HomeLifeStyleတစ်နှစ်အတွင်း ဟမ်ဘာဂါ (၃၆၅) လုံး စားပြီး ဝိတ်ချဖို့ ကြိုးစားခဲ့သည့် အမျိုးသား။

တစ်နှစ်အတွင်း ဟမ်ဘာဂါ (၃၆၅) လုံး စားပြီး ဝိတ်ချဖို့ ကြိုးစားခဲ့သည့် အမျိုးသား။

- Advertisement -

Lawrence Longo ဟုအမည်ရသည့် အမျိုးသားသည် (၂၀၁၈) ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အိပ်ရာမှနိုးလာပြီးနောက် လက်ကျန် (၃၆၄) ရက်ကို ဟမ်ဘာဂါတစ်ရက်တစ်လုံးပဲ စားပြီး ဝိတ််ချရန် ပြင်ဆင်ခဲ့ပေမယ့် အဆိုပါ အစီအစဉ်ကို Longo ရဲ့ ဇနီးဖြစ်လည်း နာမည်ကျော်ထရိန်နာတစ်ဦးလည်းဖြစ်သူ Astrid Swan က ကန့်ကွက်ခဲ့ပါတယ်။

Swan က “ရှင်တို့သိတဲ့အတိုင်းပဲလေ။ လူတွေက ဇန်နဝါရီလ (၁) ရက်နေ့မှာ နိုးလာပြီးရင် ငါတော့ (၅) ပေါင်ကျရမယ်ဆိုပြီး ပြောနေကျပဲ။ ကျွန်မယောကျာ်းကို ကြည့်လိုက်တော့ သူက တော်တော်ကြီးကို Serious ဖြစ်နေတာပါ။” ဟုရယ်မောလျက်ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

အသက် (၃၉) နှစ်အရွယ်ရှိပြီဖြစ်သူ Longo သည် သူပြောသည့် အကြံအစည်အတိုင်း တစ်ရက်လျှင် ဟမ်ဘာဂါတစ်ရက်တစ်လုံးသာ စားပြီး ဝိတ်ချရန် ကြိုးစားခဲ့ပေမယ့် ဆိုးရွားသည့် အကျိုးဆက်များကိုသာ ခံစားခဲ့ရပြီး မူလက (၂၀၅) ပေါင်သာရှိသည့် သူ့ရဲ့ ခန္ဓာကိုယ်က (၂၀၁၈) ခုနှစ်ကုန်ဆုံးချိန်မှာ (၂၃၅) ပေါင်အထိ တက်လာခဲ့ပါတယ်။ ထိုစဉ်က အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်သူ Swan က ယခုအချိန်၌ အသက် (၇) နှစ်အရွယ်ရှိပြီဖြစ်သူ Larrin ဆိုသည့် သမီးလေးကို ကိုယ်ဝန်ဆောင်ထားသည့် အချိန်ဖြစ်ပြီး Swan အနေနဲ့လည်း သူမရဲ့ ချဉ်ခြင်းတက်ခြင်းဝေဒနာကိုပင် Longo ရဲ့ အစားအသောက်ပုံစံနဲ့ ကိုက်ညီစေရန် ကြိုးစားခဲ့ရပါတယ်။

- Advertisement -

သို့ရာတွင် (၂၀၁၉) ခုနှစ် ဇန်နဝါရီလတွင်မူ Longo သည် သူ့ရဲ့ နေထိုင်စားသောက်မှု ပုံစံကို Swan ရဲ့ စောင့်ကြည့်မှုအောက်၌ (၅၆) ရက်ကြာ Challenge အဖြစ်ပြောင်းလဲပြင်ဆင်ခဲ့သည့်အပြင် အဆိုပါ စုံတွဲသည် တစ်ပတ်လျှင်လေးကြိမ် အတူတကွလေ့ကျင့်ခန်းများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး Longo သည်လည်း ဟော်ကီကစားနည်းကို ပုံမှန်သွားရောက်ကစားခဲ့ပါတယ်။

- Advertisement -

Swan ကလည်း Long စားသောက်သည့် ဟမ်ဘာဂါကို ပရိုတင်းဓာတ်လုံးဝမပါဝင်ဘဲ ဟင်းသီးဟင်းရွက်အများအပြားဖြင့် ပြင်ဆင်စားသုံးစေခဲ့ပါတယ်။ နောက်ထပ် (၅၆) ရက်အကြာတွင်မူ Longo သည် (၃၅) ပေါင်အထိ ကျဆင်းသွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ အဆီပမာဏသည်လည်း (၂၉.၅) ရာခိုင်နှုန်းမှ (၁၈.၂) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ Longo က “ကျွန်တော်အရမ်းကို အ့ံအားသင့်နေပါတယ်။ အခုဆို ကိုယ့်ကိုကိုယ်အရမ်းပေါ့သွားပြီလို့ ထင်နေပြီး ဟော်ကီကစားချိန်မှာလည်း တော်တော်လေး ခံနိုင်ရည်ရှိနေပြီလို့ ထင်ပါတယ်။ လှေကားတက်တဲ့အချိန်တွေမှာလည်း ကျွန်တော်က မမောမပန်းဘဲ တက်နိုင်ပြီး အိမ်ထဲမှာ လမ်းလျှောက်တော့လည်း ချွေးတွေမထွက်တော့ပါဘူး။ ကျွန်တော်အရင်ကထက် ပိုနေလို့ကောင်းလာပါတယ်။ ကျွန်တော်ဒါကို လုံးဝထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်က အခုရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အချိုးအစားမှာ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အခြား စားလို့ကောင်းမယ့် ဟင်းတွေကိုလည်း စပြီး မြည်းစမ်းသင့်ပြီထင်ပါတယ်။” ဟုဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

တစ္ႏွစ္အတြင္း ဟမ္ဘာဂါ (၃၆၅) လံုး စားၿပီး ဝိတ္ခ်ဖို႔ ႀကိဳးစားခ့ဲသည့္ အမ်ိဳးသား။

Lawrence Longo ဟုအမည္ရသည့္ အမ်ိဳးသားသည္ (၂၀၁၈) ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ အိပ္ရာမွႏိုးလာၿပီးေနာက္ လက္က်န္ (၃၆၄) ရက္ကို ဟမ္ဘာဂါတစ္ရက္တစ္လံုးပဲ စားၿပီး ဝိတ္္ခ်ရန္ ျပင္ဆင္ခ့ဲေပမယ့္ အဆုိပါ အစီအစဥ္ကို Longo ရဲ႕ ဇနီးျဖစ္လည္း နာမည္ေက်ာ္ထရိန္နာတစ္ဦးလည္းျဖစ္သူ Astrid Swan က ကန္႔ကြက္ခ့ဲပါတယ္။

Swan က “ရွင္တို႔သိတ့ဲအတုိင္းပဲေလ။ လူေတြက ဇန္နဝါရီလ (၁) ရက္ေန႔မွာ ႏုိးလာၿပီးရင္ ငါေတာ့ (၅) ေပါင္က်ရမယ္ဆုိၿပီး ေျပာေနက်ပဲ။ ကြ်န္မေယာက်ာ္းကုိ ၾကည့္လိုက္ေတာ့ သူက ေတာ္ေတာ္ႀကီးကို Serious ျဖစ္ေနတာပါ။” ဟုရယ္ေမာလ်က္ေျပာၾကားသြားခ့ဲပါတယ္။

အသက္ (၃၉) ႏွစ္အရြယ္ရွိၿပီျဖစ္သူ Longo သည္ သူေျပာသည့္ အႀကံအစည္အတုိင္း တစ္ရက္လွ်င္ ဟမ္ဘာဂါတစ္ရက္တစ္လံုးသာ စားၿပီး ဝိတ္ခ်ရန္ ႀကိဳးစားခ့ဲေပမယ့္ ဆုိးရြားသည့္ အက်ိဳးဆက္မ်ားကိုသာ ခံစားခ့ဲရၿပီး မူလက (၂၀၅) ေပါင္သာရွိသည့္ သူ႔ရဲ႕ ခႏၶာကိုယ္က (၂၀၁၈) ခုႏွစ္ကုန္ဆံုးခ်ိန္မွာ (၂၃၅) ေပါင္အထိ တက္လာခ့ဲပါတယ္။ ထုိစဥ္က အသက္ (၃၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ Swan က ယခုအခ်ိန္၌ အသက္ (၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ Larrin ဆုိသည့္ သမီးေလးကို ကုိယ္ဝန္ေဆာင္ထားသည့္ အခ်ိန္ျဖစ္ၿပီး Swan အေနနဲ႔လည္း သူမရဲ႕ ခ်ဥ္ျခင္းတက္ျခင္းေဝဒနာကုိပင္ Longo ရဲ႕ အစားအေသာက္ပုံစံနဲ႔ ကိုက္ညီေစရန္ ႀကိဳးစားခ့ဲရပါတယ္။

သို႔ရာတြင္ (၂၀၁၉) ခုႏွစ္ ဇန္နဝါရီလတြင္မူ Longo သည္ သူ႔ရဲ႕ ေနထိုင္စားေသာက္မႈ ပုံစံကို Swan ရဲ႕ ေစာင့္ၾကည့္မႈေအာက္၌ (၅၆) ရက္ၾကာ Challenge အျဖစ္ေျပာင္းလဲျပင္ဆင္ခ့ဲသည့္အျပင္ အဆုိပါ စုံတြဲသည္ တစ္ပတ္လွ်င္ေလးႀကိမ္ အတူတကြေလ့က်င့္ခန္းမ်ား ျပဳလုပ္ရန္  သေဘာတူညီခ့ဲၾကၿပီး Longo သည္လည္း ေဟာ္ကီကစားနည္းကုိ ပုံမွန္သြားေရာက္ကစားခ့ဲပါတယ္။

Swan ကလည္း Long စားေသာက္သည့္ ဟမ္ဘာဂါကုိ ပရိုတင္းဓာတ္လံုးဝမပါဝင္ဘဲ ဟင္းသီးဟင္းရြက္အမ်ားအျပားျဖင့္ ျပင္ဆင္စားသံုးေစခ့ဲပါတယ္။ ေနာက္ထပ္ (၅၆) ရက္အၾကာတြင္မူ Longo သည္ (၃၅) ေပါင္အထိ က်ဆင္းသြားခ့ဲၿပီး ခႏၶာကိုယ္အတြင္းရွိ အဆီပမာဏသည္လည္း (၂၉.၅) ရာခိုင္ႏႈန္းမွ (၁၈.၂) ရာခုိင္ႏႈန္းအထိ က်ဆင္းသြားခ့ဲပါတယ္။ Longo က “ကြ်န္ေတာ္အရမ္းကို အ့ံအားသင့္ေနပါတယ္။ အခုဆုိ ကုိယ့္ကိုကိုယ္အရမ္းေပါ့သြားၿပီလို႔ ထင္ေနၿပီး ေဟာ္ကီကစားခ်ိန္မွာလည္း ေတာ္ေတာ္ေလး ခံႏုိင္ရည္ရွိေနၿပီလို႔ ထင္ပါတယ္။ ေလွကားတက္တ့ဲအခ်ိန္ေတြမွာလည္း ကြ်န္ေတာ္က မေမာမပန္းဘဲ တက္ႏုိင္ၿပီး အိမ္ထဲမွာ လမ္းေလွ်ာက္ေတာ့လည္း ေခြ်းေတြမထြက္ေတာ့ပါဘူး။ ကြ်န္ေတာ္အရင္ကထက္ ပိုေနလို႔ေကာင္းလာပါတယ္။ ကြ်န္ေတာ္ဒါကို လံုးဝထိန္းသိမ္းသြားဖုိ႔ လိုအပ္ပါတယ္။ ကြ်န္ေတာ္က အခုရွိသင့္ရွိထိုက္တ့ဲ ခႏၶာကိုယ္အခ်ိဳးအစားမွာ ရွိေနတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ အေနနဲ႔ အျခား စားလုိ႔ေကာင္းမယ့္ ဟင္းေတြကိုလည္း စၿပီး ျမည္းစမ္းသင့္ၿပီထင္ပါတယ္။” ဟုဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

Must Read