HomeEntertainmentကိုယ်ပိုင်အရည်အချင်းကြောင့် Billionaire ဖြစ်လာတာမဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ Kylie Jenner

ကိုယ်ပိုင်အရည်အချင်းကြောင့် Billionaire ဖြစ်လာတာမဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ Kylie Jenner

- Advertisement -

မကြာသေးခင်က အသက်၂၁နှစ်အရွယ် မော်ဒယ်လ်မလေး Kylier Jenner ဟာ အသက်အငယ်ဆုံး ကိုယ်ပိုင်အရည်အချင်းကြောင့် Billionaire ဖြစ်လာတယ်ဆိုပြီး Forbes မဂ္ဂဇင်းမျက်နှာဖုံးမှာ မျက်နှာဖုံးရှင်အဖြစ် ဂုဏ်ပြုဖော်ပြခံထားရတာကို သင်သိကောင်းသိပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီသတင်းကိုကြားရတာနဲ့ “ဘယ်လိုကြီးပါလိမ့်?” ဆိုပြီး မေးခွန်းတွေထုတ်လာတဲ့ လူတွေလည်းရှိကြပါတယ်။
Kylie ဟာ သူမပိုင်တဲ့ Kylie Cosmetics လို့ အမည်ရတဲ့ အလှကုန်ပစ္စည်းတွေကိုထုတ်လုပ်ပြီး နှုတ်ခမ်းနီမလေးတွေကြား အောင်မြင်မှုရရှိလာရာကနေတဆင့် ဘီလျံနာတစ်ယောက်ဖြစ်လာတယ်ဆိုပြီး သတ်မှတ်ဖော်ပြခံရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူတွေက “ကိုယ်ပိုင်အရည်အချင်းကြောင့်ဖြစ်ပေါ်လာရတယ်” ဆိုတာကို ဝေဖန်လာကြပါတယ်။ အကြောင်းကတော့ သူမဟာ ကမ္ဘာပေါ်ကအကျော်ကြားဆုံးမိသားစုထဲကနေ ဆင်းသက်လာတာဖြစ်ပြီး သူမဟာ အသက် ၉နှစ်အရွယ်ကတည်းက လူထုအရှေ့မှာကြီးပြင်းလာတာပဲဖြစ်ပါတယ်။
အဘိဓာန်အရ “self-made”ဆိုတဲ့ စကားလုံးဟာ “လူတစ်ဦးတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းကြောင့် ထိုလူကအောင်မြင်လာတယ်” ဆိုတာကို ရှင်းလင်းပြကာ ဒီကိစ္စမှာ ပါဝင်ပတ်သက်လာပါတယ်။ Kylie ကိုယ်တိုင်က သူမဟာ အခွင့်ထူးခံလူတန်းစားဖြစ်ခဲ့ပေမယ့်လည်း သူမမိဘတွေက သူမ အသက် ၁၅နှစ်ထဲက သူမကို ငွေကြေးမထောက်ပံ့တော့တဲ့အတွက် သူမရဲ့ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်ကြိုးစားတည်ထောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့လကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ Kylie က သူမရဲ့ကြိုးစားအားထုတ်မှုကို ဖော်ပြဖို့အတွက် “Self-Made” ဆိုတဲ့ စကားလုံးက အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

https://www.instagram.com/p/BvdKqtBn3N-/?utm_source=ig_embed

ဒါပေမယ့်လည်း New York Times က ပြုလုပ်တဲ့ အင်တာဗျူးမှာ လူတွေက သူမကို ကိုယ်ပိုင်အရည်အချင်းကြောင့် ဘီလျံနာဖြစ်လာတယ်ဆိုပြီး Forbes Magazine က မျက်နှာဖုံးရှင်အဖြစ်ဖော်ပြတာနဲ့ပတ်သက်ပြီး အပြင်းအထန်ဝေဖန်တဲ့ အကြောင်းကိုပြောတဲ့အခါမှာ Kylieက “ကျွန်မရဲ့အောင်မြင်မှုတစ်ခုလုံးက ကျွန်မရဲ့ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းကြောင့်ပဲဖြစ်လာတာလို့တော့ တထစ်ချပြောလို့မရပါဘူး။ Kris က သူမရဲ့ နှုတ်ခမ်းနီထုတ်လုပ်တဲ့အချိန်မှာ ကျွန်မကိုပါဝင်ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ အကယ်၍လူတွေက ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဝေဖန်နေတာဆိုရင်တော့ ဟုတ်တာတော့ ဟုတ်ပါတယ်။ ကျွန်မမှာ အမွေရထားတဲ့ငွေမရှိပေမယ့် ကျွန်မလိုအပ်တဲ့အကူအညီတွေကို လုံလုံလောက်လောက်ပေးတဲ့ အထောက်အပံ့ကောင်းတွေတော့ ရှိပါတယ် . . . ” လို့ ဆိုကာ သူမဟာ ကိုယ်ပိုင်အရည်အချင်းကြောင့် ဘီလျံနာဖြစ်လာတာမဟုတ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

9 + 6 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...