Breaking News
Mandatory Credit: Photo by Vianney Le Caer/Invision/AP/REX/Shutterstock (9421227ar) Angelina Jolie poses for photographers upon arrival at the BAFTA Film Awards, in London Britain BAFTA Awards 2018 Arrivals - 18 Feb 2018

Marvel ရဲ့ “ The Eternals ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာတဲ့ Angelina Jolie

Jolie တစ်ယောက်အနေနဲ့ Marvel ရုပ်ရှင်လောကထဲသို့ ဝင်ရောက်မယ့်အခြေအနေမျိုးမှာ ရှိနေပါတယ်။

EW သတင်းဌာနသို့ပြောပြချက်အရ Maleficient မင်းသမီးကြီး Jolie တစ်ယောက်ဟာ Marvel Studio မှာ မကြာခင်ရိုက်ကူးထုတ်လုပ်မယ့် “ The Eternals ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ်ဆိုပြီး သိရှိရပါတယ်။

Marvel ရဲ့ ဓလေ့ထုံးတမ်းအရဆိုရင် The Celestials လို့ခေါ်တဲ့ဇာတ်ကောင်ဟာ ထာဝရတည်မြဲနေတဲ့ အစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး The Celestial ဆိုတာ ဘယ်သူလဲ ? ? ?

Guardians of the Galaxy ထဲမှာ ပါဝင်တဲ့ မိုင်းတွင်းထဲက အကောင်ကြီးကြီးဆိုတာ The Celestial ပဲဖြစ်ပါတယ်။

The Eternals တွေဆိုတာ ကမ္ဘာကြီးကို ကယ်တင်စောင့်ရှောက်ရသူများဖြစ်ပြီး The Celestial ရဲ့ ဖန်တီးထားတဲ့ Deviant လို့ခေါ်တဲ့ သက်ရှိတွေနဲ့ တိုက်ခိုက်ရာကနေ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။

Jolie ရဲ့ ပါဝင်သရုပ်ဆောင်မယ့်အခန်းနဲ့ပက်သက်ပြီးတော့ Marvel Studio မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်းမျိုး မရှိသေးပါဘူး။ Jolie အနေနဲ့ အခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေကတော့ မင်းသမီးကြီး Frances Mcdorman ပါဝင်သရုပ်ဆောင်ထားတဲ့ Nomadland ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။

 

 

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro