HomeEntertainmentGame of Thrones မှာ Sansa Stark အဖြစ် သရုပ်ဆောင်တဲ့ Sophie Turner ရဲ့ အချစ်ရေးအရှုပ်တော်ပုံ။

Game of Thrones မှာ Sansa Stark အဖြစ် သရုပ်ဆောင်တဲ့ Sophie Turner ရဲ့ အချစ်ရေးအရှုပ်တော်ပုံ။

- Advertisement -

ပြီးခဲ့တဲ့ရက်အချို့က WonderCon နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ X-men: Dark Phoenix သရုပ်ဆောင်တွေဖြစ်ကြတဲ့ Sophie Turner နဲ့ Tye Sheridan တို့ဟာ တစ်ဦးနဲ့တစ်ဦး သဘောကျနေတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Jean Grey နဲ့ Scott Summers အဖြစ် သရုပ်ဆောင်ထားကြတဲ့ X-men စတားတွေဟာ ရုပ်ရှင်ထဲမှာတင်မကပဲ အပြင်မှာပါ ချစ်ကြိုက်နေတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုအကြောင်းကို Sophie ရဲ့ ခင်ပွန်းလောင်းဖြစ်သူ Joe Jonas မှလည်း သိနေခဲ့တယ်ဆိုပြီး အင်တာဗျူးအတွင်း ကြေငြာခဲ့ပါတယ်။

- Advertisement -

တဖြည်းဖြည်းနဲ့ အင်တာဗျူးပြီးဆုံးခါနီးအချိန်မှာတော့ Sophie မှ သူမနဲ့ Tye တို့ဟာ အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေသာဖြစ်ကြပြီး အခုနပြောဆိုခဲ့တာတွေအားလုံးဟာ  နောက်ပြောင်ကျီစယ်ခြင်းသာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

- Advertisement -

Sophie နဲ့ Tye တို့ဟာ X-Men: Dark Phoenix အတွက် WonderCon နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ပရိသတ်ကို ကျီစယ်လိုသောအားဖြင့်သာမက X-Men: Dark Phoenix ကို ပရိသတ်တွေ စိတ်ဝင်စားမှု ပိုမိုရရှိအောင် ပြုလုပ်ချင်တဲ့အတွက်ပဲဖြစ်ပါတယ်။

- Advertisement -

 

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read