Breaking News
ထင်မှတ်ထားသလောက် လူသားများအပေါ် အန္တရာယ်မပေးနိုင်သည့် တိရစ္ဆာန်များ။
၁။ ငါးမန်း
Hollywood ဇာတ်ကားများထဲ၌ ပါဝင်သည့် ငါးမန်းများ အထူးသဖြင့် လူသားများအပေါ် အဓိက တိုက်ခိုက်မှုအများဆုံး ငါးမန်းများသည်ပင်လျှင် လူသားစားရန် အသည်းအသန် ရှာဖွေလေ့မရှိကြောင်း သိရှိရပြီး အချို့သော ငါးမန်းအမျိုးအစားများဖြစ်သည့် Whale Shark နဲ့ Basking Shark များဆိုလျှင် လူသားများအပေါ် မည်သည့် အန္တရာယ်မျှ မပေးနိုင်ကြောင်း သိရှိရပါတယ်။ အဆိုပါ ငါးမန်းများအနေဖြင့် အစာကြေရန်ခက်ခဲပြီး လူသားများထက် ငါးများ၊ ပင်လယ်ဖျံများကိုသာ အဓိက ဦးစားပေးရှာဖွေ စားသောက်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လူ (၆) ဦးသည် ငါးမန်းများရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရလေ့ရှိကြောင်း သိရှိရပါတယ်။
၂။ ဝက်ဝံ
ခြင်္သေ့၊ ကျား နဲ့ ဝက်ဝံများသည် လူကို သေစေနိုင်သည်အထိ တိုက်ခိုက်တတ်သည့် ထိပ်တန်း တိရစ္ဆာန်အမျိုးအစား (၃) ကောင်အဖြစ် သတ်မှတ်ထားကြပေမယ့် အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့၌ အဆိုပါဝက်ဝံများရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရသည့် လူအရေအတွက်သည် တစ်နှစ်လျှင် လူ (၁) ယောက်မှ (၃) ယောက်အထိသာ ရှိကြောင်း သိရှိရပါတယ်။
၃။ ပင့်ကူ
ပင့်ကူနက်များမှာမူ သေစေနိုင်သည့်အဆိပ်များရှိသော်လည်း အခြားသော ပင့်ကူအမျိုးအစားအများစုများသည် တစ်ခါတရံတွင် လူကို မကိုက်နိုင်သည့်အပြင် အသက်အန္တရာယ်လည်း မရှိစေနိုင်ကြောင်း သိရှိရပါတယ်။ အမေရိကန်နိုင်ငံ၌ တစ်နှစ်လျှင် ပျမ်းမျှ လူ (၇) ယောက်ခန့်သာ ပင့်ကူအကိုက်ခံရပြီး အဆိုပါ ပမာဏမှာ ပုရွက်ဆိတ်နဲ့ ပျားများရဲ့ အန္တရာယ်ပြုခံရခြင်းထက် ပိုမိုနည်းပါးသည့် ပမာဏလည်း ဖြစ်ပါတယ်။
၄။ Stingray
ပြီးခဲ့သည့် (၂၀၀၆) ခုနှစ်က မိကျောင်းအမဲလိုက်မုဆိုး Steve Irwin သည် မြန်မာအခေါ် ငါးလက်ထုံဖြစ်သည့် Stingray ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီးနောက် အဆိုပါ Stingray ရဲ့ အန္တရာယ်ကို အထူးသတိထားလာခဲ့ကြပါတယ်။ သို့ရာတွင်မူ Stingray များသည် ထင်ထားသလောက် လူသားများအပေါ် အန္တရာယ်ပေးလေ့မရှိဘဲ သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသည့် အချိန်မှသာ ပြန်လည် တိုက်ခိုက်တတ်သည့် အမျိုးအစားများဖြစ်ကြပြီး အဆိုပါ Stingray ကြောင့် လူသေဆုံးမှုနှုန်းက တစ်နှစ်လျှင် ပျမ်းမျှ (၁) ယောက်မှ (၂) ယောက်အထိသာ ရှိပါတယ်။
၅။ Vampire bats
နာမည်ကျော်ဇာတ်လမ်းတွဲများအတွင်း၌ အဆိုပါ သတ္တဝါများသည် လူသားများရဲ့ အသက် အန္တရာယ်ကို အထူးခြိမ်းခြောက်နိုင်သည့်ပုံစံရှိသော်လည်း လက်တွေ့တွင်မူ အဆိုပါ Vampire bats များသည် လူသားများရဲ့သွေးထက် နွားနဲ့မြင်းများရဲ့ သွေးကိုသာ ပိုမို လိုအပ်ကြပါတယ်။ သို့ရာတွင်မူ Vampire bats များအနေနဲ့ လုံးဝ အန္တရာယ်မပေးနိုင်ခြင်းမျိုးမဟုတ်ဘဲ အဆိုပါ တိရစ္ဆာန်ရဲ့ ကိုက်ခြင်းကိုခံရပါက ခွေးရူးပြန်ရောဂါကဲ့သို့သော ရောဂါမျိုးကိုပါ ကူးစက်စေနိုင်ပါတယ်။
