ရက်သတ္တပတ်အနည်းငယ်ဆိုရင် Game of Thrones (Season – 8) ဇာတ်သိမ်းပိုင်းကို HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မှာပဲဖြစ်ပါတယ်။ Game of Thorines ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်ပိုင်းကို ပရိသတ်တွေသာမကပဲ သရုပ်ဆောင်တွေကပါ အလွန်တရာမှ စိတ်လှုပ်ရှားခဲ့ကြပါတယ်။
လွန်ခဲ့တဲ့တစ်လအရင်က Jon Snow အဖြစ်သရုပ်ဆောင်ထားတဲ့ Kit Harington ရဲ့ အင်တာဗျူးတစ်ခုမှာ “ ကျွန်တော့်မှာ ဇာတ်သိမ်းပိုင်းရဲ့ ဇာတ်ညွှန်းကိုမြင်ပြီး အရမ်းလည်း ထိတ်လန့်ခဲ့သလို အရမ်းလည်း အံ့အားသင့်ခဲ့ရပြီး ခဏတစ်ဖြုတ် မှင်သက်သွားရပါတယ် . . .” ဆိုပြီး ပြောပြခဲ့ပါတယ်။
ထိုနည်းတူစွာ Daenerys Targaryen အဖြစ် သရုပ်ဆောင်ထားတဲ့ Emilia Clarke မှလည်း သူမအနေနဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ ဇာတ်ညွှန်းကို ရရပြီးချင်း လန်ဒန်မြို့ထဲမှာ ရည်ရွယ်ချက်မရှိပဲ ၃ နာရီကျော်ကြာလောက် လျှောက်သွားနေခဲ့တယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ သူမအနေနဲ့လည်း နောက်ဆုံးဇာတ်သိမ်းပိုင်းကို ရိုက်ကူးနေစဉ်အတွင်း အလွန်တရာမှာ ဝမ်းနည်းကြေကွဲခဲ့ရတယ်ဆိုပြီး ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အခုတစ်ကြိမ်မှာတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းရိုက်ကူးရာမှာ အလွန်တရာမှ ဖိအားများခဲ့ရတယ်ဟု ဆိုလာသူ Arya Stark အဖြစ်သရုပ်ဆောင်ထားတဲ့ Maisie William ပဲဖြစ်ပါတယ်။ S Magaine နဲ့ အင်တာဗျူးတစ်ခုမှာတော့ Maisie ဟာ သူမအနေနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသလို နောက်ဆုံးဇာတ်ဝင်ခန်း ရိုက်ကူးစဉ်အတွင်းမှာလည်း အလွန်တရာမှ စိတ်ရှုပ်ထွေးနေခဲ့တယ်ဆိုပြီိး ပြောပြခဲ့ပါတယ်။ နောက်ဆုံး Season တစ်ခုလုံးဟာ အလွန်တရာမှ ကြေကွဲဖွယ်ကောင်းပြီး သရပ်ဆောင်တွေအနေနဲ့လည်း မျက်ရည်စက်လက် စက်လက်နဲ့ ရိုက်ကူးခဲ့ရတယ်ဆိုပြီး သူမမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။
သူငယ်ချင်းတို့ကော နောက်ဆုံး Season ကို ဘယ်လိုထင်မြင်ကြလဲ ? ? ? ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို Comment မှာ ရေးပေးသွားလို့ရပါတယ်နော် . . .
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share