Breaking News

သင်္ဘောကုန်းပတ်သန့်ရှင်းရေးအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ Kate Middleton

Kate Middleton ဟာ တော်ဝင်မိသားစုဝင် မဖြစ်ခင်တုန်းက အလွန်တရာမှ နိမ့်ကျတဲ့ သင်္ဘောကုန်းပတ် သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်ခဲ့ဖူးပါတယ်။

Kate ဟာ ကောလိပ်ကျောင်းတက်ဖို့ရည်ရွယ်ချက်နဲ့ အဆိုပါအလုပ်ကို တစ်ရက်လျှင် ၇၅ ဒေါ်လာနှုန်းဖြင့် လေးလကြာ လုပ်ကိုင်ခဲ့ပါတယ်။

Kate ဟာ Cambridge မြို့ရဲ့ မြို့စားကတော်မဖြစ်ခင်တုန်းက သူမ ဆယ်ကျော်သက်အရွယ်ဘဝမှာ အလွန်ခက်ခဲကြမ်းတမ်းတဲ့ အလုပ်အကိုင်တွေကို တစ်ပြားတစ်ချပ်မှမရဘဲနဲ့ လုပ်ကိုင်ခဲ့ရဖူးပါတယ်။ သူမ ကောလိပ်စမတက်ခင် နွေးဦးကာလမှာ မင်းသား William နဲ့ စတင်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ ခမ်းနားထည်ဝါပြီး ထူးခြားဆန်းပြားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံချိန်မှာလည်း Kate အနေနဲ့ သင်္ဘောကုန်းပတ် သန်းရှင်းရေးအလုပ်ကို လုပ်ကိုင်လျက်ရှိနေပါတယ်။ ထိုအချိန်က Kate အနေနဲ့ တစ်ရက်ကို ၁၁ နာရီကြာ အလုပ်လုပ်ခဲ့သော်လည်း သူမရရှိတဲ့ ဝင်ငွေဟာ အလွန်တရာမှ နည်းပါးခဲ့ပါတယ်။ မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ တစ်နေ့လုံး ပင်ပင်ပန်းပန်း မနားတမ်း လုပ်ကိုင်တာတောင် တစ်ရက်ကို ၇၅ ဒေါ်လာသာ ရရှိခဲ့ပါတယ်။

<Unicode Version>

 





<Zawgyi Version>

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro