Breaking News
https://www.instagram.com/p/BvrAcfkgmhk/ jlo Verified IÕm a hustler baby... I just want you to know... #Ramona on fire ?? On set and in character for #hustlersmovie #stxentertainment Jennifer Lopez Instagram

ပန်းရောင်ဘီကီနီနဲ့ ဗိုက်ကြွက်သားအလှကို ဖွင့်ဟပြသွားသည့် Jennifer Lopez

Jennifer သည် နောက်ထပ်အသစ်ထွက်ရှိလာမည့် ဇာတ်ကားဖြစ်သည့် Hustlers ဇာတ်ကားအတွက် Constance Wu, Cardi B, Julia Stiles, Keke Palmer နဲ့ Lili Reinhart တို့နဲ့ အတူ ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိပါတယ်။

အသက် (၄၉) နှစ်ပြည့်မြောက်သည့်တိုင် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးနေဆဲဖြစ်သည့် Jennifer သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သူမရဲ့အလန်းစားခန္ဓာကိုယ်အလှကို Instagram စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ မျှဝေသွားခဲ့ကြောင်း သိရှိရပါတယ်။ ပန်းရောင်ဘီကီနီကို ဝတ်ဆင်ထားသည့်အပြင် ပန်းရောင်နှုတ်ခမ်းနီနဲ့ လှပနေသည့် Jennifer က နေကာမျက်မှန်တစ်လက်နဲ့ အခြားသော လက်ဝတ်တန်ဆာမျိုးစုံကို ဝတ်ဆင်ပြီး အဆိုပါ ဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Hustlers ဇာတ်ကား၌ အဖော်အချွတ်မယ်တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည့် Jennifer တစ်ယောက် တိုင်ပတ်အကကို လေ့ကျင့်နေသည့် ဗီဒီယိုကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဆိုရှယ်မီဒီယာပေါ်၌ ပျံ့နှံ့ခဲ့ပါသေးတယ်။ အဆိုပါ ညစ်ညမ်းအကနဲ့ ပတ်သက်၍လည်း Jennifer က “ဒီအကကို လေ့ကျင့်ရတာ အရမ်းခက်ခဲပြီး ကျွန်မရဲ့ ခန္ဓာကိုယ်အနှံ့မှာ အတွင်းကြေဒဏ်ရာတွေ ရခဲ့ပါတယ်။” ဟုလည်း  ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် Jennifer သည် အဆိုပါ ဇာတ်ကားကို ရိုက်ကူးရန်အတွက် သူမရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလည်း  လျှော့ချခဲ့ရပြီး သူမရဲ့ ထရိန်နာဖြစ်သူ Dodd Romero က သကြားနဲ့ဂဏန်းကို လုံးဝမစားသုံးရန် ညွှန်ကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။ အဆိုပါ အချိန်ကာလများနဲ့ ပတ်သက်၍လည်း Jennifer က “ခေါင်းကိုက်ရုံတင်မကပါဘူး။ စကြာဝဠာကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသလိုတောင် ခံစားရပါတယ်။ ကိုယ့်ကိုကိုယ် ဘယ်လိုမှခံစားလို့မရတော့ဘဲ သကြားကို တော်တော်လေး စွဲလန်းနေတယ်ဆိုတာကို သိခဲ့ရပါတယ်။”

“ဒါပေမယ့် ဒီလိုမျိုးတွေဖြတ်လိုက်တာက ခန္ဓာကိုယ်ရောင်ရမ်းတာတွေကို အတော်လေး လျှော့ချပေးပါတယ်။ နောက်ပိုင်းမှာတော့ သိသိသာသာဝိတ်ကျသွားသလို ခံစားရပြီး တော်တော်လေး နေရထိုင်ရ ကောင်းလာပါတယ်။” ဟူ၍ ဖွင့်ဟပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro