Breaking News
သင်မသိသေးသည့် ပင်ဂွင်းငှက်များအကြောင်း။
၁။ ပင်ဂွင်းငှက် အမျိုးအစားဘယ်နှစ်မျိုးရှိကြောင်းကို သိပ္ပံပညာရှင်များပင် မသိရှိနိုင်သေးခြင်း။
ပုံမှန်အားဖြင့် ပင်ဂွင်းငှက် အမျိုးအစား (၁၇) မျိုးမှ အမျိုးပေါင်း (၂၀) အထိ ရှိိသည်ဟု ဆိုထားကြသော်လည်း လက်ရှိအချိန်အထိ ငြင်းခုန်မှုများ ရှိနေဆဲလည်း ဖြစ်ပါတယ်။
၂။ တစ်နာရီလျှင် (၁၀) မိုင်နှုန်းဖြင့် ရေကူးနိုင်ခြင်း။
အလျင်မြန်ဆုံး ပင်ဂွင်းငှက်သည် တစ်နာရီလျှင် မိုင် (၂၀) နှုန်းဖြင့် ကူးခတ်နိုင်ပေမယ့် များသောအားဖြင့် ပင်ဂွင်းငှက်များသည် တစ်နာရီလျှင် (၄) မိုင်နှုန်းမှ (၇) မိုင်နှုန်းအထိ ကူးခတ်နိုင်ကြပါတယ်။
၃။ အမြင့်ပေ (၈၀၀) ခန့်မှ ဒိုင်ဗင်ထိုးနိုင်ခြင်း။
Australia Antarctic Division ရဲ့ အဆိုအရ အနက်ရှိုင်းဆုံး ဒိုင်ဗင်ထိုးနိုင်သည့် ပင်ဂွင်းငှက်သည် ပေပေါင်း (၁,၈၅၀) ပေ အထိ ရောက်ရှိအောင် ဒိုင်ဗင်ထိုးနိုင်ပြီး အဆိုပါ အနေအထားအတွက် လုံလောက်သည့် အဆုတ်အားကောင်းမှုရှိရန် လိုအပ်သလို အချိန်အကြာဆုံးသော ဒိုင်ဗင်မှာမူ (၂၂) မိနစ်အထိ ကြာမြင့်ကြောင်း သိရှိရပါတယ်။
၄။ ခန္ဓာကိုယ်အရောင်ရဲ့ အသုံးတည့်မှု။
ရေထဲ၌ သွားလာလှုပ်ရှားနေစဉ်အချိန်၌ ရေမျက်နှာပြင်အပေါ်တွင် ပင်ဂွင်းငှက်ရဲ့ ခန္ဓာကိုယ်အနောက်ပိုင်း အမဲရောင်ကိုသာ မြင်တွေ့ရပြီး အခြားသော အန္တရာယ်များမှ အကာအကွယ်ပေးနိုင်သလို ခန္ဓာကိုယ် အရှေ့ပိုင်းအဖြူရောင်ကလည်း ငါး၊ ကင်းမွန်၊ ဂဏန်း နဲ့ အခြားသော ပုစွန်ဆိတ်ငယ်များအား ဖမ်းဆီးစားသောက်နိုင်ရန် အကူအညီပေးပါတယ်။
၅။ ပင်လယ်ရေများကို သောက်သုံးနိုင်ခြင်း။
ပင်ဂွင်းငှက်များအနေနဲ့ ရေဆာပါက ပင်လယ်ရေများကို သောက်သုံးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုလမ်းကြောင်းတွင်းသိို့ ဆားဝင်ရောက်မှုမရှိနိုင်အောင် မျက်လုံးရှိ Supraorbital Gland မှ ကူညီဖယ်ထုတ်ပေးပါတယ်။ ပိုလျှံသော ဆိုဒီယမ်ဓာတ်များကို နှုတ်သီးမှတစ်ဆင့် ဖယ်ရှားနိုင်သလို နှာချေခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါတယ်။
၆။ မျိုးသုဉ်းပျောက်ကွယ်ခဲ့သည့် ပင်ဂွင်းငှက်အမျိုးအစားများရဲ့ အရပ်က ငါးပေအထက်ရှိခြင်း။
လွန်ခဲ့သည့် နှစ်သန်းပေါင်း (၆၀) ကျော်က ပင်ဂွင်းငှက်များသည် ယနေ့ခေတ် အရွယ်ရောက်ပြီးသား လူတစ်ယောက်ထက်ပင် အရပ်အမောင်း ပိုမိုမြင့်မားပြီး (၅) ပေ နဲ့ (၁၀) လက်မအထိ ရှိခဲ့သလို ကိုယ်အလေးချိန်အားဖြင့်လည်း ပေါင် (၂၂၀) အထိရှိခဲ့ကြောင်းသိရှိရပါတယ်။ အခြားသော ပင်ဂွင်းငှက်များမှာမူ (၄) ပေ ပြည့်ရုံသာသာလောက်သာရှိခဲ့ပါတယ်။
၇။ ပင်ဂွင်းငှက်များထံ၌ သွားမရှိခြင်း။
ပါးစပ်အတွင်းရှိ သန်မာသည့် အရိုးများက ငါးဖမ်းခြင်းကို ကူညီပေးပါတယ်။
၈။ တစ်နှစ်လျှင် တစ်ကြိမ် အရေခွံလဲလှယ်ခြင်း။
ပင်ဂွင်းငှက်များရဲ့ အရေခွံလဲလှယ်ချိန်သည် အများအားဖြင့် နှစ်ပတ်မှ သုံးပတ်အထိ ကြာမြင့်တတ်ပြီး အရေးပါသည့် အရေပြားများ ပြန်လည် မရရှိခင်အချိန်အထိ ရေကူးခြင်း၊ ငါးဖမ်းခြင်းများ ပြုလုပ်နိုင်ခြင်းမရှိပေ။
၉။ တစ်ကောင်နဲ့ တစ်ကောင်ဘယ်နေရာ၌ရှိနေလဲဆိုခြင်းကို သိရှိနိုင်သည့် ပင်ဂွင်းငှက်စုံတွဲများ။
ပင်ဂွင်းငှက်စုံတွဲများသည် တစ်ကောင်ရဲ့ အသံကို ကျန်တစ်ကောင်မှ ကြားရုံဖြင့် အဆိုပါပင်ဂွင်းငှက်သည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သိရှိနိုင်ပါတယ်။
၁၀။ ပင်ဂွင်းငှက်အထီးများကိုယ်တိုင် ဥများဝပ်ပေးခြင်း။
ပင်ဂွင်းငှက်အထီးများသည် ဥများကို နွေးထွေးသည့်ခန္ဓာကိုယ်အရေပြားအောက်၌ လပေါင်းများစွာ ဥပေးထားကြပြီး အဆိုပါဥမှ အကောင်မပေါက်ခင်အထိ အစာစားရန်အတွက်ပင် ထွက်ခွာသွားခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။
၁၁။ ဝဖြိုးပြီးအရပ်ပုသည့် ပင်ဂွင်းငှက်များသည် အဖော်မွန်ကောင်းများဖြစ်နိုင်ခြင်း။
ပင်ဂွင်းငှက်အမများသည် ဝဖြိုးပြီး အရပ်ပုသည့် ပင်ဂွင်းငှက်အထီးများကို ရှာဖွေလေ့ရှိကြပါတယ်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ငှက်များသည် အစာမစားဘဲ ရက်သတ္တပတ်ပေါင်းများစွာ နေထိုင်နိုင်ကြခြင်းကြောင့် ဖြစ်ပါတယ်။
၁၂။ အစုအဝေးဖြင့်နေထိုင်တတ်ခြင်း။
ပင်ဂွင်းငှက်များရဲ့ အကြီးမားဆုံး အစုအဝေးကို Rookeries သို့မဟုတ် Waddles ဟု ခေါ်ဆိုလေ့ရှိပြီး ရာနဲ့ချီသော ပင်ဂွင်းငှက်များ သို့မဟုတ် ထောင်နဲ့ချီသော ပင်ဂွင်းငှက်များပါဝင်ပါတယ်။
၁၃။ Raft ပင်ဂွင်းအမျိုးအစားများ။
အဆိုပါ ပင်ဂွင်းငှက် အမျိုးအစားများသည် သူတို့ဘဝသက်တမ်းရဲ့ (၈၀) ရာခိုင်နှုန်းနဲ့အထက်ကို ပင်လယ်ထဲ၌သာ အချိန်ကုန်ဆုံးတတ်ကြပါတယ်။
၁၄။ ရေငုပ်နိုင်သည့် ငှက်အမျိုးအစားများဖြစ်ခြင်း။
ငှက်အများစုထံ၌ ပျံသန်းရန် အတောင်ပံများပါဝင်လေ့ရှိပေမယ့် ပင်ဂွင်းငှက်များထံ၌မူ ရေထဲသို့ အလွယ်တကူဒိုင်ဗင်ထိုးနိုင်ရန် ထူထပ်သည့် အရိုးများဖြင့် ဖွဲ့စည်းထားကြောင်း BBC Wildlife Magazine က ဖော်ပြခဲ့ပါတယ်။
၁၅။ လူယဉ်သည့် ပင်ဂွင်းငှက်များ။
ပင်ဂွင်းငှက်များရဲ့ အဓိက ရန်သူမှာ ပင်လယ်ဖျံများ၊ ဝေလငါးများနဲ့ ငါးမန်းများဖြစ်ကြပြီး ပင်ဂွင်းငှက်များအနေနဲ့ ကုန်းပေါ်မှ လေ့လာဆန်းစစ်သူများ၊ ကမ္ဘာလှည့်ခရီးသည်များနဲ့ပင် ပိုမိုခင်မင်ရင်းနှီးနေတတ်သည်ကို တွေ့ရှိရပါတယ်။
<Unicode Version>
ပုံမှန်အားဖြင့် ပင်ဂွင်းငှက် အမျိုးအစား (၁၇) မျိုးမှ အမျိုးပေါင်း (၂၀) အထိ ရှိသည်ဟု ဆိုထားကြသော်လည်း လက်ရှိအချိန်အထိ ငြင်းခုန်မှုများ ရှိနေဆဲလည်း ဖြစ်ပါတယ်။
<Zawgyi Version>
#SoshweAnimals
#SoshweForYourDailyLife
#Like&Share
About admin
Check Also
ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။
လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro