Breaking News
Manchester City's Sergio Aguero scores his side's second goal of the game

သွင်းဂိုးအများဆုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ပရီးမီးယားလိဂ် ကစားသမား (၁၅) ဦး။

ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) အထိ ကစားပြီးချိန်၌ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ အဂွေရိုသည်  ရွှေဖိနပ်ဆုအတွက် ပြီးခဲ့သည့် ဘောလုံးရာသီက ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အောင်ပွဲခံခဲ့သော လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဆာလာထက် (၂) ဂိုးအသာနဲ့ ဦးဆောင်လျက်ရှိပါတယ်။ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်က ဂိုးဖန်တီးမှု (၁၁) ကြိမ်နဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေပြီး လက်ရှိအချိန်တွင်မူ FourFourTwo သတင်းဌာနမှ သွင်းဂိုး အများဆုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် ကစားသမား (၁၅) ဦးကို ဖော်ပြပေးသွားခဲ့ပါတယ်။

 

၁၅။ ပေါ့ဘာ (ယူနိုက်တက်- (၁၁၉.၁) မိနစ်လျှင် တစ်ဂိုးနှုန်း)

ထိပ်တန်းကစားသမား (၁၅) ယောက်စာရင်း၌ ပါဝင်သည့် တစ်ဦးတည်းသော ကွင်းလယ်ကစားသမားဖြစ်ပြီး ယခုထက်ပိုမိုကောင်းမွန်သော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သွင်းဂိုး (၁၁) ဂိုးအနက် (၅) ဂိုးက ပင်နယ်တီမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ပေမယ့် ဂိုးဖန်တီးမှု (၉) ကြိမ်အထိ ပြုလုပ်ပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၁၄။ ရပ်ရှ်ဖို့ဒ် (ယူနိုက်တက်- (၁၁၈.၆) မိနစ်လျှင် တစ်ဂိုးနှုန်း)

စုစုပေါင်း ပွဲကစားချိန် (၂) နာရီပြည့်မြောက်ချိန်တိုင်း ပျမ်းမျှ တစ်ဂိုးသွင်းယူနိုင်ခြင်း (သို့မဟုတ်) တစ်ဂိုးဖန်တီးပေးထားနိုင်ပြီး ယူနိုက်တက်အသင်းအတွက်လည်း ပရီးမီးယားလိဂ်ပွဲပေါင်း (၁၀၅) ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးဖြစ်ပါတယ်။

 

၁၃။ ကော်လမ်ဝီလ်ဆင် (ဘုန်းမောက်- (၁၁၈) မိနစ်လျှင် တစ်ဂိုးနှုန်း)

ရရှိထားခဲ့သည့် သွင်းဂိုး (၁၁) ဂိုးအနက် ပင်နယ်တီသွင်းဂိုး (၁) ဂိုးသာပါဝင်ပြီး ဂိုးဖန်တီးမှု (၆) ကြိမ်ပြုလုပ်ပေးထားသည့် ဝီလ်ဆင်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရရှိရန် ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

 

၁၂။ မီခီတာရန် (အာဆင်နယ်- (၁၁၆) မိနစ်လျှင် တစ်ဂိုးနှုန်း)

အာဆင်နယ်အသင်းရရှိခဲ့သည့် သွင်းဂိုးများအနက် (၁၀) ဂိုးအထိ ပူးပေါင်းပါဝင်ပတ်သက်ခဲ့သည့် မစ်ခီတာရန်သည် ယူနိုက်တက်အသင်းတွင် ကစားခဲ့စဉ်က မော်ရင်ဟိုရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၁၁။ မာစီရဲယ်လ် (ယူနိုက်တက်- (၁၁၈) မိနစ်လျှင် တစ်ဂိုးနှုန်း)

အသင်းဖော်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ရပ်ရှ်ဖို့ဒ်နဲ့ တူညီသည့် သွင်းဂိုးအရေအတွက်ဖြစ်သည့် လိဂ်ဂိုး (၁၀) ဂိုးကို သွင်းယူပေးထားနိုင်ပေမယ့် ဂိုးဖန်တီးမှုအပိုင်း၌မူ ရပ်ရှ်ဖို့ဒ်ထက် (၄) ကြိမ်အထိ လျော့နည်းနေခြင်းလည်း ဖြစ်ပါတယ်။ သို့ရာတွင်မူ မာစီရယ်လ်အနေနဲ့ ရပ်ရှ်ဖို့ဒ်ထက် ပွဲထွက်ကစားခွင့်ရရှိသည့် မိနစ်နည်းပါးသည်ကိုလည်း သတိပြုရန်လိုအပ်ပါတယ်။

 

၁၀။ ဆာလာ (လီဗာပူး- (၁၁၄) မိနစ်လျှင် တစ်ဂိုးနှုန်း)

လီဗာပူးအသင်းရရှိခဲ့သည့် ဂိုးများအနက် (၂၄) ဂိုး၌ ပါဝင်ပတ်သက်နေခဲ့သည့် ဆာလာအနေနဲ့ ပြီးခဲ့သည့် ရာသီက ခြေစွမ်းကို ပြန်လည်ပြသနိုင်ရန် ရုန်းကန်နေရသဖြင့် ပရိသတ်များရဲ့ ဝေဖန်မှုများကိုလည်း ခံခဲ့ရပါတယ်။

 

၉။ ဟာရီကိန်း (စပါး- (၁၁၁.၃) မိနစ်လျှင် တစ်ဂိုးနှုန်း)

နောက်ဆုံးကစားခဲ့သည့် (၁၅) ပွဲ၌ (၁၂) ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် ဟာရီကိန်းရဲ့ ခြေစွမ်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပြီး ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၈။ ဂါဘရီရဲယ်ဂျေးဆူ (မန်စီးတီး- (၁၁၀.၈) မိနစ်လျှင် တစ်ဂိုးနှုန်း)

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲကစားချိန်များရဲ့ (၃၀) ရာခိုင်နှုန်းကိုသာ ကစားခွင့်ရရှိခဲ့သည့် ဂျေးဆူသည် အသင်းအတွက် (၆) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးကာ အသင်းရရှိခဲ့သည့် သွင်းဂိုး (၈) ဂိုးအတွက် ပါဝင်ပတ်သက်နေခဲ့ခြင်းလည်းဖြစ်ပါတယ်။

 

၇။ အူဘာမီးယန်း (အာဆင်နယ်- (၁၀၅) မိနစ်လျှင် တစ်ဂိုးနှုန်း)

ချဲလ်ဆီး၊ ဖူလ်ဟမ်၊ စပါးအသင်းများနဲ့ ကစားခဲ့သည့် ပွဲစဉ်များ၌သာ အပိုင်အခွင့်အရေးများကို လွဲချော်ခဲ့ခြင်းမရှိပါက လက်ရှိအချိန်၌ အူဘာမီးယန်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်း၌ ဦးဆောင်နေနိုင်ဖွယ်လည်း ရှိပါတယ်။

 

၆။ လာကာဇက် (အာဆင်နယ်- (၁၀၄) မိနစ်လျှင် တစ်ဂိုးနှုန်း)

လာကာဇက်သည်လည်း ဒီရာသီ အာဆင်နယ်အသင်းအတွက် (၁၂) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၇) ကြိမ်အထိ ပြုလုပ်ပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၅။ ဆွန်ဟောင်မင် (စပါး- (၁၀၃) မိနစ်လျှင် တစ်ဂိုးနှုန်း)

(၁၁) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ပေးထားနိုင်သည့် စပါးအသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်သည် ထိပ်ဆုံးကစားသမားစာရင်း (၅) ယောက်အတွင်း၌ ပါဝင်နိုင်ခဲ့ပါတယ်။

 

၎။ ဟာဇက် (ချဲလ်ဆီး- (၉၉) မိနစ်လျှင် တစ်ဂိုးနှုန်း)

(၂၀၁၂) ခုနှစ်မှ (၂၀၁၈) ခုနှစ်အထိ (၆) နှစ်တာကာလအတွင်း၌ ဟာဇက်အနေနဲ့ ပွဲကစားချိန် (၁၅၃) မိနစ်တိုင်း၌ ပျမ်းမျှ တစ်ဂိုးသွင်းယူခြင်း (သို့မဟုတ်) တစ်ဂိုးဖန်တီးခြင်း ပြုလုပ်ပေးနိုင်ခဲ့ပြီး လက်ရှိ ဘောလုံးရာသီ၌လည်း ချဲလ်ဆီးအသင်းအတွက် (၁၃) ဂိုးသွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု (၁၁) ကြိမ်ပြုလုပ်ပေးထားနိုင်သည့် ဟာဇက်သည် လက်ရှိအချိန်အထိ ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ဦးဆောင်လျက်ရှိပါတယ်။

 

၃။ စတာလင် (မန်စီးတီး- (၉၃) မိနစ်လျှင် တစ်ဂိုးနှုန်း)

အသက် (၂၄) နှစ်အရွယ်ရှိပြီဖြစ်သူ စတာလင်သည် ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်၌ (၁၅) ဂိုးသွင်းကာ (၉) ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

 

၂။ ဆာနေး (မန်စီးတီး- မိနစ် (၉၀) လျှင် တစ်ဂိုးနှုန်း)

ပြီးခဲ့သည့် (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရသည့် ဆာနေးသည် ရာသီအစပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲဆက်တိုက် လွဲချော်ခဲ့ရပေမယ့် လက်ရှိအချိန်၌မူ ပြီးခဲ့သည့် ရာသီကထက် ပိုမိုသာလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပြသထားနိုင်ပါတယ်။

 

၁။ အဂွေရို (မန်စီးတီး- (၇၇) မိနစ်လျှင် တစ်ဂိုးနှုန်း)

လတ်တလော ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သည့် အဂွေရိုသည်လည်း ကစားခွင့်ရရှိသင့်သည့် ပွဲကစားချိန်ရဲ့ (၆၉) ရာခိုင်နှုန်းသာ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် တစ်ပွဲလျှင် သွင်းဂိုးတစ်ဂိုးနှုန်း (သို့မဟုတ်) တစ်ပွဲလျှင် ဂိုးဖန်တီးမှု (၁) ကြိမ်နှုန်းထက် ပိုမိုများပြားသည့် အခွင့်အရေးများကို ဖန်တီးပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးများဖြစ်ကြသည့် ကန်တိုနာ၊ အွန်နရီ၊ ရွန်းနီ၊ ရှီးယားတို့ကဲ့သို့ သမိုင်းမှတ်တမ်းဝင်မည့် တိုက်စစ်မှူးတစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro