အစ္စရေးရှိ သုတေသန ပြုလုပ်သူတွေဟာ အစ္စရေးနိုင်ငံ ပင်လယ်သေကိုဖြတ်သန်းစီးဆင်းနေတဲ့ Malham လိုဏ်ဂူထဲမှာ အရှည် ၁၀ ကီလိုမီတာ (၆.၂ မိုင်) ရှည်လျားတဲ့ ဆားလိုဏ်ဂူကြီးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အခုလို ဆားလိုဏ်ဂူကြီးဖြစ်လာရတဲ့အကြောင်းရင်းမှာ မိုးရေတွေဟာ လိုဏ်ဂူမျက်နှာပြင်ကို ဖြတ်သန်း စီးဆင်းလာပြီး ဆားတွေနဲ့ပျော်ဝင်ကာ ကျောက်ဆောင်လေးတွေလို ဖြစ်ပေါ်လာပြီး လိုဏ်ဂူရဲ့ မျက်နှာပြင်ကနေ တွဲလောင်းကျလျက် တည်ရှိနေပါတယ်။
Malham လိုဏ်ဂူရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆားလိုဏ်ဂူကြီးဟာ ဆိုဒန်တောင်ကို ဖြတ်ပြီး တည်ရှိနေပါတယ်။ Israel Cave Explorers Club မှ Yoav Negev ဆိုသူမှာ လိုဏ်ဂူနဲ့ပက်သက်ပြီး တတ်သိကျွမ်းကျင်သူများကို စုစည်း၍ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စာရင်းပြုစုမှုနဲ့ သတင်းအချက်အလက် ရှာဖွေစုဆောင်းမှုတွေကို စတင်လုပ်ဆောင်လာခဲ့ပါတယ်။
လိုဏ်ဂူထဲမှာ သတင်းအချက်အလက်စုဆောင်းနေတုန်းအတောအတွင်း ဂျေရုစလင်ရှိ ဟီဘရူးတက္ကသိုလ်မှ Boaz Langford မှာ သူတို့ သုံးဆောင်နေရတဲ့ ညစာဟာ အရသာကင်းမဲ့နေတာကို သတိထားမိပြီး လိုဏ်ဂူထဲရှိ တွဲလောင်းကျနေတဲ့ ဆားတွေကို အသုံးပြုဖို့ အကြံပြုခဲ့ပါတယ်။
ကမ္ဘာ့အရှည်ဆုံးအဖြစ် အရင်က သတ်မှတ်ထားတဲ့ အီရန်ရှိ The Three Nudes ဆားဂူမှာ ၆.၈၅ ကီလိုမီတာ အရှည်ရှိပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
<Unicode Version>
ကမာၻ႕အရွည္ဆုံး ဆားလိုဏ္ဂူကို ရွာေဖြေတြ႕ရွိ။
အစၥေရးရွိ သုေတသန ျပဳလုပ္သူေတြဟာ အစၥေရးႏိုင္ငံ ပင္လယ္ေသကိုျဖတ္သန္းစီးဆင္းေနတ့ဲ Malham လိုဏ္ဂူထဲမွာ အရွည္ ၁၀ ကီလိုမီတာ (၆.၂ မိုင္) ရွည္လ်ားတ့ဲ ဆားလိုဏ္ဂူႀကီးကို ရွာေဖြေတြ႕ရွိခ့ဲၾကပါတယ္။
အခုလို ဆားလိုဏ္ဂူႀကီးျဖစ္လာရတ့ဲအေၾကာင္းရင္းမွာ မိုးေရေတြဟာ လိုဏ္ဂူမ်က္ႏွာျပင္ကို ျဖတ္သန္း စီးဆင္းလာၿပီး ဆားေတြနဲ႕ေပ်ာ္ဝင္ကာ ေက်ာက္ေဆာင္ေလးေတြလို ျဖစ္ေပၚလာၿပီး လိုဏ္ဂူရဲ႕ မ်က္ႏွာျပင္ကေန တြဲေလာင္းက်လ်က္ တည္ရွိေနပါတယ္။
Malham လိုဏ္ဂူရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တ့ဲ ဆားလိုဏ္ဂူႀကီးဟာ ဆိုဒန္ေတာင္ကို ျဖတ္ၿပီး တည္ရွိေနပါတယ္။ Israel Cave Explorers Club မွ Yoav Negev ဆိုသူမွာ လိုဏ္ဂူနဲ႕ပက္သက္ၿပီး တတ္သိကၽြမ္းက်င္သူမ်ားကို စုစည္း၍ လြန္ခ့ဲတ့ဲ ၂ ႏွစ္ကတည္းက စာရင္းျပဳစုမႈနဲ႕ သတင္းအခ်က္အလက္ ရွာေဖြစုေဆာင္းမႈေတြကို စတင္လုပ္ေဆာင္လာခ့ဲပါတယ္။
လိုဏ္ဂူထဲမွာ သတင္းအခ်က္အလက္စုေဆာင္းေနတုန္းအေတာအတြင္း ေဂ်ရုစလင္ရွိ ဟီဘရူးတကၠသိုလ္မွ Boaz Langford မွာ သူတို႕ သုံးေဆာင္ေနရတ့ဲ ညစာဟာ အရသာကင္းမ့ဲေနတာကို သတိထားမိၿပီး လိုဏ္ဂူထဲရွိ တြဲေလာင္းက်ေနတ့ဲ ဆားေတြကို အသုံးျပဳဖို႕ အႀကံျပဳခ့ဲပါတယ္။
ကမာၻ႕အရွည္ဆုံးအျဖစ္ အရင္က သတ္မွတ္ထားတ့ဲ အီရန္ရွိ The Three Nudes ဆားဂူမွာ ၆.၈၅ ကီလိုမီတာ အရွည္ရွိၿပီး ၂၀၀၆ ခုႏွစ္မွစတင္ကာ စံခ်ိန္တင္ခ့ဲတာျဖစ္ပါတယ္။
#ST(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share