၁။ Lindsay Lohan
Lindsay Lohan အနေနဲ့ ယခုအချိန်တွင် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာရန် ကြိုးစားလျက်ရှိပြီး လက်ရှိတစ်ကြိမ်၌တွင်မူ ထိပ်ဆုံးနေရာ၌ ဆက်လက်ရပ်တည်နေနိုင်ရန် မျှော်လင့်ရမည်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် Lohan အနေနဲ့ သူမရဲ့ အတိတ်ဆိုးများရဲ့ လိုက်လံခြောက်လှန့်ခြင်းကို အမြဲတမ်း ရင်ဆိုင်ရနေရဖွယ်ရှိပါတယ်။
၂။ Demi Lovato
မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ခဲ့သည့် Demi Lovato အနေနဲ့ အဆိုပါ အရိပ်မည်းကြီးက သူမရဲ့ စိတ်ထဲ၌ ကြီးစိုးနေဆဲဖြစ်မည်မှာ သေချာသော်လည်း ထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ရန်အတွက် အရည်အချင်းအပြည့်ရှိသည့် အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
၃။ Britney Spears
ခေါင်းတုံးတုံးပြီး သတင်းထောက်များကို အော်ဟစ်ခဲ့သည့် Britney Spears ရဲ့ ဟန်ပန်ကို ပရိသတ်များအားလုံး မြင်တွေ့ခဲ့ကြမှာဖြစ်ပါတယ်။ သို့သော်လည်း အခုနောက်ပိုင်းတွင် ကောင်းမွန်စွာ နေထိုင်လျက်ရှိပြီး Britney အနေနဲ့ လက်ရှိအခြေအနေများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ရမှာလည်း ဖြစ်ပါတယ်။
၄။ Shia LaBeouf
Shia အနေနဲ့ ဟောလိဝုဒ်ရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့် နောက်ပိုင်းတွင်မူ အခြားသော အနုပညာရှင်များရဲ့ သီချင်းစာသားများကို ခိုးယူသုံးစွဲခဲ့သည့် Shia ရဲ့ “Just do it” ဗီဒီယိုကို ပရိသတ်များအမှတ်ရနေကြမည်မှာလည်း အသေအချာပင်ဖြစ်ပါတယ်။
၅။ Melissa Joan Hart
Melissa ကလည်း မူးယစ်ဆေးရဲ့ သားကောင်တစ်ဦးဖြစ်ခဲ့ရပြီး သူမရဲ့ ဝါသနာသည်လည်း မှေးမှိန်ခဲ့ရပါတယ်။ နောက်ပိုင်းနှစ်များ၌ လူမြင်ကွင်းသို့ ရံဖန်ရံခါမှသာထွက်ပေါ်လာတတ်သည့် Melissa သည် အနာဂတ်အစီအစဉ်များနဲ့ ပတ်သက်၍ မသေချာမရေရာရှိနေဆဲလည်း ဖြစ်ပါတယ်။
၆။ Macaulay Culkin
“Home Alone” ဇာတ်ကားရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး Harry Potter ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ရန်အတွက် ကမ်းလှမ်းခြင်းခံခဲ့ရသည့် Macaulay သည်လည်း မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။
၇။ Amanda Bynes
(၂၀၁၂) ခုနှစ်မှ (၂၀၁၃) ခုနှစ်အထိ ကာလအတွင်းက Amanda အတွက် အအောင်မြင်ဆုံး အချိန်ကာလများဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်မူ စိတ်ပိုင်းဆိုင်ရာဝေဒနာများခံစားခဲ့ရသောကြောင့် စိတ်ရောဂါကုဆရာဝန်များနဲ့ နှစ်အနည်းငယ်ကြာ ကုသခဲ့ရပြီး လက်ရှိအချိန်၌မူ အနပညာလောကအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်လျက်ရှိပါတယ်။
၈။ Justin Bieber
တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ Justin တစ်ယောက် အသက် (၁၈) နှစ်ပြည့်ပြီး အရွယ်ရောက်လာချိန်မှစ၍ ကိုယ့်ကိုကိုယ် ပြဿနာမျိုးစုံဖြစ်အောင် ဖန်တီးလာခဲ့ပါတယ်။ လူပြိန်းကြိုက်သတင်းစာများရဲ့ အဓိက ပစ်မှတ်ဖြစ်ခဲ့သည့် Justin အနေနဲ့ သူတည်ဆောက်ခဲ့သည့် ဂုဏ်သတင်း ကျော်ဇောမှုကို အချိန်တိုအတွင်း၌ပင် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
<Unicode Version>
ဆယ်ကျော်သက်အရွယ်၌ တောက်ပခဲ့ပြီးမှ လမ်းကြောင်းမှားပေါ်ရောက်ရှိသွားခဲ့သည့် အနုပညာကြယ်ပွင့် (၈) ဦး။
၁။ Lindsay Lohan
၂။ Demi Lovato
၃။ Britney Spears
၎။ Shia LaBeouf
၅။ Melissa Joan Hart
၆။ Macaulay Culkin
၇။ Amanda Bynes
၈။ Justin Bieber
<Zawgyi Version>
#HM(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share