Breaking News

ပေါ့ဘာအတွက် တိုနီကရူးစ် ဂါရတ်ဘေးလ်တို့ကို ယူနိုက်တက်က လိုအပ်နေပြီလား ? ? ?

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသည် ဂါရတ်ဘေးလ်နဲ့တိုနီကရူးစ်တို့ကို မရရှိပါက ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာအား လက်လွှတ်ရန် အစီအစဉ်မရှိကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့် ရက်သတ္တပတ်အစောပိုင်း၌ ပေါ့ဘာက ရီးရဲယ်မက်ဒရစ်အသင်းတွင် ကစားခွင့်ရရှိရေးသည် ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပြီးနောက် အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကလည်း ပေါ့ဘာအတွက် ရီးရဲယ်မက်ဒရစ်အသင်းနဲ့ ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

AS သတင်းစာရဲ့ ဖော်ပြချက်အရ ရီးရဲယ်မက်ဒရစ်အသင်းအနေနဲ့ ပေါ့ဘာအား ခေါ်ယူလိုပါက အသင်းရဲ့ နာမည်ကျော်ကြယ်ပွင့်ကစားသမားများဖြစ်တဲ့ တိုနီကရူးစ်၊ ဂါရတ်ဘေးလ်တို့ကို ယူနိုက်တက်အသင်းထံ ပြန်လည်လက်လွှတ်ရဖွယ်ရှိကြောင်း သိရှိရပါတယ်။ ပေါ့ဘာသည် ယခုနှစ် ဘောလုံးရာသီ အစောပိုင်း၌ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ အဆင်မပြေမှုများ ဖြစ်ပွါးခဲ့ပြီး အသင်းမှ ထွက်ခွာရန် သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိနည်းပြဖြစ်သူ ဆိုးလ်ရှားလက်ထက်တွင်မူ ပုံမှန်ခြေစွမ်းများ ပြသလျက်ရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် ပေါ့ဘာကဲ့သို့ အဓိက ကွင်းလယ်ကစားသမားကို လက်လွှတ်ခဲ့ရပါက အခြားသော ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် တိုနီကရူးစ်ကို ပြန်လည်အလိုရှိနေခြင်းဖြစ်ပြီး ဂါရတ်ဘေးလ်သည်လည်း ယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်ရာ ယူနိုက်တက်အသင်းအနေနဲ့ ပေါ့ဘာကိုသာ လက်လွှတ်ခဲ့ရသည်ရှိသော် အခုလိုပဲ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားများကို ပြန်လည်ခေါ်ယူနိုင်ရန် ဆန္ဒရှိနေခြင်းလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရော်နယ်ဒိုနဲ့ မော်ရင်ဟိုကို ပြန်လည်ဆုံဆည်းပေးဖို့ ကြိုးစားနေတဲ့ ရိုးမား။

အီတလီသတင်းဌာန Retesport က ရိုးမားအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေမှုတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုတယောက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro