HomeEntertainmentWill Smith နဲ့ Martin Lawrence တို့အတွဲကို ပြန်လည်မြင်တွေ့ရတော့မယ့် Bad Boys III

Will Smith နဲ့ Martin Lawrence တို့အတွဲကို ပြန်လည်မြင်တွေ့ရတော့မယ့် Bad Boys III

- Advertisement -

Bad Boys တတိယမြောက်ဇာတ်ကားကို ဇန်နဝါရီ ၂၀၂၀ ခုနှစ်မှာ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။

Will Smith နဲ့ Martin Lawrence တို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က မိုင်ယာမီကမ်းခြေမှာ Bad Boys နောက်ဆက်တွဲဇာတ်ကားကို စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

- Advertisement -

အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသားကြီး Will Smith ကို အနက်ရောင်ဝမ်းဆက်နဲ့ သေနတ်ကိုင်ကာ အလျင်စလိုပြေးနေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ဓာတ်ပုံထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

- Advertisement -

- Advertisement -

ထိုနည်းတူစွာ မင်းသားကြီး Martin Lawrence ကိုလည်း အနက်ရောင် တီးရှပ်၊ ဂျင်းဘောင်းဘီ၊ အဖြူရောင် ရှူးဖိနပ်၊ ဂျာကင်အနီရောင်ဝတ်ဆင်ပြီး ဖုန်းပြောနေပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တွဲဖက် ဝါရင့်သရုပ်ဆောင်မင်းသားကြီးနှစ်ယောက်ကို လမ်းလျှောက်ရင် စကားပြောနေကြပုံကိုလည်း  တွေ့မြင်ရမှာဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ Bad Boys I နဲ့ II ထဲကလိုပဲ ဝါရင့်မင်းသားကြီးအတွဲကို အကောင်းဆုံးပုံစံနဲ့ Bad Boys III မှာတွေ့ရှိမယ်ဆိုတာ ကျိန်းသေပေါက်ပဲဖြစ်ပါတယ်။

https://www.instagram.com/p/BppYYhjhNnD/?utm_source=ig_embed

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read