HomeSportဟာဇက်ပြီးနောက် ရီးရဲယ်မက်ဒရစ်ရဲ့ နောက်ထပ် ပစ်မှတ်ကစားသမားက ဘယ်သူဖြစ်မလဲ ?

ဟာဇက်ပြီးနောက် ရီးရဲယ်မက်ဒရစ်ရဲ့ နောက်ထပ် ပစ်မှတ်ကစားသမားက ဘယ်သူဖြစ်မလဲ ?

- Advertisement -

စပိန်အင်အားကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းသည် ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဟာဇက်ကို ခေါ်ယူရန်အတွက် အပြောင်းအရွှေ့ကိစ္စရပ်များ အပြီးသတ်သလောက်ရှိချိန်၌ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာကို ခေါ်ယူရန် ပြန်လည် အာရုံစိုက်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။ မာကာသတင်းစာရဲ့ အဆိုအရ ရီးရဲယ်မက်ဒရစ်အသင်းသည် အသင်းရဲ့ ကာလရှည်ပစ်မှတ် ဟာဇက်ကို ခေါ်ယူရန် မူအားဖြင့် သဘောတူညီမှုများ ရရှိခဲ့ပြီးနောက် အသင်းရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် အခုလိုပဲ ပေါ့ဘာကို ခေါ်ယူရန် ပြင်ဆင်လာခြင်းလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကမူ ပေါ့ဘာကို အသင်း၌ကာလရှည် ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေသော်လည်း ဇီဒန်းတစ်ကျော့ပြန်လည်ကိုင်တွယ်နေသည့် ရီးရဲယ်မက်ဒရစ်အသင်းကသာ ပေါ့ဘာကို အမှန်တကယ်အလိုရှိလာမည်ဆိုပါက ပေါ့ဘာကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်ကြောင်းလည်း မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် ပေါ့ဘာကို အထူးနှစ်သက်သည့် နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကိုယ်တိုင်ကလည်း သူ့ရဲ့ ကစားသမားဖြစ်သူကို ရီးရဲယ်မက်ဒရစ်အသင်းထံ ရောက်ရှိစေရန် နောက်ကွယ်မှ တွန်းအားပေး  ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ယူနိုက်တက်အသင်းသည် လာမည့်တစ်ပတ်အတွင်း ပေါ့ဘာကို စာချုပ်သစ်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိပေမယ့် ပေါ့ဘာကမူ ယူနိုက်တက်အသင်းဖော် အလက်ဆစ်ဆန်းချက်ဇ်ရရှိနေသည့် တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းအထိ တောင်းဆိုရန်လည်း ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းသည် လာမည့် နွေရာသီ အပြောင်းအရွှေ့တွင် အသင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် ပြင်ဆင်နေပြီး ယခုအချိန်တွင်လည်း ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ အထက် အသုံးပြုသွားဖွယ်ရှိကြောင်း သိရှိရပါတယ်။

 

- Advertisement -

#HM(Soshwe)

#SoshweSports

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

16 + 20 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...