Breaking News

Billie Eilish အကြောင်းမသိသေးတဲ့သူတွေအတွက် သူမအကြောင်းတစ်စေ့တစ်စောင်း။

သီချင်းတွေကို ကိုယ်တိုင်ရေးဖွဲ့ပြီး သီဆိုတဲ့ အဆိုတော်မလေး Billie Eilish ဟာ သူမရဲ့ ပွဲဦးထွက် သီချင်းအယ်လ်ဘမ်ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ဟာ iTunes မှာ နံပါတ်၁ချိတ်သွားပြီး အယ်လ်ဘမ်မထွက်ခင်အချိန်မှာပဲ လူသိများကျော်ကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် Billieလေးဟာ တကယ်ကိုကျော်ကြားတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမယ်ဆိုတာ သေချာသလောက်ရှိနေပါပြီ။
ဒါဆိုရင် Billie Eilish က ဘယ်သူလဲဆိုတာကို ကြည့်ရအောင်ပါ။
Billie ဟာ လော့စ်အိန်ဂျလိစ် အနုပညာအသိုင်းအဝိုင်းကမွေးဖွားလာတဲ့ ကလေးတစ်ယောက်ပါ။ သူမရဲ့မိဘနှစ်ပါးဟာ သရုပ်ဆောင်တွေဖြစ်ပြီး သူမဟာ ငယ်စဉ်က အကဝါသနာကြီးလို့ ကတာကို တစိုက်မက်မက်လုပ်ခဲ့ပေမယ့် ဒဏ်ရာရပြီး နောက်မှာတော့ အကကို စွန့်လွှတ်ခဲ့ပါတယ်။ သူမဟာ သူမရဲ့အကို Finneas ရေးဖွဲ့ထားတဲ့ “Ocean Eyes”လို့ အမည်ပေးထားတဲ့သီချင်းကို သီဆိုပြီး သူမကို အကသင်ပေးတဲ့ဆရာကို နားထောင်စေချင်လို့ လူတိုင်းအခမဲ့နားထောင်နိုင်တဲ့ Soundcloud မှာ စတင်ထုတ်လွှင့်ခဲ့ရာကနေစပြီးတော့ သူမရဲ့ ထူးခြားတဲ့အသံနဲ့ သီချင်းသံစဉ်ကို လူတွေသတိထားမိလာခြင်း ဖြစ်ပါတယ်။ အဲ့လိုနဲ့ လူတွေက ထိုသီချင်းကို သူတို့ရဲ့အကောင့်တွေမှာ ပြန်လည်တင်ရာကနေ နေ့ချင်းညချင်း နာမည်ကြီး ကျော်ကြားသွားတာပဲဖြစ်တယ်လို့ Billie ကTeen Vogue ကို ပြောပြခဲ့ပါတယ်။ ဆက်ပြီးတော့ သူမက “HillyDilly ဆိုတဲ့ Websiteက လူငယ်တွေအသိများပြီး လူသိပ်မသိသေးတဲ့ သီချင်းအသစ်တွေကို ဝဘ်ဆိုဒ်မှာတင်ပေးတယ်။ အဲ့လိုကနေပဲ လူတွေပိုသိလာကြတာပါ။ ခုလက်ရှိမှာ ကျွန်မရဲ့မန်နေဂျာဖြစ်တဲ့ Danny Ruckasin က ကျွန်မအကိုဆီကိုလာရောက်ပြီး ကျွန်မတို့ကို သီချင်းအသစ်တွေ ထုတ်လုပ်ရာမှာ ကူညီပေးချင်တယ်လို့ လာရောက်ကမ်းလှမ်းရာကနေပြီး အခုလိုအခြေအနေထိရောက်လာခြင်းဖြစ်ပါတယ် . . .” လို့ ဆိုခဲ့ပါတယ်။
Billie နဲ့ သူမအကို Finneas တို့ဟာ သီချင်းတွေကို အတူတူ ရေးစပ်ကြပြီး အတူတူ သရုပ်ဆောင်သီဆိုကြတာပဲဖြစ်ပါတယ်။ Billie က သီချင်းရေးသားဖို့အတွက် သူမရဲ့ခံစားချက်တွေကို ပြောပြရတဲ့လူက သူမရဲ့အကိုဖြစ်တာမို့ သူမအတွက် သိပ်ပြီးအခက်အခဲမရှိဘူးလို့လည်းဆိုခဲ့ပါတယ်။

