၁။ Bucky Barnes
Bucky သည် Iron Man ရဲ့ မိဘများကို သတ်ခဲ့သည့် လူသတ်သမားတစ်ဦးဖြစ်ပြီး Civil War ဖြစ်နေစဉ်အချိန်၌လည်း Avengers များကြား၌ သဘောထားကွဲလွဲမှုများဖြစ်စေသည့် ဇာတ်ဆောင်တစ်ဦးဖြစ်ပါတယ်။ Bucky ကို အဘယ်ကြောင့် အကြိမ်ပေါင်းများစွာ ကယ်တင်နေကြသည်ကို နားမလည်နိုင်ဖြစ်နေကြပါတယ်။
၂။ Captain America
ပုံမှန်အားဖြင့် ပရိသတ်များက Captain America ကို ချစ်မြတ်နိုးကြသော်လည်း အများစုကမူ သူ့ရဲ့ မှားယွင်းသော ဆုံးဖြတ်ချက်များနဲ့ ပတ်သက်၍ စိတ်ပျက်လျက်ရှိနေကြခြင်းလည်း ဖြစ်ပါတယ်။ Captain America ရဲ့ ဆုံးဖြတ်ချက်အမှားများကြောင့် ပြဿနာများစွာဖြစ်ပေါ်စေပြီး ပရိသတ်များကမူ Captain America ရဲ့နေရာကို အခြားသော ဇာတ်ဆောင်တစ်ဦးဖြင့် အစားထိုးစေရန် ဆန္ဒရှိနေကြခြင်းလည်း ဖြစ်ပါတယ်။
၃။ Iron Man
Iron Man ဝတ်စုံမရှိလျှင် ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်ခြင်းမရှိပေမယ့် မိမိကိုယ်ကို အထင်ကြီးနေဆဲဖြစ်သည့် အဆိုပါ ဇာတ်ကောင်အနေနဲ့ Avengers ဇာတ်ကားများမှ အနားယူသင့်ပြီဖြစ်ကြောင်း ပရိသတ်များက ဝေဖန်နေကြပါတယ်။
၎။ Rocket
စိတ်ပျက်စရာ အဆိုပါကြွက်နဲ့ ပတ်သက်ပြီး အရမ်းကို စိတ်ပင်ပန်းစရာ ကောင်းနေပြီလည်း ဖြစ်ပါတယ်။
၅။ Falcon
Falcon သည်လည်း အဘယ်ကြောင့် Avengers ဇာတ်ကားများ၌ အရေးပါအရာရောက်နေရသလဲဆိုသည်ကို မဖြေရှင်းနိုင်ဖြစ်နေကြပါတယ်။
၆။ Loki
Bucky Barnes ကဲ့သို့ပင် အလွဲအမှားများကို အမြဲတမ်း ပြုလုပ်တတ်သည့် ဇာတ်ကောင်တစ်ဦးဖြစ်ပြီး အခြားသောသူများအတွက် ပြဿနာဖြစ်ပွါးစေသူတစ်ဦးလည်း ဖြစ်ပါတယ်။
၇။ Black Widow
လှပသည့် အမျိုးသမီးဇာတ်ကောင်တစ်ဦးဖြစ်သည့်တိုင် အဘယ်ကြောင့် လက်ရှိအချိန်အထိ Avengers ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်နေဆဲဖြစ်သည်ကိုမူ အဖြေရှာရန် ခက်ခဲနေဆဲလည်းဖြစ်ပါတယ်။
၈။ Groot
သစ်ပင်များကို ချစ်မြတ်နိုးသည့်တိုင်အောင် Avengers ဇာတ်ကားထဲမှ အဆိုပါ သစ်ပင်သာ ဆက်လက်သေဆုံးနေမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း မှတ်ချက်ပြုနေကြပါတယ်။
၉။ Hulk
Mark Ruffalo သာ သေဆုံးသွားမည်ဆိုပါက မိမိတို့လည်းလိုက်သေမည်ဖြစ်ကြောင်း အချို့ပရိသတ်များကဆိုကြပါတယ်။
၁၀။ Captain Marvel