၆။ Vultures
လင်းတငှက်များသည် သူတို့ရဲ့ ချွန်ထက်သည့် နှုတ်သီးနဲ့ ကြီးမားသည့် တောင်ပံများကြောင့် လူသားများအပေါ် အန္တရာယ်ပေးနိုင်မည်ဟု ထင်မှတ်ခဲ့ကြပေမယ့် အဆိုပါ တိရစ္ဆာန်အမျိုးအစားများသည် မိမိအစာအတွက် သေခါနီးတိရစ္ဆာန် သို့မဟုတ် သေပြီးသားတိရစ္ဆာန်များကိုသာ စားသုံးလေ့ရှိသည့် တိရစ္ဆာန်တစ်မျိုးလည်း ဖြစ်ပါတယ်။
၇။ Pit Bulls
နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံသား ဦးရေ (၂၀) မှ (၃၀) ခန်ှ့ဟာ ခွေးများရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးနေရပြီး Pit Bulls ခွေးအမျိုးအစားများမှာမူ လူသားများအပေါ်၌ ထိုကဲ့သို့ အန္တရာယ်မပေးနိုင်ကြောင်း သိရှိရပါတယ်။ အချက်အလက်မှတ်တမ်းများအရ Pit Bulls သည်အခြားသော ခွေးအမျိုးအစားများနဲ့ မတူကွဲပြားခြားနားပြီး လူသားများအပေါ်၌ တော်ရုံတန်ရုံ တိုက်ခိုက်လေ့မရှိကြောင်း သိရှိရပါတယ်။
၈။ Milk Snakes
မြွေအမျိုးအစားအများစုသည် လူသားများအပေါ် အသက်အန္တရာယ်ပေးလေ့ရှိပြီး မြွေကိုက်မှုကြောင့် တစ်နှစ်လျှင် လူ (၁) သောင်းခန့် အသက်ဆုံးရှုံးနေရပေမယ့် Milk Snakes များမှာမူ လူသားများအပေါ် အသက်အန္တရာယ်မပေးနိုင်ကြောင်း သိရှိရပါတယ်။ မြောက်အမေရိက မြွေအမျိုးအစားများနဲ့ တူညီသည့် အဆိုပါ မြွေရဲ့ အရောင်နဲ့အကွက်များသည် ရန်သူများရဲ့ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက်သာ ဖြစ်ပါတယ်။
၉။ Mountain Lions
တောင်ခြင်္သေ့အဖြစ်ရော အမေရိကခြင်္သေ့အဖြစ်ပါ ခေါ်ဆိုကြသည့် အဆိုပါ ခြင်္သေ့အမျိုးအစားများသည် မြောက်အမေရိကတိုက်၌ အများဆုံးကျင်လည်ကျက်စားလေ့ရှိကြပါတယ်။ ပြီးခဲ့သည့် (၁၉၈၀) ပြည့်နှစ်ကာလများမှစ၍ လက်ရှိအချိန်အထိ အဆိုပါ ခြင်္သေ့များရဲ့ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုက (၂၅) ယောက်သာရှိသေးပြီး ငါးနှစ်လျှင် ပျမ်းမျှ လူ (၁) ယောက်နှုန်းသာ သေဆုံးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လူသားများအား တိုက်ခိုက်ခြင်းထက် သမင်ကဲ့သို့ အခြားသော တောတွင်းတိရစ္ဆာန်များကိုသာ ဖမ်းယူစားသောက်တတ်သည့် အဆိုပါ ခြင်္သေ့များသည်လည်း လူသားများအား ထင်သလောက် အန္တရာယ်မပြုတတ်သည့် တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။
<Unicode Version>
၁။ ငါးမန်း
၂။ ဝက်ဝံ
၃။ ပင့်ကူ
၎။ Stingray
၅။ Vampire bats
၆။ Vultures
၇။ Pit Bulls
၈။ Milk Snakes
၉။ Mountain Lions
<Zawgyi Version>
#SoshweAnimals
#SoshweForYourDailyLife
#Like&Share
About admin
Check Also
ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။
လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro