HomeLifeStyleဒေါ်လာ၂သိန်း၅သောင်းတန် ထီပေါက်သွားတဲ့ ကင်ဆာအဆင့်(၄) ခံစားနေရသူရဲ့အဖြစ်။

ဒေါ်လာ၂သိန်း၅သောင်းတန် ထီပေါက်သွားတဲ့ ကင်ဆာအဆင့်(၄) ခံစားနေရသူရဲ့အဖြစ်။

- Advertisement -

North Carolina မှာနေထိုင်တဲ့ Richard Beare ဟာ ပင်စင်ယူထားတဲ့ စက်မှုပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုလက်ရှိမှာတော့ အသဲကင်ဆာ အဆင့်၄ကို ခံစားနေရပါတယ်။ မထင်မှတ်ထားဘဲ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် Beare ဟာ ဒေါ်လာ၂သိန်း၅သောင်းတန်ထီပေါက်သွားပြီး သူ့ဇနီးရဲ့ အိမ်မက်တွေထဲကတစ်ခုဖြစ်တဲ့ အီတလီကိုသွားရောက်လည်ပတ်ချင်တဲ့ဆန္ဒကို အမှန်တကယ် ဖြစ်ပေါ်လာဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။
Beare က “ကျွန်တော်ကထီထိုးရတာသိပ်ပြီးတော့ ဝါသနာမပါဘူးဗျ။ ဒါပေမယ့် ထီဆိုင်အရှေ့ကနေ ကျွန်တော့်ဇနီးနဲ့အတူတူ လမ်းဖြတ်လျှောက်တဲ့အခါမျိုးမှာ ထီဆုကြေးများနေပြီဆိုရင် ကျွန်တော့်ဇနီးက ကျွန်တော့်ကို ထီထိုးဖို့တိုက်တွန်းပါလေရော။ ဒီတစ်ခါလည်း အဲ့လိုပါပဲ။ သူမ တိုက်တွန်းလို့ပဲ ကျွန်တော် ထီထိုးဖြစ်ပြီး ထီပေါက်သွားတာပါ။” လို့ ဖွင့်ဟပြောပြခဲ့ပါတယ်။ Beare ပြောပြချက်အရ သူဟာအဲ့နေ့က အိမ်နားကစတိုးဆိုင်တစ်ခုကိုသွားပြီး Carolina Black လက်မှတ်၄စောင်ဝယ်ခဲ့ပါတယ်။ အိမ်ရောက်တော့ ခဲခြစ်ကြည့်ရာမှာ ပထမ ၃ခုလုံးက ထီပေါက်စဉ်နဲ့မကိုက်ဘဲ နောက်ဆုံးတစ်ခုကျမှ ထီပေါက်စဉ်နဲ့ ကိုက်ညီနေတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
Beare ဟာ အသဲကင်ဆာ အဆင့် (၄) ကို ခံစားနေရတာကိုသိပြီး သိပ်မကြာခင်မှာပဲ ထီပေါက်သွားတာဆိုတော့ Beare ဇနီးမောင်နှံအတွက် ဆိုးခြင်းတွေကြားထဲက ကောင်းခြင်းဖြစ်ပေါ်လာသလိုပါပဲ။ Beare က ” ကျွန်တော်မကြာသေးခင်ကမှ ကျွန်တော့်မှာ အသဲကင်ဆာအဆင့်၄ ဖြစ်ပေါ်နေပြီဆိုတာကို သိထားရတာဗျ။ ဒါကြောင့်လည်း ကျွန်တော်မသေခင်မှာ ကျွန်တော့ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းချင်တော့တယ်။ ပြီးတော့ ကျွန်တော့ရဲ့ ဇနီးကလည်း အီတလီကိုအမြဲတမ်းသွားချင်နေခဲ့တာ။ ခုတော့ ကျွန်တော် သူမကို အီတလီခေါ်သွားနိုင်ပြီဗျ။” လို့ ဆိုခဲ့ပါတယ်။
Cleveland ဆေးခန်းရဲ့ ပြောကြားချက်အရတော့ အသဲကင်ဆာအဆင့်၄ကိုခံစားနေရတဲ့ ဝေဒနာရှင်ရဲ့ တခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ အဆုတ်၊ အရိုးနဲ့ သွေးကြောတွေထဲကို ကင်ဆာဆဲတွေပြန့်နှံ့နေပြီဖြစ်ပါတယ်။ အမှန်တကယ် ငွေကုန်ကျေးကြခံပြီး ကုမယ်ဆိုရင်တောင် အသဲကင်ဆာအဆင့်၄ကိုခံစားနေရတဲ့ဝေဒနာရှင်တွေထဲက ၁၁%လောက်ပဲ နောက်ထပ် ၅နှစ်လောက်ထိ အသက်ရှင်နေထိုင်နိုင်ကြတာဖြစ်ပါတယ်။
Beare က သူ့ရဲ့ ထီဆုငွေကိုထုတ်ယူပြီးနောက်မှာတော့ အခွန်ပေးစရာရှိတာတွေပေး၊ ဆေးကုသစရိတ်တွေပေးပြီး သူ့လက်ထဲတွင် ဒေါ်လာ ၁၇၆,၈၇၆ ကျန်သေးတာဖြစ်ပါတယ်။ ဘယ်လိုမဆို သူ့ဇနီးရဲ့အကြံဉာဏ်ပေးမှုသာမရှိရင် ခုချိန်ဒီလိုမျိုး အိပ်ကပ်ထဲငွေဖောင်းနေမှာ မဟုတ်ပါဘူးနော်။
<Unicode Version>

 

- Advertisement -

ေဒၚလာ၂သိန္း၅ေသာင္းတန္ ထီေပါက္သြားတဲ့ ကင္ဆာအဆင့္(၄) ခံစားေနရသူရဲ့အျဖစ္။

- Advertisement -

North Carolina မွာေနထိုင္တဲ့ Richard Beare ဟာ ပင္စင္ယူထားတဲ့ စက္မႈပညာရွင္တစ္ေယာက္ျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ အသဲကင္ဆာ အဆင့္၄ကို ခံစားေနရပါတယ္။ မထင္မွတ္ထားဘဲ ကံၾကမၼာရဲ႕ မ်က္ႏွာသာေပးမႈေၾကာင့္ Beare ဟာ ေဒၚလာ၂သိန္း၅ေသာင္းတန္ထီေပါက္သြားၿပီး သူ႔ဇနီးရဲ႕ အိမ္မက္ေတြထဲကတစ္ခုျဖစ္တဲ့ အီတလီကိုသြားေရာက္လည္ပတ္ခ်င္တ့ဲဆႏၵကို အမွန္တကယ္ ျဖစ္ေပၚလာဖို႔အတြက္ စီစဥ္ေနတယ္လို႔သိရပါတယ္။
Beare က “ကၽြန္ေတာ္ကထီထိုးရတာသိပ္ၿပီးေတာ့ ဝါသနာမပါဘူးဗ်။ ဒါေပမယ့္ ထီဆိုင္အေရွ႕ကေန ကၽြန္ေတာ့္ဇနီးနဲ႔အတူတူ လမ္းျဖတ္ေလွ်ာက္တဲ့အခါမ်ိဳးမွာ ထီဆုေၾကးမ်ားေနၿပီဆိုရင္ ကၽြန္ေတာ့္ဇနီးက ကၽြန္ေတာ့္ကို ထီထိုးဖို႔တိုက္တြန္းပါေလေရာ။ ဒီတစ္ခါလည္း အဲ့လိုပါပဲ။ သူမ တိုက္တြန္းလို႔ပဲ ကၽြန္ေတာ္ ထီထိုးျဖစ္ၿပီး ထီေပါက္သြားတာပါ။” လို႔ ဖြင့္ဟေျပာျပခဲ့ပါတယ္။ Beare ေျပာျပခ်က္အရ သူဟာအဲ့ေန႔က အိမ္နားကစတိုးဆိုင္တစ္ခုကုိသြားၿပီး Carolina Black လက္မွတ္၄ေစာင္ဝယ္ခဲ့ပါတယ္။ အိမ္ေရာက္ေတာ့ ခဲျခစ္ၾကည့္ရာမွာ ပထမ ၃ခုလံုးက ထီေပါက္စဥ္နဲ႔မကိုက္ဘဲ ေနာက္ဆံုးတစ္ခုက်မွ ထီေပါက္စဥ္နဲ႔ ကိုက္ညီေနတာကိုေတြ႔ခဲ့ရတာပဲျဖစ္ပါတယ္။
