HomeEntertainmentအမျိုးသားသရုပ်ဆောင်နဲ့တန်းတူ အနုပညာကြေးမရတဲ့အပေါ် မခံမရပ်နိုင်ဖြစ်သွားတဲ့ Michelle Williams

အမျိုးသားသရုပ်ဆောင်နဲ့တန်းတူ အနုပညာကြေးမရတဲ့အပေါ် မခံမရပ်နိုင်ဖြစ်သွားတဲ့ Michelle Williams

- Advertisement -

အော်စကာဆုအတွက် လေးကြိမ်တိုင်တိုင် တစ်ကြိုးပေးခံရတဲ့ Michelle Williams က အရည်အချင်းတူညီသော အမျိုးသားနဲ့အမျိုးသမီးတို့ရဲ့ လုပ်ခလစာဟာ တူညီသင့်ကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုတဲ့ Capton Hill Tuesday အစီအစဉ်မှာ Speaker Nancy Pelosi တို့နဲ့အတူ ပါဝင်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ All the Money in the world ဆိုတဲ့ ဇာတ်ကားထဲမှာ Michelle Williams နဲ့ Mark Wahlberg တို့ဟာ အတူတူသရုပ်ဆောင်ထားပြီး Michelle က သူမရလိုက်တဲ့ အနုပညာကြေးက Mark Wahlberg ရဲ့ အနုပညာကြေးထက် ဒေါ်လာတစ်ထောင်တောင် နည်းနေတာကို သတိထားမိသွားကြောင်း ပြောဆိုခဲ့တာပါ။
Michelle Williams က “ကျွန်မက အသက်၁၂နှစ်အရွယ်ကတည်းကနေ အခုချိန်ထိ သရုပ်ဆောင်အဖြစ် အသက်မွေးလာခဲ့တာပါ။ ကျွန်မဟာ ဒီအနုပညာအသိုင်းအဝိုင်းမှာလည်း အနုပညာအရည်အချင်းအမြင့်ဆုံး သရုပ်ဆောင်တွေထဲက တစ်ဦးအဖြစ်အသိမှတ်ပြုခံထားရပြီးသားပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်တဲ့အချိန်မှာလည်း Mark က သူသရုပ်ဆောင်ရမယ့်အပိုင်းကို အစွမ်းကုန်ကြိုးစားခဲ့သလို ကျွန်မကိုယ်တိုင်ကလည်း အစွမ်းကုန်ကြိုးစားခဲ့တာပါပဲ။ ဒါပေမယ့်လည်း ကျွန်မရလိုက်တဲ့ အနုပညာကြေးက သူရရှိတဲ့ အနုပညာကြေးထက်ကို ဒေါ်လာ၁၀၀၀နည်းနေပါတယ်။ ဒါကိုသိတဲ့လူတွေအကုန်လုံးကလည်း အရေးလည်းမလုပ်သလို ဂရုလည်းမစိုက်ပါဘူး။ ကျွန်မနဲ့ ညီအမလိုခင်တဲ့ Jessica Chastain က ကျွန်မရဲ့အဖြစ်ကို သူမရဲ့တွစ်တာစာမျက်နှာပေါ်မှာ ကျွန်မဘက်ကနေရပ်ပြီး တင်ခဲ့ပြီးနောက်မှာ သူမကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကျွန်မတို့အမျိုးသမီးတွေက အမျိုးသားတွေထက် လုပ်ခလစာနည်းပြီးရဖို့အတွက် အမျိုးသားတွေနဲ့တန်းတူ ကြိုးစားလုပ်ဆောင်နေတာမျိုးဖြစ်နေပါပြီ။ ဒီအဖြစ်အပျက်ကနေ ကျွန်မဘဝအတွက် သင်ခန်းစာတစ်ခုရလိုက်တာက တန်းတူအခွင့်ရေးပေးချင်းမပေးချင်းက လူတွေအပေါ်မှာပဲ မူတည်နေတာပါ။ ကျွန်မလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ ပြီးပြတ်သွားတဲ့ အလုပ်တစ်ခုမှာဆိုရင် ကျွန်မနဲ့အတူတူအလုပ်တွဲလုပ်တဲ့ အမျိုးသားအနုပညာရှင်ရဲ့အနုပညာကြေးနဲ့ ကျွန်မရဲ့အနုပညာကြေးကတူတူပဲရှင့်။ ကျွန်မက ဒီဇာတ်ကားရဲ့ တချို့ဇာတ်ဝင်ခန်းတွေကို ပြန်ရိုက်ရာမှာ သရုပ်ဆောင်ပေးရမှာက ကျွန်မဆီမှာ ရုတ်တရက်ကြီးဖြစ်ပေါ်လာတာမို့ ကျွန်မအနေနဲ့ ကျေးဇူးတော်နေ့ကို ကျွန်မမိသားစုနဲ့ အတူတူမကျင်းပလိုက်ရဘူး။ ဒါပေမဲ့လည်း ကျွန်မရဲ့မိသားစုဝင်တွေအကုန်လုံးက ကျွန်မအပေါ်နားလည်ပေးတဲ့အပြင် ချီးမြောက်အားပေးကြပါသေးတယ်။” လို့ပြောပြခဲ့ပါတယ်။
USA Today သတင်းဌာနရဲ့အပြောအရတော့ Michelle Williams နဲ့ Mark Wahlberg တို့ နှစ်ဦးဟာ All the Money in the world ဇာတ်ကားထဲက တစ်ချို့သောဇာတ်ဝင်ခန်းတွေကို ပြန်လည်ရိုက်ကူးဖို့အတွက် ၁၀ရက်တာ အချိန်ပေးခဲ့ရပေမယ့် နှစ်ဦးလုံးရတဲ့ အနုပညာကြေးမှာ Mark ရဲ့ အနုပညာကြေးက သိသိသာသာများနေတာကို တွေ့ရတာပဲဖြစ်ပါတယ်။

#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 − 2 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...