ့ ခေါင်းစဉ်ကိုလည်း Spoil လုပ်ခဲ့ပါသေးတယ်။ Infinity War ဇာတ်လမ်းနဲ့ပတ်သက်၍လည်း အဆိုပါ ဇာတ်ကားကို လုံးဝကြည့်ရှုရခြင်းမရှိသေးသည့် ပရိသတ်များရှေ့၌ Tom က “ကျွန်တော်မသေပါဘူး။” ဟု ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။

- Advertisement -

သို့ဖြစ်ရာ Tom အနေနဲ့ ဇာတ်လမ်းနဲ့ ပတ်သက်သည့် လျှို့ဝှက်ချက်များကို အင်တာဗျူးအစီအစဉ်များ၌ ကြိုတင်ပြောကြားခြင်းမပြုရန် တားမြစ်ခြင်းခံထားရသလို ဒါရိုက်တာဖြစ်သူ Joe Russo ကလည်း သူတို့အနေနဲ့ Tom နဲ့ ပတ်သက်ပြီး လုံးဝကို မယုံကြည်သလောက်ဖြစ်နေခြင်းကြောင့် အဆိုပါ Spider- Man မင်းသားကို ဇာတ်ညွှန်းပင် ပေးထားခဲ့ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ Indie Wire နဲ့ အင်တာဗျူး၌ Joe က “ဟုတ်ပါတယ်။ Tom အနေနဲ့ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းမရရှိခဲ့ပါဘူး။ သူ့အနေနဲ့ သူပါဝင်ရိုက်ကူးရမယ့် အပိုင်းအတွက်ပဲ ဇာတ်ညွှန်းရပြီး သူနဲ့ အတူ သရုပ်ဆောင်မယ့်သူက ဘယ်သူလဲဆိုတာကိုတောင် ပေးမသိထားပါဘူး။ ဇာတ်လမ်းနဲ့ပတ်သက်လို့ မရေရာတဲ့ အကြောင်းတွေကိုပဲ သူ့ကို ပြောပြထားပြီး ဒါက ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ပါးစပ်ကို သူကိုယ်တိုင်ပိတ်နိုင်ဖို့ အရမ်းခက်ခဲလို့ပါ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

Tom ကိုယ်တိုင်ကလည်း “ကျွန်တော် မတ်တပ်ရပ်ပြီးတော့ လေကိုပဲ တစ်ယောက်တည်း လက်သီးနဲ့ထိုးနေပြီး ဒီအလုပ်ကို လက်ခံခဲ့တုန်းက ဒါမျိုး လုပ်ရမယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။” ဟုလည်း Russo ရဲ့ လျှို့ဝှက်မှုအကြောင်းကို ပြောပြသွားခဲ့ပါတယ်။ သို့ဖြစ်ရာ Tom အနေနဲ့ Endgame ဇာတ်ကားကို ယခုရုံတင်မှသာ ပထမဆုံးအကြိမ်အဖြစ် ဇာတ်ရည်လည်အောင် ကြည့်ရှုရမည်လည်း ဖြစ်ပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read