HomeSportချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့လျှင် အဓိက ကစားသမားနှစ်ဦးကို ဆုံးရှုံးရမည့် ယူနိုက်တက်။

ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့လျှင် အဓိက ကစားသမားနှစ်ဦးကို ဆုံးရှုံးရမည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ပါက အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ကွင်းလယ်ကစားသမား ပေါ့ဘာနဲ့ ဂိုးသမား ဒီဂီယာတို့ကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိကြောင်း သိရှိရပါတယ်။ သတင်းများရဲ့ အဆိုအရ ယူနိုက်တက်အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် အဆိုပါ ကစားသမားနှစ်ဦးသည် ယူနိုက်တက်အသင်းသာ လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိပါက အသင်းကို စွန့်ခွာရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း The Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီဂီယာနဲ့ပေါ့ဘာတို့  နှစ်ဦးလုံးသည် လက်ရှိအချိန်အထိ အသင်းမှ ထွက်ခွာရန်  တောင်းဆိုခြင်း မပြုလုပ်သေးသော်လည်း ယူရိုပါလိဂ်ပြိုင်ပွဲကိုမူ ဝင်ရောက်ကစားရန် ဆန္ဒမရှိကြောင်း သိရှိရပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးလုံးကို ခေါ်ယူရန် ရီးရဲယ်မက်ဒရစ်အသင်းက စိတ်ဝင်စားလျက်ရှိပြီး PSG အသင်းကလည်း ယူနိုက်တက်အသင်း၌ ဒီဂီယာ တိုးမြှင့်အလိုရှိနေသည့် လစာနှုန်းထားကို ပေးချေပြီး ခေါ်ယူရန် အဆင်သင့်ဖြစ်နေကြောင်း သိရှိရပါတယ်။

- Advertisement -

ဒီဂီယာသည် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်ကျန်ရှိနေသေးပြီး ကွင်းလယ်ကစားသမားဖြစ်သူ  ပေါ့ဘာကလည်း အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျော်ကျန်ရှိနေသေးပေမယ့် ကစားသမားနှစ်ဦးဘက်မှ စံချိန်တင်လစာများ ပေးချေရန် ယူနိုက်တက်အသင်းဘက်ကို တောင်းဆိုလာသောကြောင့် လက်ရှိအချိန်အထိ စာချုပ်သစ်ကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေးမှုများ အဆင်မပြေဖြစ်လျက်ရှိနေခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read