HomeEntertainmentGame of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးရာတွင် သူမထက် အနုပညာကြေး ပိုမိုရရှိတဲ့ Kit Harington အပေါ် Sophie...

Game of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးရာတွင် သူမထက် အနုပညာကြေး ပိုမိုရရှိတဲ့ Kit Harington အပေါ် Sophie Turner ရဲ့အမြင်။

- Advertisement -

HBO က ရိုက်ကူးတင်ဆက်တဲ့ Game of Thrones ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေဟာ တစ်ဦးနဲ့တစ်ဦး ရရှိကြတဲ့ဝင်ငွေပမာဏချင်း မတူညီကြပါဘူး။ Jon Snow အဖြစ် သရုပ်ဆောင်တဲ့ Kit Harington ရရှိတဲ့ အနုပညာကြေးဟာ Sansa Stark အဖြစ် သရုပ်ဆောင်တဲ့ Sophie Turner ဝင်ငွေထက် ပိုမိုများပြားပါတယ်။

ထိုကိစ္စနဲ့ပက်စက်ပြီးတော့ Harper’s Bazaar UK နဲ့ အင်တာဗျူးတစ်ခုမှာ Sophie Turner ရဲ့ သဘောထားကို မေးမြန်းရာ သူမအနေနဲ့ အနုပညာကြေးကွားခြားမှုအပေါ် မည်သို့မျှ မခံစားရကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Game of Thrones ဇာတ်လမ်းတွဲတွင် Sophie Turner အနေနဲ့ Kit Harington ထက် ပိုမိုသရုပ်ဆောင်ခဲ့ရပြီး ဇာတ်ဝင်ခန်းများကိုလည်း အချိန်ကြာမြင့်စွာ ရိုက်ကူးခဲ့ရခြင်းဖြစ်ပါတယ်။

- Advertisement -

Game of Thrones ဇာတ်လမ်းတွဲဟာဆိုရင်ဖြင့် HBO အတွက် အလွန်တရာမှ အောင်မြင်မှုရရှိခဲ့ပြီး လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ Sophie Turner အနေနဲ့လည်း Harper’s Bazaar UK နဲ့ အင်တာဗျူးမှာ “ Kit အနေနဲ့ ကျွန်မထက် အနုပညာကြေး ပိုမိုရရှိကောင်း ရရှိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Kit ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေဟာ ခက်ခဲကြမ်းတမ်းပြီး အခု နောက်ဆုံး Season – 8 ထဲမှာဆိုရင် သူ့အနေနဲ့ ညပေါင်း (၇၀) ဆက်တိုက် ရိုက်ကူးခဲ့ရလို့ပါပဲ။ ကျွန်မအနေနဲ့ အဲ့လောက်ပင်ပင်ပန်းပန်း မရိုက်ခဲ့ရပါဘူး . . .” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

- Advertisement -

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 − 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...