HomeSportဂါရတ်ဘေးလ်အတွက် ကမ်းလှမ်းမှု (၃) ခုကို ပယ်ချခဲ့သည့် ရီးရဲယ်မက်ဒရစ်အသင်း။

ဂါရတ်ဘေးလ်အတွက် ကမ်းလှမ်းမှု (၃) ခုကို ပယ်ချခဲ့သည့် ရီးရဲယ်မက်ဒရစ်အသင်း။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းသည် အသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သူ ဂါရတ်ဘေးလ်အတွက် ရရှိခဲ့သည့် ကမ်းလှမ်းမှု (၃) ခုကို ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ အင်္ဂလန်ကလပ် စပါးအသင်း၊ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်း နဲ့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းတို့သည် ဂါရတ်ဘေးလ်အား လာမည့်နွေရာသီ၌ ခေါ်ယူရန်အတွက် ရီးရဲယ်မက်ဒရစ်အသင်းထံ ချဉ်းကပ်ခဲ့ပေမယ့် မက်ဒရစ်မြို့ခံအသင်းက ငြင်းဆန်ပယ်ချမှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်သည် (၂၀၂၁-၂၂) ခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ  ဝေးလ်စ်လက်ရွေးစင်ကစားသမားသည် ယခုနှစ်ဘောလုံးရာသီ၌ အသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲကစားပြီး (၁၄) ဂိုးသွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး မကြာခဏဆိုသလို ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

Don Balon သတင်းစာရဲ့ ဖော်ပြချက်အရ စပါး၊ အင်တာမီလန်နဲ့ PSG အသင်းတို့သည် ဂါရတ်ဘေးလ်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြပေမယ့် အဆိုပါ ကမ်းလှမ်းမှုများသည် ပေါင် (၆၈.၈) သန်းထက်  လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။ နောက်ဆက်တွဲသတင်းများအရ ရီးရဲယ်မက်ဒရစ်အသင်းအနေနဲ့ ဂါရတ်ဘေးလ်ကို လာမည့်နွေရာသီ အပြောင်းအရွှေ့၌ ရောင်းချရန် ဆန္ဒမရှိပေမယ့် ပြောင်းရွှေ့ကြေး ပေါင် (၉၄.၇) သန်းနဲ့အထက် ကမ်းလှမ်းမှုများကိုမူ လက်ခံစဉ်းစားပေးသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်က စပါးအသင်းမှ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးနောက် လက်ရှိအချိန်အထိ အသင်းအတွက် ပွဲပေါင်း (၂၂၄) ပွဲကစားပေးခဲ့ပြီး (၁၀၂) ဂိုးအထိ သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား (၁) ကြိမ်၊ ကိုပါဒယ်ရေးဖလား (၁) ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၄) ကြိမ် ဆွတ်ခူးရရှိနိုင်ခဲ့သည့် ဂါရတ်ဘေးလ်ကို ခေါ်ယူရန်အတွက် အင်္ဂလန်ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

- Advertisement -

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read