“Ocean Eyes” ဆိုတဲ့ သီချင်းဟာ တစ်ရှိန်ထိုးအောင်မြင်မှုရပြီးနောက်မှာ Billie က “Six Feet Under” ၊ “BellyAche” နဲ့ “Bored” ဆိုတဲ့ သီချင်းတွေကို သီဆိုထုတ်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ သူမရဲ့ပွဲဦးထွက်အယ်လ်ဘမ် “Don’t Smile At ME” ကိုထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Apple Music က သူမရဲ့ သီချင်းစာသားတွေဟာ ပျော်မြူးစရာလည်း ကောင်းသလို စိတ်ခြောက်ခြားစရာလည်းကောင်းတယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။ Lana Del Ray ၊ Drake ၊ Big Sean ၊ Aurora စတဲ့ အနုပညာရှင်တွေဟာ Billieရဲ့ လေးစား အတုယူအားကျရတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

View this post on Instagram

i must be missing something

A post shared by BILLIE EILISH (@billieeilish) on

သူမရဲ့ သီချင်းတွေကို ပုံဖော်ရိုက်ကူးတဲ့အခါမှာ ကြောက်စရာကောင်းတဲ့အရာတွေက သူမကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကြောက်ဖို့ကောင်းတဲ့ပုံစံဖြစ်အောင် MTV ရိုက်ကူးခြင်းနဲ့ပက်သက်ပြီး သူမကိုယ်တိုင်က သူမကိုကြောက်လန့်စေတဲ့ ပင့်ကူတွေ၊ အပ်တွေကို အသုံးပြုရင်း ကြောက်နေသလို ခံစားရတာကို ကြိုက်နေတာမျိုးပါ။ ၂၀၁၈ ခုနှစ်ရောက်တော့ Billie ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ သူမဟာ အာရုံကြောနဲ့ဆိုင်တဲ့ရောဂါဖြစ်တဲ့ အကြောဆွဲရောဂါခံစားနေရတယ်လို့ သူမရဲ့ပရိသတ်တွေကို ဖွင့်ဟဝန်ခံခဲ့ပါသေးတယ်။ ၂၀၁၉ခုနှစ်ရောက်တော့ Billie က သူမရဲ့ပွဲဦးထွက်သီချင်းအယ်လ်ဘမ်နဲ့ အသစ်ထွက်ရှိထားတဲ့သီချင်းတွေဟာ Spotify ရဲ့ လူအကြိုက်များဆုံးသီချင်းစာရင်းထဲမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေသာမက တချို့သောအနုပညာရှင်တွေကပါ သူမရဲ့သီချင်းတွေကို သဘောကျအားပေးလာကျတာပဲဖြစ်ပါတယ်။
နိဂုံးချုပ်ရမယ်ဆိုရင်တော့ Billie Eilish ဟာ ၂၀၁၉ခုနှစ်မှာ ပိုမိုတောက်ပလာမယ့်အနုပညာကြယ်ပွင့်တွေထဲက တစ်ပွင့်ဖြစ်ပါတယ်။ သူမရဲ့အသံဟာ နူးညံ့လှပသော်လည်း သူမရဲ့သီချင်းစာသားတွေက ခြောက်ခြားစရာကောင်းနေပြန်ရော။ သူမသီချင်းစာသားတွေရဲ့ အဓိကဆိုလိုရင်းတွေက သူမရဲ့ပင်ကိုယ်စရိုက်အတိုင်းပဲ။ ထူးဆန်းတယ်။ ကြောက်စရာကောင်းတယ်။ ထူးခြားချက်ကတော့ တခြားအဆိုတော်တွေအားလုံးနဲ့ ယှဉ်ကြည့်ရင် အတော်လေးကိုကွဲပြားနေတာပဲဖြစ်ပါတယ်။

<Unicode Version>

 

 

Billie Eilish အေၾကာင္းမသိေသးတဲ့သူေတြအတြက္ သူမအေၾကာင္းတစ္ေစ့တစ္ေစာင္း။

သီခ်င္းေတြကို ကိုယ္တိုင္ေရးဖြဲ႔ၿပီး သီဆိုတဲ့ အဆိုေတာ္မေလး Billie Eilish ဟာ သူမရဲ႕ ပြဲဦးထြက္ သီခ်င္းအယ္လ္ဘမ္ကို ထုတ္လုပ္လိုက္ၿပီျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္ဟာ iTunes မွာ နံပါတ္၁ခ်ိတ္သြားၿပီး အယ္လ္ဘမ္မထြက္ခင္အခ်ိန္မွာပဲ လူသိမ်ားေက်ာ္ၾကားသြားခဲ့တာပဲျဖစ္ပါတယ္။ ဒါကိုၾကည့္ခ်င္းအားျဖင့္ Billieေလးဟာ တကယ္ကိုေက်ာ္ၾကားတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာမယ္ဆိုတာ ေသခ်ာသေလာက္ရွိေနပါၿပီ။
ဒါဆိုရင္ Billie Eilish က ဘယ္သူလဲဆိုတာကို ၾကည့္ရေအာင္ပါ။
Billie ဟာ ေလာ့စ္အိန္ဂ်လိစ္ အႏုပညာအသိုင္းအဝုိင္းကေမြးဖြားလာတဲ့ ကေလးတစ္ေယာက္ပါ။ သူမရဲ႕မိဘႏွစ္ပါးဟာ သရုပ္ေဆာင္ေတြျဖစ္ၿပီး သူမဟာ ငယ္စဥ္က အကဝါသနာႀကီးလို႔ ကတာကို တစိုက္မက္မက္လုပ္ခဲ့ေပမယ့္ ဒဏ္ရာရၿပီး ေနာက္မွာေတာ့ အကကို စြန္႕လႊတ္ခ့ဲပါတယ္။ သူမဟာ သူမရဲ႕အကို Finneas ေရးဖြဲ႔ထားတဲ့ “Ocean Eyes”လို႔ အမည္ေပးထားတဲ့သီခ်င္းကို သီဆိုၿပီး သူမကို အကသင္ေပးတဲ့ဆရာကို နားေထာင္ေစခ်င္လို႔ လူတိုင္းအခမဲ့နားေထာင္ႏိုင္တ့ဲ Soundcloud မွာ စတင္ထုတ္လႊင့္ခဲ့ရာကေနစၿပီးေတာ့ သူမရဲ႕ ထူးျခားတဲ့အသံနဲ႔ သီခ်င္းသံစဥ္ကို လူေတြသတိထားမိလာျခင္း ျဖစ္ပါတယ္။ အဲ့လိုနဲ႔ လူေတြက ထိုသီခ်င္းကို သူတို႔ရဲ႕အေကာင့္ေတြမွာ ျပန္လည္တင္ရာကေန ေန႔ခ်င္းညခ်င္း နာမည္ႀကီး ေက်ာ္ၾကားသြားတာပဲျဖစ္တယ္လို႔ Billie ကTeen Vogue ကို ေျပာျပခဲ့ပါတယ္။ ဆက္ၿပီးေတာ့ သူမက “HillyDilly ဆိုတဲ့ Websiteက လူငယ္ေတြအသိမ်ားၿပီး လူသိပ္မသိေသးတဲ့ သီခ်င္းအသစ္ေတြကို ဝဘ္ဆိုဒ္မွာတင္ေပးတယ္။ အဲ့လိုကေနပဲ လူေတြပိုသိလာၾကတာပါ။ ခုလက္ရွိမွာ ကၽြန္မရဲ႕မန္ေနဂ်ာျဖစ္တဲ့ Danny Ruckasin က ကၽြန္မအကိုဆီကိုလာေရာက္ၿပီး ကၽြန္မတို႔ကို သီခ်င္းအသစ္ေတြ ထုတ္လုပ္ရာမွာ ကူညီေပးခ်င္တယ္လို႔ လာေရာက္ကမ္းလွမ္းရာကေနၿပီး အခုလိုအေျခအေနထိေရာက္လာျခင္းျဖစ္ပါတယ္ . . .” လို႔ ဆိုခဲ့ပါတယ္။
Billie နဲ႔ သူမအကို Finneas တို႔ဟာ သီခ်င္းေတြကို အတူတူ ေရးစပ္ၾကၿပီး အတူတူ သရုပ္ေဆာင္သီဆိုၾကတာပဲျဖစ္ပါတယ္။ Billie က သီခ်င္းေရးသားဖို႔အတြက္ သူမရဲ႕ခံစားခ်က္ေတြကုိ ေျပာျပရတဲ့လူက သူမရဲ႕အကိုျဖစ္တာမို႔ သူမအတြက္ သိပ္ၿပီးအခက္အခဲမရွိဘူးလို႔လည္းဆိုခဲ့ပါတယ္။

