HomeSportကော်တင်ဟိုရဲ့ အေးဂျင့်အားဆက်သွယ်ခဲ့သည့် ကလပ်အသင်း (၃) သင်း။

ကော်တင်ဟိုရဲ့ အေးဂျင့်အားဆက်သွယ်ခဲ့သည့် ကလပ်အသင်း (၃) သင်း။

- Advertisement -

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ကော်တင်ဟိုအား ခေါ်ယူရန်အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူအား ဆက်သွယ်ခဲ့သည့် ကလပ်အသင်း (၃) သင်းအထိ ရှိခဲ့ကြောင်း The Mirror သတင်းစာမှ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့သည့် ဘောလုံးရာသီရဲ့ ဆောင်းရာသီအပြောင်းအရွှေ့၌ လီဗာပူးအသင်းထံမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကော်တင်ဟိုသည် အသင်းနဲ့ တစ်နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ပြီးချိန်အထိ အထိုင်ကျရန် ရုန်းကန်နေရသောကြောင့် လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းအား စွန့်ခွာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းကလည်း အဆိုပါ ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားကို ရောင်းချရန် ဆုံးဖြတ်ပြီးဖြစ်ရာ ယူနိုက်တက်အသင်း၊ ချဲလ်ဆီးအသင်းနဲ့ PSG အသင်းတို့သည် ကော်တင်ဟိုကို ခေါ်ယူရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ဘာစီလိုနာအခြေစိုက် သတင်းစာတစ်စောင်မှ  ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းသည် ရီးရဲယ်မက်ဒရစ်အသင်းက အလိုရှိနေသည့် တောင်ပံကစားသမား ဟာဇက်သာ အသင်းမှ ထွက်ခွာသွားခဲ့ပါက ကော်တင်ဟိုနဲ့ အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်ပြီး PSG အသင်းကလည်း နေမာ၊ အမ်ဘာပေတို့ကို လက်လွှတ်ခဲ့ရပါက ကော်တင်ဟိုကဲ့သို့ ဘရာဇီးကြယ်ပွင့်ကစားသမားကို ပြန်လည်ခေါ်ယူနိုင်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းသည်လည်း ပြီးခဲ့သည့် ဆောင်းရာသီ အပြောင်းအရွှေ့မှစ၍ ကော်တင်ဟိုကို စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး လာမည့်နွေရာသီ အပြောင်းအရွှေ့ရောက်ရှိချိန်၌လည်း ကော်တင်ဟိုကို ခေါ်ယူရန်ထပ်မံကြိုးစားဖွယ်ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့ပါတယ်။ သတင်းများရဲ့ ဖော်ပြချက်အရ ပြီးခဲ့သည့် နိုင်ငံတကာရက်သတ္တပတ်ပွဲစဉ်များအတွင်း၌ ကော်တင်ဟိုကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းမှ ထွက်ခွာလိုကြောင်း ဘရာဇီးအသင်းဖော်များကို ပြောကြားခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း၌ ပြုလုပ်ခဲ့သည့် သွေးပူလေ့ကျင့်ခန်းအစီအစဉ်တစ်ခု၌လည်း ကော်တင်ဟိုရဲ့ ဘာစီလိုနာအသင်းဖော်ပီကေးက “လုပ်စမ်းပါ ကော်တင်ဟို။ စိတ်လွတ်လက်လွတ်ဖြစ်မနေပါနဲ့။” ဟု အော်ဟစ်ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာများနဲ့တွေ့ဆုံရာ၌ ပီကေးက “သူ့(ကော်တင်ဟို) အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက အရမ်းကို များပြားတာကြောင့် အားလုံးက သူ့ရဲ့ အမြင့်ဆုံးခြေစွမ်းကို  မျှော်လင့်ကြတာပါ။ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုလည်း ကျွန်တော်တို့ လက်ခံနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့ကို အားပေးနေတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အားပေးမှုအတွက် ကျွန်တော်တို့က ပြန်ပြီး ပေးဆပ်ဖို့လိုအပ်ပါတယ်။ ရာသီကုန်ချိန်အထိ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ကျွန်တော်တို့ လိုအပ်ပြီး သူကလည်း ဒီလိုခြေစွမ်းမျိုးပြသနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read