WrestleMania က နှစ်စဉ် ကျင်းပပြုလုပ်ခဲ့တဲ့ Smack Down ပွဲစဉ်များအနက် ၃၅ ကြိမ်မြောက်အဖြစ် ပြီးခဲ့တဲ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲတွေထဲမှာ အမျိုးသမီးပွဲစဉ်ဟာ အဓိကပွဲတစ်ပွဲအဖြစ် ပထမဆုံး ပါဝင်လာခဲ့ပါတယ်။
အဓိကပွဲတစ်ပွဲဖြစ်တဲ့ Becky Lynch ၊ UFC က နပန်းသမားဟောင်းတွေဖြစ်ကြတဲ့ Ronda Rousey နဲ့ Charlotte Flair တို့ ထိုးသတ်ကြတဲ့ပွဲမှာ Becky Lynch တစ်ယောက် WWE က အဓိက ကြီးမှူးကျင်းပတဲ့ နပန်းပွဲကြီးတွေဖြစ်တဲ့ Smackdown နဲ့ Raw နှစ်ခုစလုံးရဲ့ ပထမဦးဆုံး အမျိုးသမီးချန်ပီယံအဖြစ် မှတ်ကျောက်ထူနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။
https://www.youtube.com/watch?v=hwXoWvEu8tA
အမေရိကန်ရဲ့ ပြည်နယ် (၅၀) လုံးက ပရိသတ်တွေသာမက နိုင်ငံပေါင်း ၆၈ နိုင်ငံကျော်က ပရိသတ်တွေပါ တစ်ခဲနက်အားပေးခဲ့တဲ့ အဆိုပါပွဲကို New Jersey မှာရှိတဲ့ MetLife ကွင်းကြီးမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေါ်လာ ၁၆.၉ မီလီယမ်ကျော် ဝင်ငွေရရှိခဲ့ပါတယ်ဆိုပြီး ပွဲစီစဉ်သူတွေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အခုတစ်ကြိမ်ကတော့ WrestleMania ရဲ့ ပွဲဝင်ကြေးအများဆုံးရရှိတဲ့အကြိမ်ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ၂၀၁၃ ခုနှစ်က ကျင်းပပြုလပ်ခဲ့တဲ့ ၂၉ ကြိမ်မြောက် WrestleMania ပွဲဖြစ်ကာ ရုံဝင်ကြေးစုစုပေါင်း ၁၂.၃ မီလီယမ်ကျော် ရရှိခဲ့ပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share