Captain Marvel သည် Avengers ဇာတ်ကား၌ စွမ်းအားအကြီးမားဆုံးအဖြစ် အငြင်းပွားဖွယ်ရာမရှိ ရပ်တည်လျက်ရှိပါတယ်။ စိတ်သဘောထားကြီးမားသူဖြစ်သည့်အလျောက် ရဲရဲဝင့်ဝင့်နေထိုင်မှု၊ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများနဲ့အတူ ပရိသတ်များရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်သည့် ဇာတ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။
၁၁။ Goose
Marvel ဇာတ်ကားများ၌ သင့်ရဲ့အနှစ်သက်ဆုံး ဇာတ်ဆောင်က Goose သာ မဟုတ်ခဲ့လျှင် ကိုယ့်ကိုကိုယ်ပြန်လည် စစ်ဆေးရန်လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ အကောင်းဆုံး သရုပ်ဆောင်နိုင်သည့် ဇာတ်ဆောင်တစ်ဦးဖြစ်ပြီး Goose နဲ့ Thanos တို့ နှစ်ဦး တိုက်ခိုက်ခဲ့လျှင်ပင် Goose ဘက်မှ လောင်းကြေးထပ်သွားမည်ဖြစ်ကြောင်း ပရိသတ်များကဆိုကြပါတယ်။
၁၂။ Black Panther
နောက်တစ်ယောက်ကတော့ ဝါကန်ဒါတိုင်းပြည်ရဲ့ အရှင်သခင် Black Panther ပဲဖြစ်ပါတယ်။ တကယ်တမ်းကျရင် Black Panther ဆိုတာ လုံးဝမရှိသင့်ပါဘူး။ သူနဲ့ ဝါကန်ဒါတိုင်းပြည်ရှိနေလို့သာ Captain America နဲ့ Bucky Barnes တို့ ဆက်လက်ရှင်သန်နေခြင်းသာဖြစ်ပါတယ်။
၁၃။ Spider Man
“ Mr. Stark…. ကျွန်တော်နေလို့မကောင်းတော့ဘူး . . . ” ဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားနဲ့ ခွဲခွာနှုတ်ဆက်သွားတဲ့ Spider Man လေးကို ပြန်မခေါ်ပေးဘူးဆိုရင်တော့ Marvel ပရိသတ်တွေအနေနဲ့ ကျေနပ်နိုင်လိမ့်မယ် မထင်ပါဘူး။
၁၄။ Thor
ဝတ်စုံကြောင့်မဟုတ်ဘဲ အမှန်တကယ်စွမ်းအားရှိတဲ့ Avengers Hero တွေထဲမှာ Thor လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ တကယ့်ကို စွမ်းအားတွေအပြည့်နဲ့ ကမ္ဘာကြီးကို ကယ်တင်စောင့်ရှောက်နေတဲ့ သူရဲကောင်းကြီးဖြစ်လို့ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရထားတဲ့ Hero လည်းဖြစ်ပါတယ်။
၁၅။ Doctor Strange
ပရိသတ်တွေ Doctor Strange ဇာတ်ကောင်ကို ကြိုက်နှစ်သက်တယ်ဆိုတာ အမှန်တကယ်တော့ Sherlock Holmes ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော်ထားတဲ့ မင်းသားကြီးကြောင့်ပဲဖြစ်ပါတယ်။ နောက်ပြီး Doctor Strange ဟာ လှည့်ဖြားတဲ့နေရာမှာ ကျွမ်းကျင်မှုရှိပြီး အကောင်းဆုံးလည်း ခုခံနိုင်စွမ်းရှိတဲ့ Hero လည်း ဖြစ်ပါတယ်။
သူငယ်ချင်းတို့ကော ဘယ်လိုထင်လဲ ? ? ?
Comment မှာ မန့်ခဲ့ပေးလို့ရတယ်နော် . . .
#HM(soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share