HomeSportယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် ဆွာရက်ဇ်နဲ့မက်ဆီတို့ရဲ့ အခြေအနေ။

ယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် ဆွာရက်ဇ်နဲ့မက်ဆီတို့ရဲ့ အခြေအနေ။

- Advertisement -

စနေနေ့က ကစားခဲ့သည့် ဘာစီလိုနာအသင်းနဲ့အက်သလက်တီကိုအသင်းတို့ရဲ့ လာလီဂါပွဲစဉ်၌ အိမ်ရှင် ဘာစီလိုနာအသင်းက ဒုတိယနေရာက အက်သလက်တီကိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ လာလီဂါအမှတ်ပေးချန်ပီယံဆုအတွက် အခြေအနေကောင်းများကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် (၂၈) မိနစ်၌ ပြိုင်ဘက်အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာက ကွင်းလယ်ဒိုင်လူကြီးကို အပြင်းအထန် စောဒကတက်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကာ ဘာစီလိုနာအသင်းအနေနဲ့ လက်ကျန်ပွဲကစားချိန် မိနစ် (၃၀) ကျော်ကို တစ်ယောက်အသာနဲ့ ကစားခဲ့ရပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းသည် ပွဲကစားချိန် (၈၅) မိနစ်ရောက်မှသာ အဖွင့်ဂိုးကို စတင်ရရှိခဲ့ပြီး တိုက်စစ်မှူးဖြစ်သူ ဆွာရက်ဇ်က ဂိုးသမားအိုဘလက်ခ်ရဲ့ ညာဘက်ထောင့်အတွင်းသို့ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပင် မက်ဆီက ဘာစီလိုနာအသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတစ်ဂိုးကို တစ်ကိုယ်တော်စွမ်းရည်ဖြင့် လှလှပပသွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းက ပွဲအပြီးမှာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဦးဆောင်သူ ဘာစီလိုနာအသင်းအတွက် ယခုနိုင်ပွဲက တန်ဖိုးကြီးမားခဲ့ပြီး ဒုတိယနေရာက အက်သလက်တီကိုအသင်းကို (၁၁) မှတ်အထိဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

- Advertisement -

ဆွာရက်ဇ်နဲ့မက်ဆီတို့ နှစ်ဦးသည် ယခုပွဲ၌ အသီးသီးဂိုးသွင်းယူနိုင်ခဲ့ကြခြင်းကြောင့် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး (၆) ပွဲ၌ ဆွာရက်ဇ်နဲ့မက်ဆီတို့ နှစ်ဦးပေါင်း ရရှိခဲ့သည့် သွင်းဂိုးအရေအတွက်က (၁၄) ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ မက်ဆီက (၁၀) ဂိုး၊ ဆွာရက်ဇ်က (၄) ဂိုးသွင်းယူထားခြင်းဖြစ်ကာ မက်ဆီအတွက်မူ လက်ရှိဘောလုံးရာသီ၌ ပြိုင်ပွဲစုံ ပွဲ (၄၀) ကစားပြီးချိန်၌ (၄၃) ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းနဲ့ ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ပွဲစဉ် ပထမအကျော့ပွဲစဉ်မတိုင်ခင် ယခုကဲ့သို့ မက်ဆီနဲ့ဆွာရက်ဇ်တို့ နှစ်ဦး ဂိုးမြူးခဲ့ခြင်းက ယူနိုက်တက်နောက်တန်းအတွက် စိုးရိမ်စရာဖြစ်ပြီး ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီအနေနဲ့ လာမည့် ဗုဒ္ဓဟူးနေ့၌ ကစားမည့် ပွဲစဉ်အတွက် ဆွာရက်ဇ် မက်ဆီတို့ နှစ်ဦးကို မည်သည့် တိုက်စစ်ကစားသမားနဲ့ တွဲဖက်ကာ ပွဲထွက်မလဲဆိုခြင်းကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အက်သလက်တီကိုအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်ကို ယူနိုက်တက်အသင်းနည်းပြချုပ်ဆိုးလ်ရှားနဲ့ လက်ထောက်နည်းပြမိုက်ဖီလန်တို့ နှစ်ဦးက လာရောက်ကြည့်ရှုခဲ့ပြီး အိန္ဒိယခရစ်ကတ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ရာဟောလ်ဒရာဗစ်ကလည်း လာရောက်ကြည့်ရှုခဲ့ပါသေးတယ်။

- Advertisement -

ဆိုးလ်ရှားသည် အဆိုပါပွဲပြီးဆုံးသည့် နောက်တစ်နေ့ တနင်္ဂနွေနေ့၌ပင် ယူနိုက်တက်ကစားသမားများ အားလုံးကို ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ လာရောက်ပြီးလေ့ကျင့်ခန်းဆင်းစေခဲ့ကာ ဘာစီလိုနာအသင်းနဲ့ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်စေခဲ့ကြောင်း သိရှိရပါတယ်။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလက အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အဝေးကွင်းပွဲစဉ်နောက်ပိုင်း ရှုံးထွက်အဆင့်၌ကစားခဲ့သည့် အဝေးကွင်းပွဲစဉ်များ၌ုနိုင်ပွဲပျောက်ဆုံးခဲ့ပြီး အက်သလက်တီကိုအသင်းကို ၂-၀ ဂိုး၊ PSG အသင်းကို ၄-၀ ဂိုး၊ ဂျူဗင်တပ်စ်အသင်းကို ၃-၀ ဂိုး နဲ့ ရိုးမားအသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခြင်းတို့ပင် ရှိခဲ့ကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read