HomeLifeStyleInstagram မှာ ပြန်တွေ့ရတော့မယ့် မြို့စားကတော် Meghan Markle

Instagram မှာ ပြန်တွေ့ရတော့မယ့် မြို့စားကတော် Meghan Markle

- Advertisement -

မြို့စားကတော် Meghan Markle တစ်ယောက် အင်စတာဂရမ်ပြန်သုံးတော့မယ်ဆိုတာဟာ ဟာသတစ်ခုမဟုတ်ပါဘူး။ Sussex ရဲ့ မြို့စား Harry နဲ့ မြို့စားကတော် Meghan တို့ နှစ်ဦးသားဟာ သူတို့ရဲ့မွေးဖွားလာတော့မယ့်ရင်သွေးလေးကို ကြိုဆိုဖို့အတွက် Kensington နန်းတော်ကနေထွက်ခွာပြီး သူတို့ရဲ့အိမ်အသစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေတယ်ဆိုတာကို အားလုံးသိထားပြီးသားပဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဒီတစ်ခါမှာတော့ နှစ်ဦးပေါင်းပြီး @SussexRoyal လို့အမည်ပေးထားတဲ့ အင်စတာဂရမ်အကောင့်တစ်ခုကိုဖွင့်ကာ “ကျွန်ုပ်တို့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်ုပ်တို့လုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေ ကျွန်ုပ်တို့ထောက်ခံအားပေးနေတဲ့အရာတွေကို ဒီကနေပဲပြောပြကြေငြာပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို ထောက်ခံအားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။” Harry နဲ့ Megan – လို့ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဒီစာတင်ပြီးတဲ့နောက်မှာပဲ မကြာသေးခင်ကမှ သူတို့နှစ်ဦးတက်ရောက်ခဲ့တဲ့ အစီအစဉ်အခမ်းနားနဲ့ပတ်သက်တာတွေကို တင်ခဲ့ပါတယ်။
မြို့စား Harry က သူ့ရဲ့ကိုယ်ရေးကိုယ်တာအတွက်တောင်မှ Social Media အကောင့်ကိုအသုံးမပြုခဲ့ဖူးသော်လည်း မြို့စားကတော် Meghan ကတော့ မြို့စား Harryနဲ့ မတွဲခင်အထိ အင်စတာဂရမ်အကောင့်အသုံးပြုနေခဲ့ပါသေးတယ်။ သူတို့နှစ်ဦးကြားက ချစ်သံယောဇဉ်က သေချာသလောက်ရှိပြီး လူတွေအားလုံးသိသွားတဲ့အချိန်မှာတော့ Meghan က ၂၀၁၈ ဇန်နဝါရီလမှာပဲ သူမရဲ့ အင်စတာဂရမ်အကောင့်ရော သူမအနုပညာရှင်တစ်ယောက်အဖြစ် လုပ်ကိုင်နေတုန်းက The Tig အမည်ရှိ သူမရဲ့ Lifestyle Blog ကိုပါ ဖျက်သိမ်းခဲ့ပါတယ်။
Meghan က ယခင်က သူမတစ်နေ့တာလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ သူမကိုပျော်ရွှင်စေတဲ့အရာတွေကို သူမရဲ့ပရိသတ်တွေကိုမျှဝေပေးလေ့ရှိပေမယ့် ယခုလို မြို့စားကတော်ဖြစ်သွားပြီးတဲ့အချိန်မှာတော့ ယခင်လိုပဲမျှဝေပေးနေမယ်လို့တော့ တပ်အပ်ပြောလို့မရပါဘူး။ သူတို့နှစ်ဦးပေါင်းပြီး ဖွင့်ထားတဲ့ ဒီအကောင့်ကနေတစ်ဆင့် သူတို့နှစ်ဦးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေဟာ Kensington နန်းတော်က တင်ပေးတဲ့ အချက်အလက်တွေနဲ့တော့ အများကြီးကွာခြားနေတော့မှာပါပဲ။

#SY(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 5 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...