“Ocean Eyes” ဆိုတဲ့ သီခ်င္းဟာ တစ္ရွိန္ထိုးေအာင္ျမင္မႈရၿပီးေနာက္မွာ Billie က “Six Feet Under” ၊ “BellyAche” နဲ႔ “Bored” ဆိုတဲ့ သီခ်င္းေတြကို သီဆိုထုတ္လုပ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာေတာ့ သူမရဲ႕ပြဲဦးထြက္အယ္လ္ဘမ္ “Don’t Smile At ME” ကိုထုတ္လုပ္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ Apple Music က သူမရဲ႕ သီခ်င္းစာသားေတြဟာ ေပ်ာ္ျမဴးစရာလည္း ေကာင္းသလို စိတ္ေျခာက္ျခားစရာလည္းေကာင္းတယ္လို႔လည္း မွတ္ခ်က္ေပးၾကပါတယ္။ Lana Del Ray ၊ Drake ၊ Big Sean ၊ Aurora စတဲ့ အႏုပညာရွင္ေတြဟာ Billieရဲ႕ ေလးစား အတုယူအားက်ရတဲ့သူေတြျဖစ္တယ္လို႔ ဆိုပါတယ္။

View this post on Instagram

i must be missing something

A post shared by BILLIE EILISH (@billieeilish) on

သူမရဲ႕ သီခ်င္းေတြကို ပံုေဖာ္ရိုက္ကူးတဲ့အခါမွာ ေၾကာက္စရာေကာင္းတဲ့အရာေတြက သူမကိုယ္တိုင္ပဲျဖစ္ပါတယ္။ ေၾကာက္ဖို႕ေကာင္းတ့ဲပုံစံျဖစ္ေအာင္ MTV ရိုက္ကူးျခင္းနဲ႕ပက္သက္ၿပီး သူမကိုယ္တိုင္က သူမကိုေၾကာက္လန္႔ေစတဲ့ ပင့္ကူေတြ၊ အပ္ေတြကို အသံုးျပဳရင္း ေၾကာက္ေနသလို ခံစားရတာကို ႀကိဳက္ေနတာမ်ိဳးပါ။ ၂၀၁၈ ခုႏွစ္ေရာက္ေတာ့ Billie ဟာ သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာ သူမဟာ အာရံုေၾကာနဲ႔ဆိုင္တဲ့ေရာဂါျဖစ္တဲ့ အေၾကာဆြဲေရာဂါခံစားေနရတယ္လို႔ သူမရဲ႕ပရိသတ္ေတြကို ဖြင့္ဟဝန္ခံခဲ့ပါေသးတယ္။ ၂၀၁၉ခုႏွစ္ေရာက္ေတာ့ Billie က သူမရဲ႕ပြဲဦးထြက္သီခ်င္းအယ္လ္ဘမ္နဲ႔ အသစ္ထြက္ရွိထားတဲ့သီခ်င္းေတြဟာ Spotify ရဲ႕ လူအႀကိဳက္မ်ားဆံုးသီခ်င္းစာရင္းထဲမွာ ပါဝင္လာတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြသာမက တခ်ိဳ႕ေသာအႏုပညာရွင္ေတြကပါ သူမရဲ႕သီခ်င္းေတြကုိ သေဘာက်အားေပးလာက်တာပဲျဖစ္ပါတယ္။
နိဂံုးခ်ဳပ္ရမယ္ဆိုရင္ေတာ့ Billie Eilish ဟာ ၂၀၁၉ခုႏွစ္မွာ ပိုမိုေတာက္ပလာမယ့္အႏုပညာၾကယ္ပြင့္ေတြထဲက တစ္ပြင့္ျဖစ္ပါတယ္။ သူမရဲ႕အသံဟာ ႏူးညံ့လွပေသာ္လည္း သူမရဲ႕သီခ်င္းစာသားေတြက ေျခာက္ျခားစရာေကာင္းေနျပန္ေရာ။ သူမသီခ်င္းစာသားေတြရဲ႕ အဓိကဆိုလိုရင္းေတြက သူမရဲ႕ပင္ကိုယ္စရိုက္အတိုင္းပဲ။ ထူးဆန္းတယ္။ ေၾကာက္စရာေကာင္းတယ္။ ထူးျခားခ်က္ကေတာ့ တျခားအဆိုေတာ္ေတြအားလံုးနဲ႔ ယွဥ္ၾကည့္ရင္ အေတာ္ေလးကိုကြဲျပားေနတာပဲျဖစ္ပါတယ္။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro