HomeEntertainmentရုံတင်ပြသတဲ့နေ့မှာပဲ ဝင်ငွေစံချိန်ချိုးသွားတဲ့ ရုပ်ရှင်ဇာတ်ကား။

ရုံတင်ပြသတဲ့နေ့မှာပဲ ဝင်ငွေစံချိန်ချိုးသွားတဲ့ ရုပ်ရှင်ဇာတ်ကား။

- Advertisement -

မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စူပါဟီးရိုးဇာတ်ကားဟာဆိုရင် ရုံတင်ပြသတဲ့ ရက်သတ္တပတ်အတွင်း Box Office ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ DC  က ဇာတ်ကားတစ်ကားဖြစ်တဲ့ Shazam! ဟာ ရုပ်ရှင်ရုံပေါင်း ၄၂၁၇ ခုမှာ တစ်ပြိုင်တည်းပြသပြီးနောက် ခန့်မှန်းဝင်ငွေ ဒေါ်လာ ၅၃.၅ မီလီယမ် ရရှိခဲ့တာဖြစ်ပါတယ်။

Shazam! ဟာ အဖွင့်ကောင်းခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပေမယ့် ဝင်ငွေအများဆုံးရရှိနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်နိုင်၊ မဖြစ်နိုင်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ Shazam! ဟာဆိုရင် DC Extended Universe ရဲ့ အဖွင့်ကောင်းခဲ့တဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားကတော့ Aquaman ပဲဖြစ်ပါတယ်။

Box Office ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဇာတ်ကားကတော့ Stephen King ရဲ့ Pet Sematary ပဲဖြစ်ပြီး ရုပ်ရှင်ရုံပေါင်း ၃၅၈၅ ခုမှာ ပြသလျက်ရှိကာ ဝင်ငွေ ဒေါ်လာ ၂၄ မီလီယမ်ကျော် ရရှိခဲ့ပါတယ်။ Tim Burton ရဲ့ Dumbo ကတော့ ပထမတစ်ပတ်ထပ် ကြည့်ရှုသူဦးရေ ၆၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၈.၂ မီလီယမ် ရရှိကာ ရုပ်ရှင်ရုံပေါင်း ၄၂၅၉ ခုမှာ ရုံတင်ပြသလျက်ရှိနေပါတယ်။

ဆက်လက်ပြီး Box Office ရဲ့ ထိပ်ဆုံး (၁၀) နေရာမှာ ရပ်တည်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဝင်ငွေတွေကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

- Advertisement -

 

1.Shazam!— $53.5 million
2. Pet Sematary— $25 million
3. Dumbo— $18.2 million
4. Us— $13.8 million
5. Captain Marvel— $12.7 million
6. The Best of Enemies— $4.5 million
7. Five Feet Apart— $3.7 million
8. Unplanned— $3.2 million
9. Wonder Park— $2 million
10. How to Train Your Dragon: The Hidden World— $2 million

- Advertisement -

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 + eighteen =

Must Read

ဘန်ကောက်မှာ ပထမဦးဆုံးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကော်ဖီဆိုင်။

၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်အထိ တရားဝင်အသုံးပြုခွင့် မရရှိသေးပါဘူး။ RG420 လို့အမည်ရတဲ့ ဆေးခြောက်ကော်ဖီဆိုင်ကို နိုင်ငံခြားခရီးသွားတွေနဲ့ ရေပန်းစားပြီး ရာနှင့်ချီသော ပြည်တွင်းပြည်ပ ဖောက်သည်များ စုပြုံရောက်ရှိနေပြီဖြစ်တဲ့ Khao San...