Beare ဟာ အသဲကင္ဆာ အဆင့္ (၄) ကို ခံစားေနရတာကိုသိၿပီး သိပ္မၾကာခင္မွာပဲ ထီေပါက္သြားတာဆိုေတာ့ Beare ဇနီးေမာင္ႏွံအတြက္ ဆိုးျခင္းေတြၾကားထဲက ေကာင္းျခင္းျဖစ္ေပၚလာသလိုပါပဲ။ Beare က ” ကၽြန္ေတာ္မၾကာေသးခင္ကမွ ကၽြန္ေတာ့္မွာ အသဲကင္ဆာအဆင့္၄ ျဖစ္ေပၚေနၿပီဆိုတာကို သိထားရတာဗ်။ ဒါေၾကာင့္လည္း ကၽြန္ေတာ္မေသခင္မွာ ကၽြန္ေတာ့ဘဝႀကီးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲျဖတ္သန္းခ်င္ေတာ့တယ္။ ၿပီးေတာ့ ကၽြန္ေတာ့ရဲ႕ ဇနီးကလည္း အီတလီကိုအၿမဲတမ္းသြားခ်င္ေနခဲ့တာ။ ခုေတာ့ ကၽြန္ေတာ္ သူမကို အီတလီေခၚသြားႏိုင္ၿပီဗ်။” လို႔ ဆိုခဲ့ပါတယ္။
Cleveland ေဆးခန္းရဲ႕ ေျပာၾကားခ်က္အရေတာ့ အသဲကင္ဆာအဆင့္၄ကိုခံစားေနရတဲ့ ေဝဒနာရွင္ရဲ႕ တျခားေသာခႏၶာကိုယ္အစိတ္အပိုင္းေတြျဖစ္တဲ့ အဆုတ္၊ အရိုးနဲ႔ ေသြးေၾကာေတြထဲကို ကင္ဆာဆဲေတြျပန္႔ႏွံ႔ေနၿပီျဖစ္ပါတယ္။ အမွန္တကယ္ ေငြကုန္ေက်းၾကခံၿပီး ကုမယ္ဆိုရင္ေတာင္ အသဲကင္ဆာအဆင့္၄ကုိခံစားေနရတဲ့ေဝဒနာရွင္ေတြထဲက ၁၁%ေလာက္ပဲ ေနာက္ထပ္ ၅ႏွစ္ေလာက္ထိ အသက္ရွင္ေနထိုင္ႏိုင္ၾကတာျဖစ္ပါတယ္။
Beare က သူ႔ရဲ႕ ထီဆုေငြကိုထုတ္ယူၿပီးေနာက္မွာေတာ့ အခြန္ေပးစရာရွိတာေတြေပး၊ ေဆးကုသစရိတ္ေတြေပးၿပီး သူ႔လက္ထဲတြင္ ေဒၚလာ ၁၇၆,၈၇၆ က်န္ေသးတာျဖစ္ပါတယ္။ ဘယ္လိုမဆို သူ႔ဇနီးရဲ႕အႀကံဉာဏ္ေပးမႈသာမရွိရင္ ခုခ်ိန္ဒီလိုမ်ိဳး အိပ္ကပ္ထဲေငြေဖာင္းေနမွာ မဟုတ္ပါဘူးေနာ္။

- Advertisement -

<Zawgyi Version>

#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share

- Advertisement -

Must Read